#Okja လို့နာမည်ရတဲ့ ဒီဇာတ်ကား 2017, 28 June မှာ လတ်လတ်ဆတ်ဆတ် ထွက်ရှိထားတဲ့ ရုပ်ရှင်ဇာတ်ကားပါ။ NETFLIX က ထွက်ရှိထားတာဖြစ်ပြီး။ Netflix ဟာ ရုပ်ရှင်ဖြစ်ပြီး “13 Reason Why” mini series မှာ နာမည်ကြီးခဲ့ပါသေးတယ်။
အဲ့သည်နောက်ပိုင်း NETFLIX ကထွက်ရှိတဲ့ လုံးချင်းရုပ်ရှင်တွေဟာ သပ်ရပ်ပြီး ကြည့်ရတာတန်တဲ့ ရုပ်ရှင်ဇာတ်လမ်းတွေဖြစ်နေပာတယ်။ ဒီဇာတ်ကားမတိုင်ခင်မှာ NETFLIX ကပဲ ထွက်တဲ့ “The Shimmer Lake” ဆိုတဲ့ ဇာတ်ကားဟာလည်း အတော်လေး ကျေနပ်စရာကောင်းပါတယ်။
အခု ဒီ #Okja ဆိုတဲ့ ဇာတ်ကားကိုတော့ အတော်လေးသဘောကျခဲ့ရပြန်ပါတယ်။ ဒရာမာ ၊ အက်ရှင်အမျိုးအစားဖြစ်ပြီး ဇာတ်လမ်းကိုတော့ နယူးယောက်နဲ့ ကိုရီးယားနိုင်ငံမှာအခြေတည်ထားပါတယ်။ အဓိက ဇာတ်ဆောင်ကတော့ ကိုရီးယားသရုပ်ဆောင်ကလေးမလေးဖြစ်ပြီး ဒါရိုက်တာကလည်း ကိုရီးယားနိုင်ငံသားပါပဲ။
နယူးယောက်က စီးပွားရေးလုပ်ငန်းရှင်တစ်ဦးဟာ စားနပ်ရိက္ခာ ရှားပါးတဲ့ အကြောင်းပြချက်နဲ့ ဗီဇပြောင်းလဲတဲ့ ဝက်များကို ဖန်တီးခဲ့ပါတယ်။ သူတို့အဆိုအရ စူပါဝက်တွေပေါ့။ သာမာန်ဝက်ထက် အဆများစွာကြီးပြီး အစားနည်းနည်းစား ၊ မစင်နည်းနည်းစွန့်တဲ့ စူပါဝက်တွေပါ။
ပထမဦးစွာ စူပါဝက် (၂၆)ကောင်ကို တစ်ကမ္ဘာလုံးက တော်တယ်ဆိုတဲ့ လယ်သမား မွေးမြူသမားတစ်ယောက်စီကို ပို့ပေးခဲ့ပါတယ်။ နောက်(၁၀)နှစ်မှာ စူပါဝက်တွေကိုပြန်လည်ယူဆောင်ပြီး လူထုကိုချပြဖို့ပါ။
ဒီလိုနဲ့ ကိုရီယားနိုင်ငံက လယ်သမားတစ်ဦးဆီကို ရောက်ရှိခဲ့တဲ့ စူပါဝက်တစ်ကောင်ဟာ အဲ့သည်က လယ်သမားရဲ့ မြေးလေးနဲ့ငယ်စဉ်ကတည်းက သံယောဇဉ်တွယ်ခဲ့ပြီး အဲ့သည်စူပါဝက်ကလေး နာမည်က Okja (အုတ်ဂျား) ဖြစ်ပါတယ်။
(၁၀)နှစ်ပြည့်တဲ့အခါမှာတော့ (၂၆)ဦးဖြစ်တဲ့ လယ်သမားတွေဆီက စူပါဝက်တွေ လိုက်လံယူဆောင်တဲ့အခါမှာ Okja ဟာ အထူးခြားဆုံးဖြစ်နေခဲ့ပါတယ်။ Okja နဲ့ ကိုရီးယားကလေးမလေး မီဂျား တို့ရဲ့ သံယောဇဉ်ဟာ ဘယ်လောက်ထိကြီးမားတယ်ဆိုတာ ပြသသွားပြီး။ Okja ကို နယူးယောက်ကို ခေါ်ဆောင်သွားတဲ့ အခါမှာ မီဂျားဟာ Okja ကို ဘယ်လိုပြန်လည်ယူဆောင်မလဲဆိုတာ စိတ်ဝင်စားဖွယ်ရာကြည့်ရှုရမှာပါ။ ဒရာမာလည်းတစ်ဖုံ အက်ရှင်တွေလည်းအပြည့်ဖြစ်တဲ့အတွက် မီဂျားဆိုတဲ့ ကလေးမလေးသရုပ်ဆောင်ပုံကြောင့် မျက်ရည်ဝဲတဲ့အထိပါပဲ။
ဒီလအတွက် “Movie Of The Month” မှာ “Okja” ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားလေးကို နက်နက်နဲနဲ ကြိုက်နှစ်သက်မိပါကြောင်း။
လေးစားစွာဖြင့်
အောင်မိုးသူ

About အောင် မိုးသူ

ဘကြီး အောင် has written 213 post in this Website..

နာမည်အရင်းကော ကလောင်နာမည်ကော အောင်မိုးသူပါ။ လူဆန်တဲ့ လူ့ဘ၀ထဲမှာ နေထိုင်တဲ့လူတစ်ယောက်ပါ။