နှစ် နာ ရီ အင် တာ ဗျူး …။

black chawMarch 11, 20164min31516

ပန်းရဲ့လမ်း အဖွဲ့ဝင် တစ်ယောက်ဖြစ်တဲ့  သားထွေး နှင့် အင်တာဗျူး ဖြစ်ပါသည်။

မေးခွန်းများ စီစဉ်ထားခြင်း မရှိပဲ ဝိတိုရိယ ဆေးရုံရှေ့က

ဖီးလ် စားသောက်ဆိုင်မှာ ထိုင်ပြောခဲ့ကြခြင်း ဖြစ်၏။

အမှန်တော့ လွန်ခဲ့တဲ့ ၂၀၀၇ လောက်တုန်းက ကိုသားထွေး နှင့်

သူငယ်ချင်းတစ်ယောက် မိတ်ဆက်ပေးသဖြင့် ခင်မင်ခဲ့ဖူးပါသည်။

အခုအချိန်အထိ မှတ်မိနေသော ကိုသားထွေး အား ကျေးဇူးတင်ရပါ၏။

 

 

ကိုသားထွေး က ကိုမောင်မောင် တို့ ကိုနေဝင်းတို့ ကိုရဲလွင် တို့လက်ပေါ်မှာ

ကြီးပြင်းခဲ့ရသူတဲ့။

အဲ့ဒါကိုက စိတ်ဝင်စားစရာ ကောင်းနေပါသည်။

အလုပ်သဘောထက် ကျွန်တော် သိချင်တာလေးတွေ မေးဖြစ်သဖြင့်

အင်တာဗျူး က နှစ်နာရီ လောက် ကြာခဲ့ပါတယ်။

ဒါကြောင့် နှစ်နာရီ အင်တာဗျူး လို့ ခေါင်းစဉ်တတ်လိုက်ရပါတယ်ဗျာ။

 

မြန်မာဂဇက်  –  ကိုသားထွေးရဲ့

လောလောဆယ် အနုပညာ လှုပ်ရှားမှုလေးတွေ ပြောပြပေးပါ။

 

သားထွေး – လောလောဆယ် ကတော့

ခွေတွေ ဘာတွေတော့ မထုတ်ဖြစ်ဘူးပေါ့။

လောလောဆယ် ပန်းရဲ့လမ်း ကို ပဲ့ကိုင်ပြီးတော့

ပရဟိတပေါ့…၊ သုံး…လေးနှစ်…လေးနှစ်လောက်တော့ ရှိပြီပေါ့။

လုပ်နေပါတယ်။

စစ်ဘေးရှောင်ဒုက္ခသည်တွေ၊

ရေဘေးဒုက္ခသည်…မီးဘေးဒုက္ခသည် ေတွအတွက်

လိုက်ပြီးတော့ သီချင်းဆိုကြတီးကြပြီးတော့ ရန်ပုံငွေရှာ တဲ့

 အဖွဲ့လေးကို ထူထောင်ထားပါတယ်။

 

မြန်မာဂဇက်  –  ကိုသားထွေး ရဲ့ သီချင်းရေးဆရာ ဘဝမှာ

အောင်မြင်ခဲ့တဲ့ သီချင်းလေးတွေ ပြောပြလို့ ရမလား။

 

သားထွေး – သီလ ရဲ့ သိမ်းထားမှာလား၊

အောင်နိုင် ပန်းခင်းထဲမှာ…နှင်း၊

သျှိုင်းအောင် ရဲ့ ချစ်ရတဲ့သူ၊

စိုးလွင်လွင် ရဲ့ ခလုတ်ထိ ဆူးငြိခဲ့ပြီ

ခိုင်ထူး ရဲ့ ရက်စက်တယ် စသည်ဖြင့်ပေါ့။

 

မြန်မာဂဇက်  –  ကိုသားထွေး ထွက်ခဲ့တဲ့ စီးရီးစ်တွေထဲမှာ

ပျိုး စီးရီးစ် က နယ်တွေမှာ အတော်အောင်မြင်ခဲ့တာကို အမှတ်ရမိပါတယ်။

အဲဒီ ပျိုး စီးရီးစ် မှာ ကိုသားထွေး ရဲ့ ဆိုဟန်ဟာ

ခိုင်ထူး ဆိုဟန် ဆိုပေါက် တွေ လွှမ်းမိုးနေခဲ့တယ်လို့

 ပြောရင် ကိုသားထွေး ဘာများပြောချင်ပါသလဲ။

 

