ဘန်ကောက်ခရီးသွားမှတ်တမ်း (ပထမအကြိမ်)
ဒီခရီးစဉ်လေးကတော့လွန်ခဲ့တဲ့၄နှစ်လောက်တဲ့သွားခဲ့တဲ့ဘန်ကောက်ခရီးစဉ်လေးပါ…အရင်အလုပ်ကstaff trip အနေနဲ ့
လွှတ်ခဲ့တဲ့ခရီးပေါ့။ ပထမဦးဆုံးနိုင်ငံခြားကိုစသွားဖူးတဲ့ခရီးဆိုတော့..ပျော်လည်းပျော်၊ရင်လည်းခုန်နေခဲ့တယ်။ဒါပေမဲ့အဲ့နှစ်
တုန်းကခုလိုဗီဇာလည်းဖရီးမရသေးတော့..တချို ့ပညာရေးအထောက်အထားတွေ၊သန်းခေါင်စာရင်းတွေကို နိုတြီတွေပြန်၊သံရုံးတွေဝင်ရ၊ကိုယ့်လူမျိုးအချင်းချင်းတောင်မျက်နှာထားတင်းတင်းနဲ ့ဆက်ဆံတဲ ့သံရုံးကမိန်းမတွေနဲ ့ဝင်တွေ ့ရနဲ ့
မသွားခင်တော်တော်လေးကိုအလုပ်ရှုပ်သွားခဲ့ရတယ်..ခုတော့အေးဆေးပဲနော်…လေယာဉ်လက်မှတ်လေးဖြတ်ပြီးသွားလိုက်ရုံပဲ။
အဲဒါနဲ ့ခရီးထွက်မယ့်နေ ့ကိုရောက်လာပါတယ်။လေဆိပ်မှာCheck-inဝင်ပြီး လေယာဉ်ပေါ်တက်ဖို ့အချိန်
နည်းနည်းလိုနေသေးတော့ Loungeမှာခဏထိုင်စောင့်ကြရသေးတယ်.ရုံးအဖွဲ ့တွေနဲ ့သွားရတာဆိုတော့
လူက၉ယောက်လောက်ဆိုခရီးစဉ်ကပျော်ဖို ့ကိုကောင်းနေပြီ။ စီးရမယ့် လေယာဉ်က AirAsiaဆိုတော့
ဝင်ရမယ့်အချိန်ရောက်တော့လေယာဉ်ထဲဝင်သွားလိုက်တယ်။ကိုယ်စီးရမယ့်နေရာကိုလိုက်ရှာ၊တွေ ့တာနဲ ့
ထိုင်မယ်လုပ်တော့အသက်ငယ်ငယ်အသားဖြူ ဖြူ နဲ ့ကောင်လေးကသူ ့အိတ်ကိုမွန်လေးထိုင်မယ့်ထိုင်ခုံမှာ
တင်ထားတယ်။သူကမွန်လေးရောက်နေမှန်းလည်းမသိ၊ကြားလည်းမကြားနားကိုနားကြပ်ထည့်ပြီးမျက်လုံးမှိတ်ပြီးသီချင်း
နားထောင်နေတယ်။ဒါနဲ ့မွန်လေးလည်းလက်တို ့လိုက်တော့မှနိုးလာပြီးအိတ်ကိုဖယ်ပေးတယ်။ချောတာထက်သန် ့တယ်
ပေါ့နော်။အဲ့ချိန်တုန်းကiphone 5 ကပေါ်ခါစ။သူကiphone5န ဲ့ရုပ်ကလည်းသန် ့တော့တယ်မိုက်နေတာပေါ့နော်။ဟဲဟဲ။
နိုင်ငံခြားခရီးကိုအစဦးဆုံးထွက်ဖူးတာချောချောလေးနဲ ့ထိုင်ရတယ်ပေါ့။တစ်စီးလုံးမြန်မာတွေချည်းပဲမြန်မာလူမျိုးတွေAir Asia ကိုcharter ငှားသလားအောက်မေ့ရတယ်။
ဘန်ကောက်နဲ ့ရန်ကုန်က 45မိနစ်ကြာပါတယ်။မွန်လေးကရေဆာတတ်တဲ့သူဆိုတော့ 15မိနစ်တစ်ခါကို
