#ဒုတိယဘ၀#

Facebook တဲ့..
လူတွေရဲ့ အိပ်ချိန်တွေကို ခွစီး..
အိပ်ရေးမ၀တဲ့ မနက်ခင်းတွေနဲ့ သူ နိုးထ စေခဲ့တာ

Facebook တဲ့..
ကမ္ဘာကြီးကို ထိုင်ရာကမထ ပတ်ကြည့်ချင်ကြတာနဲ့ပဲ
ဘေးနားက လူတွေအချင်းချင်းတောင် ဝေးကွာ..
ချစ်ခြင်းမေတ္တာတွေကို ခမ်းခြောက်စေခဲ့တာပေါ့..

Facebook တဲ့..
တချို့က သတင်းတွေယူဖို့အတွက်.. သုံး..
၃ပုံ ၂ပုံလောက်က ကောလဟာလ
အားလုံးကိုပုံ ယုံပလိုက်ဖို့
သင်ရော..စိတ်ချပါသလား…???

Facebook တဲ့..
တချို့က ပုံလှလှတွေတင်
Photowonder တွေ, Beauty Plus ကြားမှာ
ခမ်းနားလှပနေလိုက်ကြတာများ…

Facebook တဲ့…
တချို့က စိတ်ဖေါက်ခွဲဖို့နေရာလို သဘောထားကြ..
ဘယ်လိုဘာတွေပဲရေးရေး
ကိုယ့်အိမ် ကိုယ့်အခန်းလောက်တော့..
မပွင့်လင်းနိုင်ကြဘူးမဟုတ်လား…???

Facebook တဲ့..
တချို့စာသားတွေကြောင့် ပျော်..
တချို့စာသားတွေကြောင့် ထိတ်လန့်..
တချို့စာသားတွေကြောင့် ၀မ်းနည်း
တချို့စာသားတွေကြောင့် အံ့သြ..
တချို့စာသားတွေကြောင့် …….

နောက်ဆုံးတော့…
ဘယ်သူတွေ ဘယ်လိုအိပ်ရေးပျက်ပျက်
Zuckerberg လက်ထွက်ကြီးကတော့..
အပြုံးမပျက်ဘူး..
သူကိုယ်တိုင် မျက်နှာဖုံးတွေ တမျိုးပြီးတမျိုး ပြောင်းတပ်ရင်း
ကမ္ဘာကြီးကို ခြုံ ကြည့်..
ဘယ်သူမှ ငါနဲ့မကင်းနိုင်ပါဘူးကွာဆိုတဲ့ အတွေးနဲ့
မိန့်မိန့်ကြီးကို ပြုံးပြနေတော့တာ…

#ကောင်းကင်ပြာ

 

ဒါက ဟိုးတစ်လောတုန်းက Facebook သုံးပြီးလို့ Bill စစ်ပြီးချိန် အဲ့ဒီ အလွန်ချစ်စရာကောင်းသလို အလွန်လဲမုန်းစရာကောင်းလှပါတဲ့ ဖွဘုတ်တော်ကြီးကို မျက်စောင်းလှမ်းထိုးထားတာ…( ကိုယ့်အပြစ်ကိုယ်မမြင်တာကတော့ ထုံးစံပဲ. :k: )။

တကယ် ပြောချင်တာက ဇာတ်ကားကောင်းလေးတစ်ကားအကြောင်းပါ…။ ဒီဇာတ်ကားကို စသိတာက..ဆရာသမားတစ်ယောက်နဲ့ ၀န်ထမ်းတွေရဲ့ အလုပ်ခွင် Stress တွေအကြောင်း၊ Work Done တွေ၊ Positive Working Environment အကြောင်း လေထိုင်ပွားရင်းက စ တာ..။ နောက်တော့ Facebook Company အကြောင်းရောက်သွားရော…။ အဲ.. အဲ့ဒီအကြောင်းရိုက်ထားပါတဲ့ ဒီရုပ်ရှင်ကို အဲ့ဒီက စ သိခဲ့တယ်…။

 

 

1

Facebook ရဲ့ ကနဦးက ဘယ်လိုလဲ?? ဇူကာဘက်ကြီးတစ်ယောက်  Facebook ကနေ ဘယ်လိုဝင်ငွေတွေရှာနေပါလဲ ????

ဟားဗတ်စ်တက္ကသိုလ်က ဇူကာဘက်ဆိုတဲ့ ချာတိတ်ကောင်လေးတစ်ယောက် အသဲကွဲရာက အခု လူငယ်တွေ တစ်နေ့တစ်နေ့သူ့မျက်နှာမှ မမြင်ရရင် မနေနိုင်ပါဘူးလောက်ထိ ဖြစ်သွားစေမယ့် Facebook  ဆိုတဲ့အရာ စ ခဲ့တဲ့ ဇာတ်လမ်းပေါ့…။ ဒီချာတိတ်ကောင်လေး ဘယ်လောက်လက်စောင်းထက်ပြီး ဟားဗတ်စ်ဆာဗာကို ဘယ်လိုဝင်မွှေခဲ့လဲ…။

ဒီဇာတ်ကားကို စသိကတည်းက ဒီ The Social Network ကို ရှာခဲ့ပေမယ့်.. ဒေါင်းလို့ရမယ့်Link မရနိုင်ခဲ့..။ မနေ့ကမှ မွှေရင်း နှောက်ရင်း ဒေါင်းလို့ရခဲ့တယ်…

http://mobilemovies.cc/hollywood-mobile-movies/The-Social-Network/download_52ec82c18dffa3c1458b4af6_1c7792e6c8184316d814e54600eea39b-1.html

 

အမှန်တော့ ဒီလင့်ခ်က အကြည်မဟုတ် စာတမ်းထိုးလဲ မပါဘူး….။

ဒီထက်ကောင်းတဲ့ လင့်ခ်အကြည်လေးများ ရွာသူားတွေတွေ့ခဲ့ရင် ဒီမှာ Sharing လုပ်ပေးပါဦးလို့ အကူအညီတောင်းဗျဇီ…
ဇူကာဘက်ကြီးကို ချစ်ရို့ဘာ.. :mrgreen:

Kaung Kin Pyar

About Kaung Kin Pyar

Kaung Kin Pyar has written 47 post in this Website..