သားထွေး  –  ကိုခိုင်ထူး ရဲ့ လွှမ်းမိုးမှု ထက်

ကိုခိုင်ထူး ရဲ့ တေးရေးဆရာတွေရဲ့ လွှမ်းမိုးမှုက

ပိုများတာပေါ့။

ဥပမာ ဒီအုပ်စုမှာ ကိုမောင်မောင် နဲ့ ကိုနေဝင်းပေါ့။

သူတို့နှစ်ယောက်ရဲ့ လွှမ်းမိုးမှုက

 ကျွန်တော့်အပေါ် အပြည့်အဝ ရှိတယ်။

သူတို့လက်ပေါ်မှာ ကြီးခဲ့ရတာကိုး။

ကျွန်တော့်ကို သီချင်းရေးဖို့ ဂစ်တာသင်ပေးတာက ကိုနေဝင်း နဲ့ ကိုရဲလွင်။

သီချင်းရေးဖို့ ဝါသနာ ပါလာတဲ့အခါ ကျတော့ ကိုမောင်မောင်က အနီးကပ်။

ကိုရဲလွင် က အနီးကပ်။

ဒီအုပ်စု နဲ့ ကိုးနှစ်သားလောက်ကတည်းက စတွေ့ခဲ့တာ။

 သီချင်းရေးတတ်တဲ့အချိန် ၁၅ နှစ် ၁၆ နှစ်လောက် အတွင်းမှာပေါ့။

 အမှန်ကတော့ ဒီလူတွေ ရဲ့ လွှမ်းမိုးမှုကို ခံခဲ့ရတာပါ။

 ကိုခိုင်ထူး တို့ ဆိုတာလည်း ဒီ ဖလိုး တွေကိုပဲ ယူဆိုတာဆိုတော့ လေ

 အမှန်တကယ်မှာတော့ ကိုခိုင်ထူး လွှမ်းမိုးမှုထက်

ကိုမောင်မောင် တို့ ကိုနေဝင်းတို့ရဲ့

 လွှမ်းမိုးမှု က ပိုခဲ့တာပါ။

 

မြန်မာဂဇက် – အခု အန်ကယ်လ် ရဲလွင် ဆေးရုံတက်နေတယ်ပေါ့နော်။

အန်ကယ်လ် ရဲ ကဘာရောဂါနဲ့ ဆေးရုံတက်ရတာလဲ။

အခုရော တော်တော် သက်သာနေပြီလား။

 

သားထွေး – အန်ကယ်လ် ရဲ ကတော့ ပုံမှန်ပါပဲ။

သူငယ်ငယ်ကတည်း က တက်တတ်တဲ့ ရောဂါ ရှိတယ်။

 အဲဒါက ပုံမှန် ဆေးမစားရင် တက်တတ်ပါတယ်။

အခုက သူ့ပွဲ ၂၆ ရက်နေ့

သူ့ရဲ့ ဂီတသက်တမ်း နှစ်ငါးဆယ် ပွဲကို

စီစဉ်နေတဲ့အချိန်မှာ

ငါးရက်လောက် ကျွန်တော်လည်း သူ့ကို ဂရုစိုက်ဖို့ ပျက်ကွက်သွားတယ်။

အဲ့ဒီမှာ ငါးရက်လောက် ဆေးမသောက်ဖြစ်တဲ့ အခါကျတော့

ဒီဆေးရုံမှာ တက်နေတဲ့ ကိုနေဝင်းကို

လာကြည့်ရင်း တက်သွားတော့ ဒီမှာပဲ ဆေးရုံတင်ထားလိုက်တာပါ။

အခုတော့ သက်သာပါပြီ။

တစ်ရက် နှစ်ရက်အတွင်းမှာ ဆင်းရမှာပါ။

(အခုအချိန်မှာတော့ ကိုရဲလွင် ဆေးရုံက ဆင်းသွားပါပြီဗျာ)

 