ရေသောက်ရတော့ အဲ့မှာတိုင်စပတ်တာပဲ။ Air Asia ကရေမပြောနဲ ့ဘာမှကိုမကျွေးတာ။သေရောပဲ။
လူဆိုတာရေဆာလို့ နေမထိထိုင်မသာ။ဝယ်စားလို့တော့ရတယ်ဒါပေမယ့် ပထမဦးဆုံးနိုင်ငံခြား
ခရီးသွားတော့ဝယ်လို့ရလားမရလားလည်းမသိ (ငယ်ငယ်ကစီးတဲ့လေယာဉ်ကမုန် ့ကျွေးတော့ခုလည်း
ကျွေးမယ်အောက်မေ့တာလေ)။အဲဒါနဲ ့ဘန်ကောက်ရောက်သွားပါရော။စောင့်ကြိုနေတဲ့ ကားကိုရောက်ဖို ့
အိတ်တွေရွေးဖို့ လည်းလျှောက်လိုက်ရတဲ့လမ်းတွေ၊လေဆိပ်ကဒါတောင်အဟောင်းဒိုမောင်းနော်။
7မိနစ်လောက်အတော်လေးလျှောက်လိုက်တော့မှ immigration ကိုရောက်တယ်။တန်းစီလိုက်ရတာလည်း
တမေ့တမော။ကိုယ်တွေလာတဲ့နေ ့ကခရီးသွားရာသီလေ။ဧည့်သည်တွေကလည်းမြန်မာတွေချည်းပဲ။
>ကိုယ့်အိတ်ကိုရတာနဲ ့မွန်လေးမနေနိုင်တော့ပါ..ရေရှာဝယ်သောက်တော့တာပဲ။ရေသောက်လိုက်တော့မှပဲ
နေသာထိုင်သာဖြစ်သွားပြီးအသင့်စောင့်နေတဲ ့ကားလေးနဲ ့ဟိုတယ်ကိုသွားပါတော့တယ်။တိုက်တွေဆိုတာလည်းမြန်မာနဲ ့တခြားစီပါ။လေဆိပ်ကနေထွက်တာနဲ ့ကိုလုံးဝအပြောင်းအလဲကြီးပြောင်းလဲသွားတာ။ဘန်
ကောက်ကတအားကိုတိုးတက်နေတာ။လမ်းတွေကအစ။ကုန်းကျော်တံတားတွေနဲ ့(အဲ့တုန်းကမြန်မာ
မှာကုန်းကျော်တံတားမရှိသေးပါ)
လမ်းရှုခင်း
45မိနစ်ကြာမှဟိုတယ်ကိုရောက်သွားပါတယ်။ဟိုတယ်မှာအထုပ်တွေချပြီးတာနဲ ့နေ ့လည်စာစားဖို ့အပြင်ကိုပြန်ထွက်ကြပါတယ်။ဆိုင်မရောက်ခင်နောက်နေ ့တွေမှာလျှောက်သွားကြဖို ့train ticket ဝယ်ကြပါတယ်။ Rabbit card လေးနဲ ့ပေ့ါနော်။
Train Ticketဝယ်တဲ့နေရာမှာ
>ဆိုင်ရှင်ကလည်းမြန်မာလူမျို းတွေနဲ ့တော်တော်ကိုတူပါလား..အစားအသောက်တွေကတော့မွန်လေးသိပ်မကြိုက်ပါ။အုန်းနို ့တွေနဲ ့ချက်ထားပြီးတချို ့အချဉ်အစပ်ပါတာလေးတွေပဲရွေးစားခဲ့ပါတယ်။
ရှော ့ပင်ထွက်ဖို ့သွားရင်းတွေ ့ခဲ့တာ
>နေ ့လည်စာပြီးတော့ဟိုတယ်ကိုပြန်နား။ညဘက်ကျတော့ရှော ့ပင်စထွက်ပါတယ်..ပထမဦးဆုံးစသွားတဲ့
shopping center တော့မမှတ်မိတော့ပေမယ့်နောက်တစ်ခုတော့အသေအချာကိုမှတ်မိပါတယ်။ဘာလို့လဲဆို
