စိတ်၏သားကောင်
ဘယ်လိုလူလဲဟုတ်လား
ဟုတ်ကျွန်တော်လူမိုက်ပါ
ဘယ်လို ဟုတ်လား မယုံဘူးလား
ဟုတ်ကဲ့ကျွန်တော်လူမိုက်စစ်စစ်ပါဗျ
ကျွန်တော်က စိတ်ဆတ်တယ် ၊ စိတ်မြန်လက်မြန်သမား ၊ ဒေါသကြီးတယ် ၊ စိတ်မရှည်ဘူး ၊ ကိုယ့်ခံစားချက်ကိုပဲရှေ့တန်းတင်တယ် ၊ စကားအပြောမတတ်ဘူး ၊ အငြင်းသန်တယ်
အဲဒီလောက်နဲ့……. လူမိုက်လို့ခေါ်ရသလားလို့တော့မတွက်နဲ့ကိုယ့်လူ
တကယ်တော့ ဆိုးသွမ်းလုယက်နေတဲ့လူမျိုးကို ပဲလူမိုက်လို့ခေါ်သင့်တာမှမဟုတ်ဘဲ
ကျွုပ်လိုစိတ်ရှိတာကမှ လူမိုက်အစစ်ဗျ
ဘာလို့လဲဟုတ်လား ဟ ဟ ဟ ဟ ဟ ဟ ဟား
ကျွန်တော်က ကျွန်တော့လုပ်ရပ်တွေ အတွေးအခေါ်တွေ မှားမှန်းသိတယ်
အမှန်ကဘာဆိုတာလည်းသိတယ်
ဒါပေမယ့် အမှားထဲမှာ ဘဲပျော်မွေ့နေလို့ အမှားထဲကနေရုန်းမထွက်နိုင်သေးဘူးဗျ
တကယ်တော့ လောကမှာ ခင်များကြောက်ရမယ့်လူက ဓါးကိုင်ပြီးရန်မူတတ်တဲ့သူမျိုးမဟုတ်ဘူး
ကျွုပ်လိုလူမျိုးကိုကြောက်ရမှာ
ဓါးကိုင်ပြီးရန်မူတတ်တဲ့သူက ကိုယ့်ကို တစ်ခါတည်းသတ်နိုင်တာ ပြီးတော့ သူ့အပြစ်အတွက်သူချက်ချင်းပြန်ပေးဆပ်ရတာ
ကျွန်တော်ကတော့ ခင်များဘ၀ကို အကြိမ်ကြိမ်သတ်မှာ…………………………..
“ဓါးကိုင်ပြီးရန်မူတတ်တဲ့သူက ကိုယ့်ကို တစ်ခါတည်းသတ်နိုင်တာ ပြီးတော့ သူ့အပြစ်အတွက်သူချက်ချင်းပြန်ပေးဆပ်ရတာ
ကျွန်တော်ကတော့ ခင်များဘ၀ကို အကြိမ်ကြိမ်သတ်မှာ…………………………..”
အကြိုက်ဆုံး စာသားး)
Was this answer helpful?
LikeDislikeအထက်ပါအရည်အချင်းနဲ့ လူမိုက်မျိုးဆို လူတစ်ယောက်ဘဝကို အခါခါသတ်ဖို့ chance နဲတယ်။ တစ်ချက်ထဲနဲ့ရှင်းဖို့များတယ်။

Was this answer helpful?
LikeDislikeလူအပေါ်မူတည်မယ်ထင်တယ်နော် ကျွန်တော်ဆိုရင်တော့ ဖြည်းဖြည်းချင်းညှင်းပြီးမှသတ်မယ်
Was this answer helpful?
LikeDislikeဆိတ်အိသားဂေါင် = မြက်
Was this answer helpful?
LikeDislikeright
Was this answer helpful?
LikeDislikeမိုက်နေတုန်းပါပဲ
Was this answer helpful?
LikeDislikeမိုက်မြဲမိုက်ဆဲ
Was this answer helpful?
LikeDislike