မြန်မာဂဇက် – အန်ကယ်လ် ရဲ ရဲ့

ဂီတသက်တမ်း နှစ်ငါးဆယ်ပြည့်ပွဲလေး အကြောင်းပြောပေးပါဦး။

 

သားထွေး  –  အဲဒါကတော့ ဖရီးရှိုးလေးပါ။

သူကိုယ်တိုင်လည်း သီချင်း ဆိုမယ်။ လေးငါးဆယ်ပုဒ်ပေါ့။

 ပြီးတော့ သူနဲ့အတူ ဖြတ်သန်းခဲ့ကြတဲ့

မဉ္စိမလှိုင်း တို့

ကိုစိုးပိုင် တို့ E Machine ခေတ်ကတည်းက ြဖတ်သန်းခဲ့ကြသူတွေပေါ့။

Phonex စထောင်တော့လည်း

ကိုရဲလွန်း ဆိုတဲ့ နာမည်နဲ့ Bass တီးဖူးတာကြောင့်

ကိုခိုင်ထူး ပါမယ်။ ကိုကိုင်ဇာ ပါမယ်။

တူးတူးရောပေါ့။

တူးတူးကတော့ ကိုရဲလွင် ရေးတဲ့ သီချင်းတွေ ဆိုဖူးတယ်လေ။

ချစ်ပြီးတော့ မုန်းမေ့တတ်တဲ့မင်းကို တို့ ဘာတို့ပေါ့။

တူးတူးပါမယ်။

ညီထွဋ် ကလည်း သူကြိုက်တဲ့ တစ်ပုဒ် နှစ်ပုဒ် ဝင်ဆိုမယ်။

ကိုဂျေကြီးလည်း ပါမယ်။

အားမယ့်လူတွေပေါ့ ကျွန်တော်နဲ့ ဆက်သွယ်လို့ရမယ့်လူဟောင်းတွေ ပါမယ်။

ဒီဘက် ကိုစံလင်း တို့ မဉ္စိမလှိုင်း အုပ်စု

ကိုနိုင်မင်း တို့

ကိုမွန်းအောင်ကလည်း သူရောက်အောင်လာမယ်

လို့ ပြောထားပါတယ်။

 

မြန်မာဂဇက် – ပန်းရဲ့လမ်း အဖွဲ့ စတင်ဖွဲ့စည်းဖြစ်ပုံ နဲ့

အဖွဲ့ရဲ့လုပ်ဆောင်ချက်လေးတွေ ပြောပြပေးပါဦး။

 

သားထွေး –  ပန်းရဲ့လမ်းက စပြီးထောင်တော့

ကိုရဲလွင်ရယ် ကျွန်တော်ရယ် နောက် ကဗျာဆရာ ဒီချစ်မျိုးဆိုတာ ရယ်

အဓိက ပေါ့။

စဖြစ်တာက ခရမ်းသုံးခွ တို့ ဘာတို့မှာ ရေရှားတာကို ကူကြမယ်ဆိုပြီးတော့

လုပ်တော့  ဒီချစ်မျိုး ရဲ့ ပန်းရဲ့လမ်း ကဗျာကို ကိုရဲလွင် က သီချင်းရေးတယ်။

အဲ့ဒီသီချင်းလေးက ခွေမထွက်ပဲ နဲ့ ဟစ်ဖြစ်သွားတယ်။

အဖွဲ့နာမည်ပေးမယ်ဆိုတော့

ပန်းခင်းထဲမှာ ရယ် ပျိုး ရယ် ပန်းရဲ့လမ်း ရယ်ထဲက

ကျွန်တော်တို့ ပန်းရဲ့လမ်း ဆိုတဲ့ နာမည်ကို

ပိုကြိုက်လို့ ရွေးဖြစ်သွားတယ်။

ရေရှားတာကို ကူညီ ချင်တာက စလိုက်တာ။

လမ်းပေါ်မှာ လှည့်ပြီးတော့ ဟော်လိုဂစ်တာလေးတွေ နဲ့

လဖက်ရည်ဆိုင် မှာပေါ့ အလှူလိုက်ခံတယ်။

မမျှော်လင့်ပဲနဲ့ အလှူငွေတွေ တော်တော် ရလာတယ်။

နောက်ပိုင်း ကချင်စစ်ဘေး တွေဘာတွေ ပါ လှူဖြစ်လာတယ်။

အဲ့ဒီ က စပြီးတော့ တဖြည်းဖြည်း ကြီးလာတာပေါ့။

အဓိက ရည်ရွယ်ချက်ကတော့

ပြည်သူတွေ ရင်ထဲမှာ ပရဟိတ စိတ်တွေ ဖြစ်လာအောင်

 ကျွန်တော်တို့ ဂီတ နဲ့ နှိုးဆော်ပေးတဲ့ သဘောပေါ့။

 