တော့စက်လှေကားကိုအကြာကြီးစီးခဲ့ရလို့ပါပဲ။Terminal 21ရှော ့ပင်းစင်တာလိုမျို းတစ်ခါမှမတွေ ့ဖူးတော့အ
ပျော်ကြီးကိုပျော်လို့ပေါ့။
Terminal 21
အထပ်တိုင်းမှာလည်းနိုင်ငံတိုင်းနိုင်ငံတိုင်းရဲ ့အထင်ကရနေရာတွေနဲ ့ရုပ်ထုတွေရှိပါ
တယ်။2ထပ်ကားကြီးတွေ double decker busesတွေမြင်ရင်သိပြီဒါအင်္ဂလန်ပဲ..Lucky catလေးတွေ ့ရင်ဒါ
တရုတ်ပဲဆိုတာသိသာတဲ့အပြင်..အဲ့အထပ်မှာရောင်းတဲ့ပစ္စည်းတွေကအစအကုန်တရုတ်ဆိုင်ရာပစ္စည်းတွေ
ချည်းပဲ..အင်္ဂလန်အထပ်ဆိုလည်း..အင်္ဂလန်ဆိုင်ရာပစ္စည်းတွေချည်းပဲ..အစားအသောက်ကအစပေါ့..အဲ့ကုန်တိုက်ကိုတော့မွန်လေးrecommend တကယ်ကိုပေးပါတယ်…အရမ်းမိုက်တယ်..သွားဖြစ်အောင်သွားကြပါ။
အင်္ဂလန် floor
Double Decker bus
>နောက်နေ ့Chattuchak ဆန်းဒေးမားကတ်ကိုသွားဖို ့ရထားစီးဖို ့စောင့်နေကြတာပေါ့။ ရထားကလည်း
ကျည်ဆန်ရထားလိုမြန်လိုက်တာမှရွှတ်ခနဲ။ သိပ်လည်းမစောင့်ရဘူး။ဟောဆိုရောက်လာတော့လည်းတက်
လိုက်တာပေါ့။ရထားပေါ်မှာအပြင်ကနဲ ့ဆန် ့ကျင်ဘက်။အေးပြီးနေလို ့အရမ်းကောင်းတယ်.မှတ်တိုင်တွေကို
လည်းအော်တိုမက်တစ်အော်ပေးတဲ့စက်နဲ ့ဆိုတော့ကိုယ့်ဆင်းမယ့်မှတ်တိုင်ကိုမမှားတော့ဘူးပေါ့။တခုတော့
သတိထားရမှာကတံခါးတွေက3စက္ကန် ့လောက်ပဲဖွင့်ပေးတော့အတက်အဆင်းတော့သတိထားရမယ်။
>Chattuchakkရောက်တယ်ဆိုရင်ပဲ လူခွဲပြီးသွားဝယ်ကြတယ်.ဘယ်နေရာ..ဘယ်အချိန်မှာပြန်ဆုံကြမယ်
ဆိုပြီးဈေးဝယ်ခြင်းကိုစတင်ပါတော့တယ်။ဆိုင်တွေဆိုတာလည်းနည်းတာမဟုတ်..လှလိုက်တဲ့အကျီတွေ
စကပ်တွေဆိုတာလည်းတစ်ပုံတစ်ပင်။လူကတော့၂ယောက်၂ယောက်စီခွဲသွားကြတာပဲ..ဒါပေမဲ့ကိုယ်က
လည်းကိုယ်ဝယ်..သူကလည်းသူကြိုက်တာဝယ်နဲ ့ခဏခဏပျောက်၊ခဏခဏပြန်ဆုံနဲ ့နောက်ဆုံးအတူတူ
ရှိနေအောင်သူဝယ်တာကိုယ်စောင့်၊ကိုယ်ဝယ်တာသူစောင့်နဲ ့ပဲဈေးဝယ်လိုက်ကြတယ်။ဒီဈေးမှာပျောက်သွား
