ထိုင်း နိုင်ငံ ရဲ့ မော်လဒိုက် လို့ တင်စား ခေါ်ဝေါ်ကြ တဲ့ သဘာဝ အလှမ ပျက် ပဲ

အရိုင်း ဆန်ဆန် ပက တိ လှပနေ တဲ့ ကော့ဖါ့ယမ်း ကျွန်း ကို လူ တော် တော် များ

များ သိပ် မသိ သေး ကြ ပါ ဘူး ။ ဘန်ကောက်ကနေ သွားမယ်ဆိုရင် Sai Tai Mai

အဝေးပြေး ကားဂိတ် ကနေ ရနောင်း ကို ကား ဖြင့်  ခရီး နှင် ပြီး ကော့ ဖာ ယမ်း ကျွန်း

ကို တစ် ဆင့် သွား နိုင် ပါတယ် ။ လေယာဉ်စီးပြီး ရနောင်းကို သွားနိုင် ပါတယ်။ ရ နောင်း

ကတော့  မြန်မာ ပြည် နှင့်  နယ် စပ် ဖြစ် တဲ့  ကော့ သောင်း မြို့ လေး နဲ့  တစ် ဘက်

တစ် ချက် မှာ တည် ရှိ ပြီး ရ နောင်း ပါတ် ပါတ် လည် မှာ လည်း အင်မတန် မှ လှ ပတဲ့ 

ကျွန်း တွေ အများ အပြား ရှိ ပါ တယ် ။ ကော့ သောင်း နဲ့ မြိတ် ကျွန်း စု အောက် ပိုင်း မှာ

တည် ရှိ တဲ့ ကမ်း ခြေ တွေ အလှ ကို တော့  ထူး ထူး ခြား ခြား ပြော နေ စရာ ကို လို

မယ် မထင် ပါဘူး ။

ကော့ဖါ့ယမ်း ကျွန်း ဟာ ရနောင်း မှ ၃၀ ကီလိုမီတာ အကွာ မှာ တည် ရှိပါတယ်။

ရနောင်း ကနေ ကော့ဖါ့ယမ်း ကို သွားဖို့ လှေဆိပ် ကို ဆိုင်ကယ် တက္ကစီများ၊ ကားများ

ကို ငှားရမ်း ပြီး မေး မြန်း နိုင် ပါတယ် ။ လှေဆိပ်ကနေ စက်လှေများနဲ့ ကော့ဖါ့ယမ်း

ကျွန်း ကို သွားရမှာ ဖြစ်ပြီး ၂ နာရီခန့်ကြာမြင့် မှာ ဖြစ် ပါ တယ်။ ခရီးသွား အရမ်း

များတဲ့ နွေရာသီ များ မှာ Speed Boat များကို ငှားရမ်းနိုင် ပြီး Speed Boat

နဲ့သွားရင်တော့ နာရီဝက်ခန့်သာ ကြာမြင့်မှာ ဖြစ် ပါ တယ် ။ တစ်ဦး လျင် ဘတ် ၃၅၀

ခန့် ကျသင့် မှာ ဖြစ် ပါ တယ် ။. သာမာန် စက်လှေများ က နံက် ၉ နာရီခွဲကနေ နေ့

လည် ၂ နာရီ အထိ ၀န်ဆောင် မှု ပေးပြီး ဘတ် ၁၅၀ ကနေ ၂၀၀ ခန့် ကျသင့်ပါတယ်။

အပြန်ခရီးအတွက် ၈ နာရီခွဲကနေ ၁၄ နာရီအထိ စက်လှေများကို ငှားရမ်းနိုင်ပါတယ်။

ကော့ ဖါ့ယမ်း ဟာ ထိုင်းနိုင်ငံ ရဲ့ အလှဆုံး ကျွန်းများ ထဲမှ တစ်ခု ဖြစ်ပါတယ်။

ကော့ဖါ့ယမ်း ဟာ ထိုင်းနိုင်ငံ ရဲ့ နာမည်ကြီး ကျွန်းများနဲ့ နှိုင်းယှဉ်ရင် လူအလာနည်း

