ဘာရေးရမှန်းလည်းမသိ။

စိတ်ထဲရှိတဲ့ အပြောင်းအလဲတွေကိုလည်း ရေးချင်။

စိတ်ထဲ သွားသလောက် လက်က လိုက်မရှင်းပြနိုင်၊ လိုက်မဖော်ပြနိုင်တာမို့ ရောက်တတ်ရာရာလေး ပြောအူးမယ်။

 

ကိုယ်တွေက ရှင်ဘုရင်ခေတ်ကနေစလို့ ကိုလိုနီခေတ် မဆလ နဝတ ကနေ ခု ကသစ (ကသေးစိမ်) ခေတ်ထိက အကြောက်တရားနဲ့ နေခဲ့ နေသားကျခဲ့တာမို့ အစိုးရဟေ့ ဆိုရင်ကို ….

ဘုရင်မျိုး မှတ်ပြီး ကြောက်ရမယ် စိတ်မှာ စွဲနေကြတာ။

အစိုးရ ဆိုတာ ကိုယ့်ကို အုပ်ချုပ်မယ် အပြစ်ပေးမယ် ထောင်ထဲထည့်နိုင်တယ် စသည်ဖြင့်လောက်ပဲ တွေးနိုင်နေသလိုဖြစ်နေကြလို့သာ။

.

 

ကိန်းသေ/ကိန်းရှင်ပုံစံနဲ့ တွက်ကြည့်ရင် …

ပြည်သူက ကိန်းသေပါ။ ပြောင်းလဲလို့ မရဘူး…

အစိုးရဆိုတာ ကိန်းရှင်ဖြစ်ရမှာ။

.

နောက်ပြီး ဥပဒေဆိုတာ ကိန်းသေပါပဲ။

ချမှတ်ထားတဲ့ ဥပဒေ၊ လိုက်နာရမဲ့ ဥပဒေ ကို မကြောက်နိုင်ပဲ အစိုးရဆိုတာကို သက်ဦးဆံပိုင် ဘုရင်အမှတ်နဲ့ မှားကြောက်နေရတဲ့ ဘဝက ကယ်တင်ဖို့ The Lady က လုပ်နေရတာ ကြည့်တတ်ရင် မြင်နိုင်တာပဲဟာ။

 

အဲဒါကြောင့် သူ ပြောခဲ့ပါတယ်။ အစိုးရဆိုတာ ပြည်သူက ခိုင်းရမှာ …

ခိုင်းနိုင်တယ်။ ပြည်သူ အတွက် အမှုထမ်းရမှာ။

ဒါကိုမှ အစိုးရလူကြီးမင်းများဆို ဖား၊ အနားကပ်ပြီး အခွင့်အရေးတောင်းဖို့ လောက်သာ စဉ်းစားနိုင်နေရင်တော့ ကွကိုယ် ပြန်ဆန်းစစ်ကြပေါ့။

 

ပြည်သူ့ လိုအပ်ချက်နဲ့ ကိုက်ညီတဲ့ ဝန်ဆောင်မှုမျိုး မပေးနိုင်ခဲ့ရင် သတ်မှတ်ချိန် အတွင်းမှာ ပြန်လည်ဖြုတ်ချနိုင်ခွင့် အခွင့်အရေးကိုလည်း ကျနော်တို့လက်ထဲကို The Lady က ပေးခဲ့တာပါပဲ။

ခုချိန်မှာတော့ ဒီ စံနစ် ကျင့်သားရသေးမှာတော့မဟုတ်။

ကိုယ်တွေက မဆင်းမျိုး မဖယ်ပေးမျိုး မျက်နှာပြောင်မျိုးတွေချည်း တွေ့ရတာမို့ အစိုးရဆိုတာ တစ်ခါတက် ငါ့ တစ်သက်လို့ပဲ မြင်နေကြအူး မှာပါပဲ။

မကြိုက်တာကို မကြိုက်ကြောင်း ပြောခွင့်ရှိတဲ့ပြည်သူ…

ကိုယ်ဆောင်လိုက်တဲ့ အခွန်တွေ ဘယ်ရောက်သွားတုန်းဆိုတာ မျက်ဝါးထင်ထင် မြင်နိုင်မဲ့ ပြည်သူ..

ကိုယ့် မဲ တစ်ပြားက ကိုယ် မကြိုက်သူကို ဖြုတ်ချခွင့်၊ ကိုယ့် အတွက် ဝန်ဆောင်မှုပေးမဲ့ အစိုးရတစ်ရပ်ကို ရွေးချယ်ခွင့် အပြည့်ရှိတယ် ဆိုတာ သိတဲ့ ပြည်သူ…

ဒီ မဲ တစ်ပြားကို လိုချင်မှုအတွက် အစိုးရကရော အတိုက်အခံကပါ အပြိုင်အဆိုင် တိုင်းပြည်ကောင်းအောင် လုပ်ပြတာမျိုး မြင်ရတော့မဲ့ ပြည်သူ….

………………………………………………………………………..တွေ အဖြစ် ရောက်နေပြီ။

အာဏာသိမ်းတယ် ဆိုတာ အမှန်တော့ နာစရာပါ။

သူတို့ အချင်းချင်းထဲက သိမ်းယူတယ် မမှတ်ပါနဲ့။

ပြည်သူ့အာဏာကို ပြည်သူတွေဆီက သိမ်းယူတာမျိုးပါ။

အခွင့်အာဏာ ဆိုတာလက်ထဲမရှိတာ အတော်ကြာတဲ့ ပြည်သူနင်းပြား အနေနဲ့က သမ္မတဆိုတာလည်း ဘုရား တစ်ဆူ ဂူတစ်လုံးလိုမျိုး ကိုးကွယ်ချင်စိတ်ပေါက်နေတာလည်း အကျင့်ပါပဲ။

ဒီက စ ဆိုရင်တော့ ကိုယ့်ကို အစိုးရလုပ်အုပ်ချုပ်မဲ့ လူတန်းစားသည် ဘာပညာတွေ တတ်သလဲ ဘယ် အရာတွေမှာ တော်သလဲ စိစစ်လို့ရပါပြီ။

အနည်းဆုံးတော့ ကိုယ့် နိုင်ငံခေါင်းဆောင်ပိုင်းတွေသည် ဘယ်လိုပါလို လက်မထောင်ခွင့်ရရှိသော ပြည်သူတွေ ဖြစ်လာပြီပေါ့။

အစိုးရ က မဟုတ်တာတွေ  ပြည်သူက ထောက်ပြခွင့်ရှိတဲ့ အချိန်ရောက်လာပြီလို့ ယူဆရပါတယ်။

အနည်းဆုံးတော့ အစိုးရဆိုတာသည် ရှင်ဘုရင်မဟုတ်ဘူး ဆိုတဲ့ အသိလေး အရင် ဝင် ရရင်ကို တော်ပါပြီ။

 

 

ဇီဇီ

About ဇီဇီ

ဇီဇီ has written 333 post in this Website..

CJ # 129120