တပ်ချုပ်ကြီး စားပါခမျာ၊ တပ်ချုပ်ကတော်ကြီးလဲ အားမနာပါနဲ့ ကိုယ့်အိမ်ကိုယ့်ယာမှတ် သုံးဆောင်ပါ။ ဒုချုပ်ကြီးနဲ့ ကျန်ဗိုလ်ချုပ်ကြီးတွေဝိုင်းမှာလဲ လိုလေသေးမရှိ ဟင်းအလျှံအပယ် စီစဉ်ထားပါတယ်။ စစ်ရုံးတခုလုံးကို ကျွေးတာမို့ အသားဟင်း တမျိုးထဲ ဖြစ်တာ ခွင့်လွှတ်ပါ။ အသီးအရွက်ကြော်၊ အရည်သောက်၊ ငပိရည် တို့စရာ ကတော့ ဖေါခြင်းသောခြင်းပါပဲ။ ရပါတယ်ကွာ.. စစ်သားပဲ၊ တပ်ထဲမှာဆို ကလားပဲဟင်းနဲ့ငါးပိ ရောကြိတ်ရတာ။ ခုလို စေတနာနဲ့ကျွေးတာ ဝမ်းသာတယ်။ ငါတို့အူမစိုတော့တာ ကြာပြီ၊ အရပ်သား အစိုးရတက်ကထဲက ဆိုပါတော့။ တပ်မတော်မရှိရင် တိုင်းပြည် ချောက်ထဲကျမှာ၊ အားရှိအောင် တဖြဲနဖြဲ စားရတယ်.. စားချင်လို့ မဟုတ်ဘူး။ ကလားရန် အဆိုးဆုံးပဲ ဒါကြောင့် ပါကစ်စတန်ကလုပ်တဲ့ တိုက်လေယဉ်ပျံတွေ ဝယ်ထားတယ်။ ဘာဆိုင်လို့လဲ ဗိုလ်ချုပ်၊ ဆိုင်တာပေါ့ကွယ်… ငါတို့ဝယ်တော့ သူတို့တပ်ထဲ လေယာဉ်ပျံ နည်းသွားမှာပေါ့။( တေဟဲ့… မေးမိတဲ့ ကိုယ့်ပါးစပ် ကိုယ်ပြန်ရိုက်ရမယ်။ ) နေရာကား နေပြည်တော် စစ်ရုံးကြီးတွင်… ကကြောင်မှ ကာချုပ်အပါအဝင် တရုံးလုံးကို ကြက်သားဟင်း နေ့လည်စာ အလှူပြုနေခြင်း ဖြစ်သည်။ စာဖတ်သူများ အံ့သြသွားပေမည်၊ အချို့လဲ ဒီကောင် စစ်တပ်နှင့် ပင်းသွား ဖောက်ပြန်သွားပြီ စွပ်စွဲကြသည်။ ကကြောင်ကား မမှု၊ သူယုံကြည်ရာ သူလုပ်ပေသည်။

တပ်ချုပ်အတွက် ကြက်သားချက်

ဒါနဲ့ အယင်က မောင်ရင် ကိုယ်တို့စစ်တပ်ကို အမြဲပုတ်ခတ် ဝေဖန်နေတာ၊ တပ်မတော် သဘောထားအမှန် နားလည်သွားတာ ဘယ်လိုကြောင့်လဲ။ တပ်ချုပ်ကြီး ကြက်ပေါင်ကိုက်ရင်း မေးလိုက်သည်၊ ဒီလိုပါတပ်ချုပ် စစ်သားဆိုတာ ပြည်သူကပေါက်ဖွားတာ တလောက ပြည်ကိုရောက်မှ  သဘောပေါက်တယ်။ အဲဒီမှာ တပ်မ၆၆ဌာနချုပ် အခြေစိုက်တယ်လေ။ တပ်ချုပ်ဘာမေးလို့ ကကြောင် ဘာဖြေတယ် မသိ၊ ဖုန်းဂျီးယူးနဲ့လေလူး စကား အပေးအယူ ဖြောင့်နေကြသည်။ ကြက်သားဟင်း အကုန်စားပါ တပ်ချုပ်၊ အိမ်သယ်ဖို့ ပါဆယ် လုပ်ထားပါတယ်။ တပ်ချုပ် သဘော ရေရေလည်လည် ကျနေလေသည်။ ဒီလိုကောင်မျိုး ငါ့ပီအက်စ်အို ခန့်ရ ကောင်းလေစွ။

အမှန်တော့ အလှူကြက်သားမှာ ရန်ကုန်မြို့ ဈေးများထဲမှ အလကားမတ်တင်းဈေးဖြင့် ဝယ်ယူချက်ပြုတ်ထားခြင်း ဖြစ်သည်။ ရန်ကုန်တွင် H1N1 ကြက်ငှက်တုပ်ကွေး ဖြစ်သောကြောင့် မည်သူမှ ကြက်သားမစားဝံ့ချေ။ အီသည်ကို အခွင့်ကောင်းယူရွေ့ တချက်ကုတ် နှစ်ချက်ပြတ် ဒင်းတို့ မသထာရေစာစား တေလျင် ကကြောင်ကြီး စစ်အုပ်ချုပ်ရေး အဆုံးသတ်ပေးသူဖြစ်မည်၊ ဘွားဒေါ်စုထက်ပင် စွမ်းသူ မြင်ကြမည်။ ကံကောင်းလို့ မတေလဲ စစ်တပ်ထဲ မျက်နှာကောင်းရမည်။ ဂွင်ရှိက ရိုက်နိုင်မည်။ အဲဒီကျမှ ကြောင်ကို အထင်သေးနေသော ကင်းကောင်နှင့်လုမကို သွေးသောက်ညီအမဖွဲ့ခိုင်းပြီး အလုပ်အကျွေး ပြုစေမည်။ ကြောင်ကြီးကား လှေနံနှစ်ဖက်နင်းတတ်သော လွန်စွာ အကြံပိုင်သည့် ခရိုနီလောင်းလျာပင်ဖြစ်သည်။

ခိုနီကြောင်

ဦးကြောင်ကြီး

About ဦးကြောင်ကြီး

အောင်ကြူး has written 639 post in this Website..

ပန်းတပွင့် လှမ်းအစွင့် နမ်းအလင့်မှာ........... ဟတ်ချိုး ဟတ်ချိုး