ရင်ပြန်တွေ ့ဖို ့မလွယ်.အကျယ်ကြီးဆိုမှအကျယ်ကြီးပဲ ပြီးတော့ကိုယ်တွေကဆင်းမ်ကဒ်လည်းမဝယ်ထားတော့အဆက်အသွယ်လုပ်လို့လည်းမရ (ဝယ်ရကောင်းမှန်းမသိတာလည်းပါတယ်။)
ပြန်ဆုံမယ့်အချိန်ကျတော့နေ ့လည်စာစားဖို ့လည်းရောက်ပြီဆိုတော့ အကင်တွေဝယ်စားဖြစ်တယ်..မွန်လေး
ကအကင်ဆိုသိပ်ကြိုက် (အရက်သမားသေလို ့ဝင်စားတာလေဟီး)အကင်တွေချည်းပဲဆွဲတာ။အဲ့မှာရေခဲမုန် ့
လည်းစားလို့ကောင်းတယ်..နေ ့လည်စာကတော့အဲ့ဆန်းဒေးမားကတ်မှာပဲစားဖြစ်သွားတယ်။ စားလည်းပြီး
ရောခဏနားကြတာပေါ့။ညနေစောင်းတော့ပြန်ပြီးရှော ့ပင်းထွက်ကြတယ်။ မနက်ကနဲ ့ညနေမတူတော့ဘဲ
လမ်းဘေးဆိုင်တွေကပိုပိုများလာတယ်။အထွက်ပေါက်တောင်မတွေ ့တော့လို ့မနည်းထွက်လာခဲ့ရတယ်။လူ
ကြီးတွေကရောက်ဖူးတဲ့သူတွေဆိုတော့လွယ်လွယ်ပြန်တွေ ့တာပေါ့လေ..ဆန်းဒေးဆိုသိပ်စည်တယ်။ဘန်
ကောက်ရောက်ရင်သွားကြပါလို့..ဈေးလည်းတန်တယ်..အဲ့မှာဂျင်းဘောင်းဘီတွေနဲ ့ဖိနပ်တွေဝယ်ရတာ
အကြိုက်ဆုံးပဲ..အိတ်လည်းဝယ်လို့ကောင်းပါတယ်။(ရန်ကုန်ပြန်ရောက်တော့အထုပ်ကြီး၁ထုပ်ပါလာလို့ရှက်လိုက်တာလွန်ရော)
Chattuchukk Sunday Market
>နောက်နေ ့ကျတော့မြဘုရားကိုသွားလည်ကြဖို ့ဂိုက်မနဲ ့ကားသမားကဟိုတယ်ရှေ ့မှာအသင့်စောင့်နေ
တယ်။မြဘုရားသွားရင်လုံလုံခြုံ ခြုံ ဝတ်သွားရတယ်တဲ ့ ..ဒါကတော့ကိုယ်တွေတိုင်းပြည်မှာလည်းဘုရား
သွားရင်လုံလုံခြုံ ခြုံ သွားရတာပဲလေ.ဘုရားကိုဟိုတယ်က ၄၅မိနစ်လောက်မောင်းပြီးမှရောက်တယ်
..လမ်းမှာလည်းသူတို ့ဘုရင်ပုံကိုချိတ်ထားတာတွေလည်းတွေ ့တော့.သူတို ့ကသူတို ့ဘုရင်ကိုသိပ်ချစ်ပြီးတန်ဖိုးထားတာတဲ့..အဲ့ဘုရင်တစ်ယောက်ပဲသွေးမရောဘဲခုထိတိုင်ထိုင်းလူမျိုးဖြစ်နေတာတဲ့..သူ ့တစ်ခြားအမျို း
တွေဆိုသွေးရောကုန်လု့ိသေသူသေနဲ ့သူပဲကျန်ခဲ့လို ့ဘုရင်ဖြစ်တာတဲ့။အဲဒါနဲ ့မြဘုရားကိုရောက်လာတော့လူ
တွေဆိုတာအများကြီးပါ။အထဲကိုရောက်ဖို ့တန်းစီပြီးစောင့်နေရတယ်..တရုတ်တွေများတယ်..လာကြတဲ့သူ
တွေက။မြဘုရားကိုအနီးကပ်ဓါတ်ပုံရိုက်ခွင့်မရှိလို ့အပြင်ကနေပဲလှမ်းရိုက်လိုက်ရတယ်..