 မြန်မာဂဇက် – ကိုသားထွေး တို့ ပန်းရဲ့လမ်း အဖွဲ့ကို

ဒေါ်အောင်ဆန်းစုကြည် က အားပေးစကားတွေ

ဘာတွေ ချီးမြှင့်ဖူးပါသလား။

 

သားထွေး – အားပေးစကား ချီးမြှင့်ဖူးပါတယ်။

ကျွန်တော်တို့ကို နောက်ဆုံး အောင်နိုင်ရေးမှာလည်း

 လူသိရှင်ကြား ကျေးဇူးတင်တဲ့အကြောင်း  ပြောခဲ့ပါတယ်။

 

မြန်မာဂဇက်  –  NLD ရွေးကောက်ပွဲ မှာ အနိုင်ရသွားတော့

ကိုသားထွေး တို့ ဘယ်လိုခံစားရပါသလဲ။

 

သားထွေး  –  ကျွန်တော်တို့ ပျော်တာပေါ့။

ကျွန်တော်တို့ မက်ခဲ့တဲ့ အိပ်မက်ပေါ့။

ကျွန်တော်တို့ရဲ့ အိပ်မက်တွေ တကယ်ဖြစ်လာခဲ့ပြီပေါ့။

ကျွန်တော်တင် မဟုတ်ပါဘူး။

တစ်တိုင်းပြည်လုံး ပျော်နေမှာပါ။ လူတစ်စုလောက်ကလွဲလို့ပေါ့ဗျာ။

 

မြန်မာဂဇက်  –  အခုလို ပြောခွင့် ဆိုခွင့် ရတာ ကျေးဇူးပါဗျာ

သားထွေး  – ကျွန်တော်ကလည်း ကျေးဇူးတင်ပါတယ်။

 

(ဘလက်ချော…တွေ့ဆုံ မေးမြန်းသည်)

 

16 comments

  • ခင်ဇော်

    March 11, 2016 at 2:01 pm

    အော။
    ဟိုတနေ့က ကိုဂျီးဘက် ဓာတ်ပုံတွဲရိုက်ထားသေးမဟုတ်လားး
    အဲဒီ ရှိုးကတော့ ကျနော့ ဦးလေးတွေ ကြိုက်တဲ့ ရှိုးဖြစ်လိမ့်မယ်။
    အခွေထွက်ရင်တော့ကောင်းမယ်။
    🙂

    • black chaw

      March 11, 2016 at 2:27 pm

      @ ခင်ဇော် ;
      ဟုတ်တယ် ဗျ။
      ရှိုး က ဖရီး ရှိုး ဖြစ်တဲ့အပြင်
      အကျွေးအမွေးပါ ပါဦးမှာတဲ့ဗျာ။
      ဖရီး ရှိုး ဆိုတော့
      လူများမယ့်သဘောတော့ ရှိတာပေါ့။
      ပထမဆုံးပေးတဲ့ ကွန်းမန် ့လေးအတွက်
      ကျေးဇူး ပါဗျာ။
      ချစ်ခင်လေးစားတဲ့
      ဘလက်ချော…။

  • kai

    March 11, 2016 at 3:36 pm

    CJ တွေအတွက်ပဲထားပြီး.. ကျန်တာပိတ်ထားတာကောင်းတယ်..
    ဒီလသတင်းစာထဲပါမှာဖြစ်ကြောင်း… :k:

    • Thint Aye Yeik

      March 11, 2016 at 5:19 pm

      သူကြီး
      ဒီလ သတင်းစာထဲမှာ
      အလှပန်းကဏ္ဍနဲ့အပြိုင်
      ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင် ဆိုတဲ့ ကဏ္ဍတစ်ခု ဖွင့်ပြီး
      ကျနော့်ပုံ ထည့်ပါ့လား။
      ဟိုးဟိုးကျော်လိုက်မယ့်ဖြစ်ခြင်း

