#လောကကြီးမှာ နေထိုင်နေတဲ့သူတွေရဲ့ဘ၀မှာ များသောအားဖြင့် ရတာမလို လိုတာမရ ၊ ဒါဆို လိုတာမရလို့ ထိုင်ပြီးစိတ်ညစ်နေရမှာလား နိုး မဟုတ်ဘူး ၊ ရတာနဲ့ ဘယ်လိုအကောင်းဆုံးရှေ့ဆက်မလဲဆိုတာတွေးပြီး နေထိုင်သွားရမှာ ၊ တကယ်လို့ လိုချင်တာရခဲ့ရင်လည်း နောက်ထပ်လိုချင်တာတွေကထပ်ထပ်ပြီးပေါ်လာဦးမှာဘဲ ၊ လူဆိုတာ ရလေ လိုလေ အိုတစ္ဆေ ၊ လောဘသားကောင်တွေလေ
ဒီတော့လိုချင်တာလေးတစ်ခုမရတာနဲ့ လောကကြီးကိုအရွဲ့တိုက် ထိုင်ပြီးစိတ်ညစ်နေရင် ၊ တကယ်တမ်း ကိုယ်ကနစ်နာနေတာ ဘယ်သူလဲ ကိုယ်ကိုယ်တိုင်ပါပဲ ။

#တခါတလေတော့လည်း နေရိပ်အလာ နေပူကစောင့် ဖို့ကို မစောင့်နိုင်ဘူး ၊ မစောင့်နိုင်လို့ နေရိပ်လိုက်ရှာနေလားဆိုတော့ မရှာဘူး ၊ စောင့်နေရကို မြည်တွန်တောက်တီးနေတတ်ကြတယ်။ နေရိပ်မလာခင် နေပူမှာစောင့်ရင်း ဘာတွေလုပ်လို့ရမလဲဆိုပြီး ရှာဖွေနေသင့်တယ် လသာတုန်းဗိုင်းငင် ဆိုသလို နေပူနေတဲ့အခွင့်အရေးကိုရအောင်ယူတတ်ရမှာ။

#တစ်ချိန်ကချမ်းသာခဲ့တယ် တစ်စုံတစ်ဦးရဲ့ ပယောဂတွေနဲ့ဆင်းရဲသွားတယ်ဆိုပါစို့ ၊ ဘာလုပ်မှာလဲ? ၊

၁) အဲဒီတစ်စုံတစ်ဦးအပေါ် အငြိုးအတေးတွေထားပြီး ဘ၀မှာအခက်အခဲကြုံတိုင်း သူ့ကို ကျိန်ဆဲမယ်

၂) ထင်းခွေမကြုံရေခပ်ကြုံမယ် လို့တွေးပြီးတေးထားမယ်

၃) အဲဒီတစ်စုံတစ်ဦးအပေါ် အငြိုးအတေးတွေထားပြီး မခံချင်စိတ်နဲ့ကြိုးစားမယ်

၎) အဲဒီတစ်စုံတစ်ဦးကို ဘာမှတုံ့ပြန်ခြင်းမပြုဘဲ ဆုတောင်းမေတ္တာပို့ပေးမယ်၊ ကိုယ့်ဘ၀ ကိုယ်လည်းအရင်ကထက်သာအောင်နှစ်ဆ ကြိုးစားလိုက်မယ်

#လောကကြီးမှာ နေထိုင်နေစဉ်တော့ ချီးမွမ်းခုနှစ်ရက် ကဲ့ရဲ့ ခုနှစ်ရက် နဲ့နေ့စဉ်ကြုံတွေ့နေရမှာဘဲ ၊ ပတ်ဝန်းကျင်ကိုဂရုမစိုက်ဘူး ချီးမွမ်းခုနှစ်ရက် ကဲ့ရဲ့ ခုနှစ်ရက် ပဲအချိန်တန်ငြိမ်သွားလိမ့်မယ်လို့တော့ မထင်လိုက်ပါနဲ့၊ လူတွေက ကောင်းတာလုပ်ရင်သာမမှတ်မိကြတာ မကောင်းတာလုပ်မိရင် အရမ်းမှတ်ဥာဏ်ကောင်းကြတယ်၊ စကားပုံထဲကလို ခုနှစ်ရက်အတွင်းပဲ ပတ်ဝန်းကျင်ကိုဂရုမစိုက်ဘဲလုပ်ချင်တာလုပ်တာက ဟော့ဖြစ်နေမယ် အေး ဒါပေမယ့်တစ်ချိန်ချိန်မှာ အဲဒီအရာက ကိုယ့်ရဲ့ Report Card လိုသေတဲ့အထိ ပါလာမှာ။