တဲ့ အတွက် အလွန် အပန်းဖြေလို့ ကောင်းပါတယ်။

ဟို တည် များ

ပုံ မှာ ပြ ထား တဲ့  ဟိုတည် က တော့  the blue sky resort ဖြစ် ပြီး Nitiporn

Bungalow ,Sabai Sabai ,PP.Land Beach Resort ,Phuree Hut Resort

စတဲ့ တခြား ဈေး သက် သာ တဲ့  ဟိုတည် များ လည်း ကမ်း ခြေ မှာ အများ အပြား

ရှိ ပါတယ် ။

လည်ပတ်စရာများ

ကော့ဖါ့ ယမ်းမှာ ကားမရှိ ပါဘူး။ မော်တော် ဘုတ်များ နဲ့ Scooters များကို တော့ 

လှေဆိပ် နား မှာ ရှိတဲ့ Phayam Cottage Internet Shop မှာ ငှားရမ်းနိုင်ပါတယ်။

တစ်ရက်လျှင် ဘတ် ၁၅၀ ကနေ ၂၀၀ ခန့် ကျသင့်ပါတယ်။

ကော့ဖါ့ ယမ်းမှာ လှပတဲ့ ကမ်းခြေများ စွာ ရှိပါတယ်။ အဲဒီအထဲက အကြီးဆုံးမှာ Ao

Yai ဖြစ်ပါတယ်။ လှေဆိပ်မှာ စားသောက်ဆိုင်များ၊ အင်တာနက်ဆိုင်၊ ဈေးဆိုင်များနဲ့

စည်ကားလှပါတယ်။ Aow Yai ( Big Bay ) ကတော့ အရှည်ဆုံးနဲ့ လူအစည်ဆုံး

ကမ်းခြေဖြစ်ပြီး ဘားဆိုင်များ ရှိပါတယ်။ လှိုင်းစီးဖို့ အကောင်းဆုံးနေရာ တစ် ခု

လည်း ဖြစ် ပါ တယ် ။ Aow Kao Kwai ( Buffalo Bay ) ကတော့ လူသူ တိတ်ဆိတ်

ပြီး အပန်း ဖြေ ဖို့  အတွက် သင့် တော် တဲ့  နေ ရာ တစ် ခု ပဲ ဖြစ် ပါ တယ် ။

လှိုင်း သိပ်မရှိ တဲ့အတွက် ရေကူး ချင်သူများ အတွက် အထူး သင့်တော်ပါတယ်။

ဈေးဝယ်စရာ

ကော့ဖါ့ ယမ်းမှာ ATM စက် မရှိပါဘူး။ တည်း ခိုခန်းအချို့ ကပဲ ငွေလဲပေးကြပါတယ်။

ဒါကြောင့်  ကော့ဖါ့ယမ်း ကျွန်း ကို သွားရင် ပိုက်ဆံ လုံလုံလောက်လောက် ယူသွား

သင့်ပါတယ်။ ည ဘက် ဘား ဆိုင် များ ထိုင် ပြီး ဘီ ယာ သောက် အပန်း ဖြေ ညဘက်

မီး ပုံ ပွဲ များ မှာ ဒိတ် ပြီး ချိန်း ကြ က ကြ စ တဲ့  night out အနည်း ငယ် တော့  ရှိ ပါ

တယ် ။ ဖူး ခက် တို့  pattaya တို့  night life ကိုမမှီ ပေ မဲ့ အပန်း ဖြေ ချင် သူ တွေ အ

တွက် နှစ် သက် စရာ တစ် ခု ပါပဲ ။

စားသောက်ဆိုင်များ

လတ်လတ် ဆတ်ဆတ် ရောင်းချပေးတဲ့ ပင်လယ်စာ စားသောက်ဆိုင် များစွာ

ကော့ဖါ့ယမ်းမှာ ရှိပါတယ်။ ကျွန်းမှာ နေထိုင်ကြတဲ့ နိုင်ငံခြားသားများ ဖွင့်ထားတဲ့

အနောက် တိုင်း စားသောက်ဆိုင် များလည်း ရှိပါတယ်။ ကော့ ဖါ ယမ်း ကျွန်း

မှာ ဈေးဆိုင် ကြီးတွေတော့ မရှိပါဘူး။လမ်းမကြီးများနဲ့ လှေဆိပ် နားမှာ

ဈေးဆိုင်ငယ်လေးများရှိပါတယ်။ ကျွန်းအနှံ့မှာ ဈေးသက်သာတဲ့ အသီး အရွက်

အစား အစာ များကို ၀ယ်ယူနိုင်ပါတယ်။ ဒါ့ အပြင် ဒေသ ထွက် သီဟို စေ့  များ ကို

လည်း သုံး ဆောင် နိုင် ပါတယ် ။

Ao Kao Kwai မြောက်ဘက်မှာ တည်ရှိတဲ့ Paceluce လို့  ခေါ် တဲ့  အီတလီ

စားသောက်ဆိုင် ရှိ ပြီး ခေါက်ဆွဲ ၊ ဆလတ်၊အသားညှပ်ပေါင်မုန့်၊ ကော်ဖီ၊

ဖျော်ရည်များကို လတ်လတ်ဆတ်ဆတ် ရောင်းချပေးပါတယ်။

အရသာရှိ တဲ့ အိမ်လုပ် ကိတ်မုန့် များ၊ ပေါင်မုန့်များကို တော့  · Home Me

မှာ ရောင်းချပေးပါတယ်။ ကော့ဖါ့ယမ်း ရဲ့ အကောင်းဆုံး စားသောက်ဆိုင်

က တော့  Kruq Khun Kao ဆိုင် ဖြစ် ပြီး အကောင်းဆုံး လက်ရာက အီစန်

အစားအစာများ ကို မှာ ယူ သုံး ဆောင် နိုင် ပါ ယ် ။ ဒါ့ အပြင်

လှေဆိပ်နား ရှိ Blue Sky နှင့်  Ao Yai Beach ရှိ Phayam Lodge တို့ မှာ လည်း

နာမည် ကြီး ဆိုင် တွေ ပဲ ဖြစ် ပါတယ် ။

မည်း စမ်း သင့်  တဲ့  ယမကာ များ

ကော့ဖါ့ယမ်းမှာ ဘားနဲ့ စားသောက်ဆိုင်များစွာ ရှိပါတယ်။ ကော့ဖါ့ယမ်းရဲ့ နာမည်

ကျော် ယမကာ မှာ ကော့ဖါ့ယမ်း အုန်းရည် ပါ ၀င်တဲ့ Thai Sang Som Rum

ဖြစ်ပါတယ်။ ကော့ ဖါ ယမ်း သွား ပြီး အပန်း ဖြေ ချင် သူ များ အတွက် သိ

သလောက် လေး ကို ပြန် လည် မျှ ဝေ ပေး လိုက် ပါ တယ်

#credit

Shar Thet Man

About Shar Thet Man

Shar Thet Man has written 230 post in this Website..