ဆောင်ကြာနှင်း
အမှောင်တကာခွင်း
ဒါပေမဲ့မလင်း
ငါ့ရင်မှာမရှင်း
အနေကြာလာ
လောကအလယ်မှာ
မောဟတွေသာ
ဆောင်ထားလို့သာ
ဒုက္ခဝေဆာ
အောင်မြင်မှုမရှည်ကြာ
လင်းမလိုလိုနဲ့
နှင်းဖုံးအုပ်ရှာ
တ၀ဲလည်လည်ပါ။

မင်းသုတ
11း00 A.M
17.8.2017

About zaw win

zaw win has written 78 post in this Website..

   Send article as PDF