ဘုရင့်နန်းတော်ကလည်းအဲ့ထဲမှာပဲဆိုတော့..မြဘုရားနဲ ့ဘုရင့်နန်းတော်မှာတင်..ပတ်နေရတာ..၂နာရီ၃နာရီ
လောက်ကြာတယ်..နေကလည်းပူဆိုတော့..လူဆိုတာခရီးသွားရတာပျော်ပေမယ့်.ပူတော့စိတ်အိုက်တယ်
ယပ်တောင်လေးတဖျက်ဖျက်နဲ ့ပေါ့။
မြဘုရားနဲ ့ဘုရင့်နန်းတော်ဝန်းထဲမှာ
အဲ့ကအပြန် Gems Gallery ကိုဝင်တယ်.ပြီးတော့ကျောက်ဖယားမြစ်ထဲ၁နာရီလောက်ဘုတ်စီးကြသေးတယ်.
ကျောက်ဖယားမြစ်ထဲမှာဘုတ်စီးရင်း
အင်းလေးအတိုင်းပဲ..လှေစီးပြီးသွားရတာ..အိမ်တွေကလည်းခြေတံရှည်အိမ်တွေ..မီးချောင်းသေးသေးလေး တွေလည်းတွေ ့လို့.ရုပ်ရှင်ကားထဲကလို ကိုယ်တွေစီးတဲ့ဘုတ်ဆီရောက်လာမှာစိုးလို့ဘုရားတခဲ့ရသေး။
ညနေဘက်ဟိုတယ်ပြန်ရောက်တော့ခဏနားရေချိုးပြီး Ocean world ကိုပတ်ခဲ့ကြတယ်..ရေအောက်ကမ္ဘာ
ပေါ့နော်။ ငါးကအစပုစွန်..ဝေလငါးတွေ..ကိုယ့်ခေါင်းပေါ်ကနေသူတို့ကဖြတ်တောင်ဖြတ်သွားကြသေးတယ်။
အရမ်းမိုက်တယ်..ပျော်စရာကမ္ဘာပါပဲ။
Ocean World
နောက်နေ ့ကျတော့ ယိုးဒယားနယ်စပ်ဖြစ်တဲ့ Kanchanaburi သေမင်းတမန်ရထားလမ်းတံတားရှိရာကိုသွား
လည်ခဲ့ကြတယ်.အစဦးဆုံးစစ်သချိုင်းကိုဝင်ပြီးဓါတ်ပုံရိုက်ပေ့ါ။
စစ်သချင်္ု ိင်း
နောက် river ကွေးကိုဖြတ်ဆောက်ထားတဲ့သေမင်းတမန်ရထားလမ်းတံတားပေါ်မှာဓါတ်ပုံတွေအမုန်းရိုက်…
ဝါးဖောင်လေးတွေသွားနေတာတွေ…အဲ့မြစ်ကမ်းဘေးမှာပဲ.ဟိုတယ်လေးတွေဆောက်ထားတာကိုတံတားပေါ်ကနေလှမ်းမြင်နေရတဲ့ရှုခင်းကလည်းလွှတ်ကောင်း။
သေမင်းတမန်ရထားလမ်းပေါ်မှာ
နေ ့လည်စာစားကြပြီးတော့.. Tiger campကိုသွားလည်ကြတယ်။ ကျားတွေဆိုတာကြောက်စရာကြိီးတွေ..
အစာကိုဝအောင်ကျွေးထားလို ့သာပေါ့နို ့မဟုတ်ရင်ထကိုက်ချင်ကိုက်မှာ.ကျားကိုကိုယ်တွေကကြိုးဆွဲပြီး
လမ်းပါလျှောက်ခိုင်းတဲ့activityကတော့အတော်ကိုရင်ထိတ်ပါတယ်..ပြီးတော့ကျားတွေနဲ ့ဓါတ်ပုံအတူတူရိုက်ဖို ့သူတို့ အိပ်နေတဲ့နေရာကို သူတို ့လူတစ်ယောက်စီနဲ ့လက်တွဲပြီးကျားခြံထဲကိုအလှည့်ကျဝင်ခဲ့ရသေးတယ်..