      :k:

    • black chaw

      March 12, 2016 at 7:42 am

      @ kai ;
      Cj Only လုပ်ထားပါတယ် သူကြီးရေ။

      ချစ်ခင်လေးစားတဲ့
      ဘလက်ချော…။

  • ယမကာကျော်စွာ အူးမြောက်မြောက် (B.E)

    March 12, 2016 at 4:04 pm

    ပြောဒေါ့ ၂ နာရီ အင်ထဗျူးတဲ့
    ဂယ်ဖတ်တာ မိနစ်ပိုင်းပဲ ရှိတယ်
    ကျန်တဲ့ချိန်ဒေ ဘီအီးဂလုနေဒယ်မလား
    လူဇိုး သွား..

    • black chaw

      March 13, 2016 at 6:11 am

      @ ပေါက်ဖေါ် ;
      ဖတ်တယ်ဆိုကတည်း
      ကျေးဇူးတင်ပြီးသား။
      ကွန်းမန် ့လေး ဝင်ရေးပေးသွားတော့
      ကျေးဇူးရှေ ့က အထူူးပေါ့ဗျာ။
      ချစ်ခင်လေးစားတဲ့
      ဘလက်ချော…။

  • ဦးဦးပါလေရာ

    March 12, 2016 at 11:45 pm

    CJ only လုပ်ထားတယ် ဆိုတော့…???
    အဲဒါဆို ကျုပ်ကလဲ CJ ပေါ့ ..
    ….
    စကားမစပ်
    ကျုပ်နဲ့ကိုချော တော်ကီပစ်ကြရင်
    ဘယ်တော့မှ နှစ်နာရီနဲ့လောက်တယ်မရှိ…

    • black chaw

      March 13, 2016 at 6:17 am

      @ ဦးဦးပါလေရာ ;
      ဟုတ်ပါ့ဗျာ။
      ၅ နာရီ လောက်မှ
      အိုကေ မှာ ကိုပါကြီးရေ။
      ချစ်ခင်လေးစားတဲ့
      ဘလက်ချော…။

  • uncle gyi

    March 13, 2016 at 4:51 pm

    2နာရီဗ ျူ းတယ်သာပြောတယ်
    ရေးထားတာနည်းသေးတယ်
    ဖြတ်ညှပ်ကပ်တွေဖြစ်ကုန်တယ်ထင်တယ်ကိုဘလက်

    • black chaw

      March 13, 2016 at 8:10 pm

      @ uncle gyi ;
      အမှန်တော့ မေးထားသမျှ ရေးပြရင်လည်း
      သတင်းစာက နေရာပေးနိုင်လိမ့်မယ်
      မဟုတ်ပါဘူး အန်ကယ်ကြီးရေ။
      ချစ်ခင်လေးစားတဲ့
      ဘလက်ချော…။

    • black chaw

      March 15, 2016 at 5:38 pm

      @ အောင်မိုးသူ ;
      ကွန်းမန် ့လေး ဝင်ရေးပေးသွားတာ ကျေးဇုးပါ
      ညီလေးရေ။

      ချစ်ခင်လေးစားတဲ့
      ဘလက်ချော…။

  • Fall Guy

    March 18, 2016 at 4:47 pm

    ဝင်​ဖတ်​သွားတယ်​ ကိုဘလက်​​ရေ

  • .ခုမှဝင်ဖတ်ဖြစ်တယ်ဗျာ..ဂီတနဲ့အလှမ်းဝေးသူဆိုတော့
    .ဘာပြောရမှန်းကိုမသိပါဘူး
    .စီဂျေကြီးဘလက်ချောရဲ့ အင်တာဗျူးကိုအားပေးသွားပါကြောင်း

  • ဦးကြောင်ကြီး

    March 20, 2016 at 9:29 am

    ပန်းရဲ့လမ်း
    နမ်းလှဲ့စမ်း
    gunနဲ့ရမ်း
    လွမ်းမယ့်ကမ်း..

Leave a Reply