#တခါတလေကျပြန်တော့ ကျားကြောက်လို့ရှင်ကြီးကိုး ရှင်ကြီးကျားထက်ဆိုး တဲ့အခြေအနေမျိုးလည်းကြုံရမှာဘဲ ၊ ဘာလို့လည်းဆိုတော့ တို့တွေအားလုံးက လူသားတွေမို့လား၊ လူဆိုတာမျိုးကလည်း ရေကြည်ရာမြက်နုရာ ပြောင်းရွှေ့တတ်တဲ့သဘောကလည်းရှိတော့ တခါတလေတော့ လည်းပြောင်းလဲခြင်းက ကောင်းပေမယ့်တစ်ခါတစ်လေတော့လည်း  သေချင်တဲ့ကျား၊ တောပြောင်း ဖြစ်တာပေါ့၊ ဒီတော့ ဥာဏ်လေးတော့ယှဉ်ပြီးစဉ်းစားဖို့တော့ လိုအပ်တာပေါ့၊

#တခါတလေကျပြန်တော့ ဆိုင်ကော်လို့ခြုံပေါ်ရောက် ရပြန်၊  ဆိုင်ကော်လို့ခြုံပေါ်ရောက် တာကိုယ့်ကို ကို မသိပါပဲ၊ ကိုယ်ဘ၀ကိုယ်မေ့ ပြီး ကိုယ့်ကို ကိုယ်အထင်တွေကြီး ဖင်မနိုင်ဘဲပဲကြီးဟင်းစား တတ်ကြပြန်ရော

#အတ္တစိတ်ဖုံးနေတဲ့လူတွေများ တကယ်ကြောက်စရာ၊ ကိုယ်လုပ်တာမှအမှန်၊ သူများအတွေးကို သူတကယ်မတွေးပေးမယ့် ကိုယ်က၀င်တွေးပြီး ကိုယ်တွေးတာမှန်တယ်ထင် ကိုယ့်အထင်နဲ့ ကိုယ့်ကိုကိုချည်နှောင်၊ ကိုယ့်အမှားကို မြင်တဲ့သူတွေက အကြံဥာဏ်ပေးရင်လည်း ဆရာလုပ်တယ်ထင်တယ် ၊ တစ်ခါတလေကိုကိုယ်တိုင် က လွဲမှားနေတာသိနေရင်တောင် တစ်ခြားသူတွေမြင်နေတဲ့အမြင်တွေကို လက်ခံလိုက်သလိုဖြစ်မှာစိုးရိမ်တဲ့အတွက် ပြုပြင်လိုစိတ်မထားတတ်ကြဘူး၊

#တစ်ဦးမေတ္တာတစ်ဦးမှာ တဲ့ မေတ္တာထားဖို့ ဘာသာတရားတိုင်းကသွန်သင်တယ် ဒါပေမယ့် ကိုယ့်အတ္တတွေနဲ့ သူသာ တယ် ကိုယ်သာ တယ်နှိုင်းယှဉ်ကြတယ် ၊ ပဋိပခတွေဖြစ်တယ်၊ သေချာတယ်အဲဒီ ပဋိပခတွေကိုမီးမွှေးတဲ့သူက သူရပ်တည်နေတဲ့ ဘာသာတရားကို အမှန်တကယ် ကိုင်းရှိုင်းမှုမရှိလို့

 

About Foolish Girl

C K has written 54 post in this Website..