ကျားတွေဆိုတာအစာဝအောင်ကျွေးထားတော့အိပ်နေကြတာသွားရည်တွေကကျလို့..ကိုယ်ကတော့ကြောက်ကြောက်လန် ့လန် ့နဲ ့ပို ့စ်ကလည်းပေးရသေး..ကျားကိုကိုင်ပြီးရိုက်တဲ့..သေချာတော့မထိခဲ့ပါဘူး..ထိတဲ့ကျားလည်းထိပေ့ါ..မထိတဲ့ကျားလည်းမထိခဲ့ပါဘူး.ကိုင်လိုက်လို့ထကိုက်မှဘယ်လိုလုပ်မလဲ..
ကြောက်တယ်..
Tiger Camp မှာ
>အဲ့ကအပြန်..ဆင်စခန်းလည်းဝင်ခဲ့ကြသေးတယ်..အဲ့မှာတောထဲကိုဆင်စီးရင်စီး..မစီးရင်ဆင်ရေချိုးပေး
တာကိုလိုက်သွားလို့လည်းရတယ်..တချို ့ကတောထဲကိုဆင်စီးသွားကြတယ်..မွန်လေးတို ့ကတော့ဆင်ရေချိုးပေးတာကိုပဲလိုက်သွားကြတယ်..ဆင်စီးရင်းပေါ့…(တခါမှမလုပ်ဖူးတာတွေဘန်ကောက်မှာလုပ်နေတာ)
ဆင်ကတဖြည်းဖြည်းနဲ ့ရေထဲကိုဆင်းသွားပါလေရော..ကိုယ်တွေ ရှေ ့ကဆင်ဆို.ရေချိုးရတာပျော်လို့ဆိုပြီး
သူ ့ခန္ဓာကိုယ်ကိုလှဲချလိုက်ပါရော..လူတွေလည်းအကုန်ရေထဲပြုတ်ကျကြလို့..မွန်လေးတို ့လည်းပြုတ်
ကျမှာစိုးလို ့ဆင်လေးကိုပွတ်ပေးလိုက်တာ..ဆင်ကရေထဲတော့ဆင်းတယ်..သူ ့ခန္ဓာကိုယ်ကိုနှိမ့်လိုက်
တယ်..လှဲတော့မလှဲချသွားဘူး..တော်ပါသေးရဲ ့…တယ်လိမ္မာတယ်ဆင်လေးပဲ.
ပြုတ်ကျခံရတဲ့လူတွေပြောပါတယ်..ရေထဲပြုတ်ကျသွားတော့ခြေအောက်ကမြေကြီးနဲ ့မထိဘူးတဲ ့နက်နေပြီတဲ့မှီရာဆင်ကိုလှမ်းဖက်ထားလို့သာရေထဲမပြုတ်ကျတာတဲ့..ရေကူးတတ်တဲ့သူပဲ..ဆင်ရေချိုးတာလိုက်သွားစေချင်ပါတယ်..ရေမကူးတတ်ရင်မစီးပါနဲ ့နော်…ပြီးတော့ဆင်တွေကရေချိုးရင်းချီးလည်းပါတတ်ပါသေးတယ်..ဆင်ချီးတွေဆိုတာအတုံးတွေအတုံးတွေအကြီးကြီးတွေ……
ဆင်ရေချိုးတာသွားစီးတာ
>>ပြန်တဲ့နေ ့လေးကိုရောက်လာတော့ လေဆိပ်မှာ အသွားတုန်းကကိုယ့်ဘေးမှာထိုင်တဲ့ကောင်လေးချော
ချောကိုလှမ်းတွေ ့ပါရော..သူလည်းကိုယ်တွေနဲ ့ပြန်တဲ့ရက်တူတယ်လား။ဒုတိယကြိမ်မြောက်ရောက်တော့..ဘန်ကောက်ဆိုတာအိမ်ဦးနဲ ့ကြမ်းပြင်ဖြစ်သွားပုံလေးကိုလည်းဆက်ရေးပါမယ်နော်..
