2nd Chance

ရုပ်ရှင် Review တော့မဟုတ်ဘူး။ ကိုယ်က Lucifer နဲ့ Super Natural Fan ဆိုတော့ ဒီကားလေးတွေက တော်တော် အားထုတ် အချက်အလက်တွေတော်တော် စုဆောင်းပြီးမှ ရိုက်တာဆိုတာ သိသာတယ်။ သရုပ်ဆောင်တွေ ကောင်းတာပြောစရာမရှိ ဒိုင်ယာလော့တွေက တချို့ဆိုတော်တော် မှတ်မှတ်သားသားရှိတယ်။

Castiel ပြောသွားတဲ့ အိန်ဂျယ်တွေက မလိမ်တတ်ဘူး ဒါပေမဲ့ “Truth is situational.” ဆိုတာမျိုး…
သူ့ကလေးကို သတ်သွားတဲ့ အိမ်ဂျယ်တွေနောက်ကို နှစ်ပေါင်းများစွာလိုက်နေတဲ့ အမျိုးသမီး နောက်ဆုံး အိမ်ဂျယ်တွေသုံးတဲ့ မန္တန်တွေသုံးပြီး အိမ်ဂျယ်တွေကို ပြန်သတ်လာနိုင်ပါတယ်။ ပြီးတော့ ဆမ် နဲ့ Dean Winchester ညီအကိုတွေနဲ့တွေ့ပြီး “Patient is the talent.” သည်းခံခြင်းဆိုတာ အရည်အချင်းပါပဲ ဆိုပြီးပြောခဲ့တာမျိုး…

ခု 2nd Change ကတော့ Lucifer မှာ…

ဇတ်လမ်းသဘောအရဆိုရင် ဖန်ဆင်းရှင် God မှာ မိန်းမရှိပါတယ်။ Goddess ဖန်ဆင်းရှင်မပေါ့။ God ကို ဘုရားလို့တော့ ဘာသာမပြန်တော့တော့ဘူး၊ တစ်ခါ ဗုဒ္ဒဘုရားက God မဟုတ်ဘူး သူက human ဆိုပြီး ငြင်းတဲ့သူရှိဖူးလို့ပါ။ God ကို The Creator လို့ ပဲပြောကြလို့ပါ။
ဆိုတော့… ဖန်ဆင်းရှင်မှာ မိန်းမရှိတယ်.. အိန်ဂျယ်တွေက သားသမီးတွေ စသည်ဖြင့်ပေါ့။ မြန်မာမှာ ဆိုရင်တော့ ဒီကား ရုံတင်လို့ရမှာ မဟုတ်ဘူး။

ဘယ့်နှယ် ဖန်ဆင်းရှင်ဆွာ FA (Forever Alone) ဟာာာာ…. ဗြဟ္မစရိယာကျင့်တာလိုမိုးပေါပါတယ် :mrgreen:
ခုတော့… အိမ်ထောင်တွေကျ ခလေးတွေနဲ့ ခွေးတွေနဲ့ဆိုတော့… စော်ဂါးလှချည်လားးးးး
ခင်ညား ခရစ်ယန် မဟုတ်ဘူးလားးးးးး

ကျနော် အင်္ဂလိပ်လူမျိုး ခရစ်ယာန်ဘာသာ… အမျိုးဘာသာမထိနဲ့ ဘယ်တော့မှ လက်မခံဘူး… ဘလာ ဘလာ ဆိုပြီး…. ဆန္ဒတွေပြ ဗီနိုင်းတွေထုတ် နေ့စားခတွေ ရလိုက်မယ်ဖြစ်ချင်းးးးးး…

ဟိ… ဟက်ချင်ရင် သဂျီးဆိုဒ် ဟက်ကြပါ ပိတ်သတ်… အနော်နဲ့မဆိုင်.. အယ်ဒီတာချုပ်မှာ တာဝန်ရှိပါတေ.. :mrgreen:
ဆက်ဆွဲရရင် ပိတ်သတ် ဖန်ဆင်းရှင်က သူ့မိန်းမ Goddess ကို ငရဲမှာလှောင်ထား သား Lucifer Morning Star ကို ငရဲကန်ချပြီး အုပ်ချုပ်ခိုင်းထားတယ် (စမောများ ဆွဲသလားမသိ.. စတာဖာ.. စတာဖာ) :mrgreen:

Goddess က လူစီဖာ Los Angeles ရောက်နေတုံး ငရဲက လွတ်လာပါတယ်။ ပြီးတော့ ချားလော့ လို့ခေါ်တဲ့ ခပ်ထက်ထက် အတ္တကြီးကြီး ခပ်ဟော့ဟော့ တစ်ယောက်အဖြစ် အသွင်ယူပါတယ်.. အဲလေ… ဝင်ပူးတယ်ပေါ့။

နောက်ပိုင်း Goddess က ပြန်ထွက်ခွာသွားတဲ့ အခါ သူ့ရဲ့ အခွံ Vessel ဖြစ်ခဲ့ဖူးတဲ့ ချားလော့က အဲ့အချိန်က အဖြစ်အပျက်တွေ လုံးဝမမှတ်မိဘဲ… တနေရာမှာ ထပ်တလဲလဲ ဖြစ်ပျက်နေသလိုခံစားရတယ် ဆိုပြီး Lucifer ကိုပြောပြပါတယ်… အဲ့နေရာက ငရဲလို့ ဖြစ်မယ်လို့လဲထင်တယ်..တဲ့။ အဲ့နေရာကို ဘယ်တော့မှ ပြန်မသွားနိုင်ဘူး ဆိုပြီး လူစီဖာကိုပြောတော့…

လူစီဖာက 2nd Chance အနေနဲ့ အခွင့်အရေးရပြီဖြစ်တဲ့အတွက် ကိုယ့်စိတ်ထဲ လိပ်ပြာမလုံတာ၊ မကောင်းဘူးလို ထင်တဲ့ဟာတွေ မလုပ်ဖို့ပြောပါတယ်…

အဲ့နေရာမှာ စိတ်ဝင်စားဖို့ကောင်းတာက ချားလော့ က ရှေ့နေပါ။ သူက တရားခံလို့ သံသယဖြစ်ခံရသူ တော်တော်များများကို လွတ်အောင် လိုက်ပေးခဲ့တယ်။ ပြောရရင် (သူမကွကိုယ်ပြောသလို) အလုပ်ကြိုးစား မကောင်းမှုဘာမှ မလုပ်သူပါ။ အဲတာကို ဘာလို့ငရဲသွားရသလဲလို့ လူစီဖာကို မေးတော့ လူစီဖာက မင်းစိတ်ထဲမှာ မင်းလုပ်နေတဲ့အလုပ်အတွက် လိပ်ပြာမသန့်ဖြစ်နေတဲ့စိတ်က ငရဲကိုပို့တာ လို့ပြောပါတယ်…

နောက် Season တစ်ခုမှာလဲ… လူစီဖာပြောထားတာ လူသားတွေက သူတို့စိတ်နဲ့ သူတို့ငရဲကျနေတာ၊ မင်းသိလား ငရဲတံခါးတွေဆိုတာ ပိတ်ထားတာ မဟုတ်ဘူး (ဆိုလိုတာက ထွက်ချင် ထွက်သွားလို့ရတယ်ပေါ့)

ဒါက စာရေးဆရာ အာဘော်ဖြစ်ပေမဲ့လည်း ဆက်စပ်စဉ်းစားမိတာက လူတွေမှာ သေခါနီး လားရာအာရုံအလိုက် သွားကြရတယ်ဆိုတာပါ။ ဝိပသနာကောင်းထားရင် အာရုံမမှားတော့ဘူး ဆိုတာလေးပါ…

ဆိုတော့… ဒီ Guilty ဖြစ်နေတဲ့စိတ်က ငရဲပို့တာ ဆိုတဲ့ စကားနဲ့ သွား ဆက်စပ်မိပါတယ်။

အဲ့ဒီမှာ 2nd Chance ရတဲ့ ချားလော့တယောက် ငရဲပြန်ရောက်မှာစိုးလို့ အလှုအတန်းတွေလုပ်၊ လူသတ်သမား လို့ထင်တဲ့ သူ့အမှုသည်တွေကို သူပြန် သေနတ်နဲ့ချိန် အမှန်အတိုင်းဝန်ခံဖို့ပြောနဲ့ တော်တော်လေး ဗရမ်းဗဒါတွေ လုပ်ကုန်ပါတယ်…..

တွေးမိတာက လူတိုင်းမှာ 2nd Chance လိုမျိုးနဲ့ ကြုံတွေ့ခဲ့ရင်… ဦးတည်ရာ အတွေးအခေါ်အယူအဆတွေ အကုန်ပြောင်းသွားနိုင်တယ် ဆိုတာပါ…

About Wow

has written 62 post in this Website..