12 comments
Ma Ei
September 23, 2016 at 10:48 am
ခရီးသွားမယ်ဆို ကိုယ့်ပြည်တွင်းမှာဘဲ ဟိုဒီသွားဖြစ်နေတာ
သွားနေကျ နေရာတွေဘဲ ထပ်သွားချင်လို့ သွားဖြစ်နေတော့ နေရာတောင်မစုံသေး
ဆိုတော့ …အဲ့ဒီ နိုင်ဂျံကား ဆိုတာကြီးကို တခေါက်မှ ရောက်ဖူးသေးဘူးလို့… 🙂
သျှားသက်မာန်
September 23, 2016 at 1:59 pm
သွားကြည့်ပါမအိအရမ်းမိုက်တယ်…ဗဟုသုတလည်းရတယ်..ကိုယ့်နိုင်ငံနဲ ့မတူတာတွေတွေ ့ရတော့ဖီလင်ကခံစားလို့ကောင်းတယ်..
ကိုပေါက်(မန္တလေး)
September 23, 2016 at 4:43 pm
ထိုင်းတော့မရောက်ဘူးသေးဘူး
ရောက်ဘူချင်တဲ့စာရင်းထဲမှာပါတယ်
ဦးကြောင်ကြီး
September 27, 2016 at 9:53 am
ှသှ ျားကို ဆားခ ျဉ်တယ်။… ဘူးထွားထွားထွား…
သျှားသက်မာန်
September 27, 2016 at 2:27 pm
သွားကြည့်ပါဘန်ကောက်ကခုဆိုအရမ်းကိုတိုးတက်နေပါပြိီ ကိုပေါက်
သျှားသက်မာန်
September 27, 2016 at 2:28 pm
ကြောင်ကြီးကို စပ်ခါးခါး…..ဘူးထွားထွား
Foreign Resident
September 28, 2016 at 3:13 pm
ယိုးဒယားကို သွားလည်ယုံတင်မကဘူး ။ နေကိုနေချင်တာ ။
အစားအသောက်တွေက ကိုယ်နှင့် အစပ်တည့် ။ ဈေးပေါ ။
သာမီးလေးတွေကအစ အစစ အရာရာလဲ ဈေးပေါ ။ လွတ်လပ် ။
သျှားသက်မာန်
September 28, 2016 at 4:01 pm
ဟုတ်ပါတယ်နေလို ့လည်းကောင်းသလိုပစ္စည်းတွေလည်းတော်တော်ကိုပေါပါတယ်
ကထူးဆန်း
September 29, 2016 at 10:53 am
အရင်တုန်းက ဘန်ကောက် ကနေ ရန်ကုန်ပြန်ရောက်ရင် အရမ်းစိတ်ချမ်းသာတယ် ..ကား ရှင်း လို့
ခုတော့ .. င့င့်ငင့်
Thint Aye Yeik
October 8, 2016 at 9:17 am
သွားတုန်းက မိန်းကလေး အနေနဲ့ပဲ သွားတာလား
အပြန်ကျတော့ရော မိန်းကလေးအနေနဲ့ပဲ ပြန်လာတာလား
ဘန်ကောက်သွားတာမှာ ယူက မထက် ထက် စောတယ်နော်
uncle gyi
October 11, 2016 at 9:15 am
ခေါင်းဆောင်ဘယ်လောက်အရေးကြီးလဲဆိုတာမ ျက်မြင်ပဲ
သျှားသက်မာန်
October 13, 2016 at 5:07 pm
Thint Aye Yeik>> သွားတုန်းကလည်းမိန်းကလေးလိုသွားသလို..ပြန်တော့လည်းမိန်းကလေးလိုပါပဲ…မထက်နဲ ့မွန်လေးနဲ ့က
ဘာဆိုင်လို့ လဲ..သူကအခြောက်ဟာကို..မွန်လေးကမိန်းမစစ်စစ်နဲ ့တောင်မြည်နေသေး