နှလုံးသားထဲက ပုဂံမြေ (သို့) သိပ်ချစ်တဲ့ပုဂံမြေ 💞💗💕💓❤️️💚💜💙💛

Mon LayAugust 27, 201813min9114

ပုဂံကိုတော်တော်များများရောက်ဖူးကြပါတယ်။ Blogger တွေရေးတဲ့ စာတွေလိုက်ဖတ်လည်းမိုးတွင်းဆိုဘယ်သွားရင်ကောင်း

မလဲဆို ပုဂံပဲပြောကြပါတယ်။ မွန်လေးတို့သယ်ရင်းတွေပိတ်ရက်ကို ပုဂံသွားမယ်လုပ်တော့ တော်တော်များများက ပုဂံကိုရောက်

ဖူးပြီးသားတွေပဲ။ အဲထဲကမှ မွန်လေးနဲ့ မွန်လေးသယ်ရင်းတစ်ယောက်က ရောက်တော့ရောက်ဖူးတယ်။ ဒါပေမဲ့ ကလေးဘဝတွေ

ကဖြစ်နေတော့ သိပ်မမှတ်မိတော့လို့ ငါတို့၂ယောက်ထဲဆိုလည်းသွားမယ်ကွာ..ချ..ဆိုပြီး ပိတ်ရက်၃ရက်ပိတ်တဲ့အချိန်မှာ ပုဂံကို

ထွက်လာခဲ့ပါတယ်။😝 ပုဂံreview တွေလိုက်ဖတ်ကြည့်တော့ နေရာအစုံကို သေသေချာချာရေးထားတာတွေ့ပါတယ်။ ကိုယ်လည်း၃ရက်တောင်အချိန်ရမှာဆိုတော့ သွားမယ်ကွာဆိုပြီး လမ်းကြောင်းတွေဆွဲ၊ကားလက်မှတ်တွေကောက်ဖြတ် (မိတ်ဆွေတစ်ယောက်ဆီကယူ)၊ဟိုတယ်ဘွတ်ကင်တွေတင်တာပေါ့။☺️

#ဘယ်လိုသွားခဲ့လဲ🚍

သက်သာချင်တာလဲပါတော့ အသွားကို ရိုးရိုး ရွှေမန္တလာ (၁၁၀၀ဝ ကျပ်) နဲ့သွားပြီး အပြန်ကို အထူးကားပုဂံမင်းသား (၁၈၅၀ဝကျပ်)ကားနဲ့သွားခဲ့ကြတယ်။ ကြာချိန်ကတော့ ၉နာရီပါ။ ပုဂံဆိုအကောင်းဆုံးကားကိုရွေးပေးချင်တာတော့ JJပါ။ ပုဂံမှာလာကြိုတဲ့ဖယ်ရီကအစ mini bus နဲ့။ ဈေးတော့ နည်းနည်းများတယ်။ တခြားကားတွေလည်းဖယ်ရီရှိပါတယ်။ Famous လည်းကောင်းတယ်။ ဖယ်ရီစောင့်စီးရတာစိတ်မရှည်ရင် ကားငှားလည်းရတယ်။ Taxi ခတွေက ညောင်ဦး ၆၀၀၀၊ မြို့ဟောင်း ၈၅၀၀၊ မြို့သစ် ၉၅၀ဝ တရားဝင်ချထားတဲ့ဈေးတွေပါ။💰

#ဘယ်မှာတည်းခဲ့လဲ🏩🏩

အစက တည်းခိုခန်းမှာ တည်းမလို့ပဲ…ဒါပေမဲ့ သွားမှာက မိန်းကလေး၂ယောက်ထဲ..ပြီးတော့၂ယောက်သားက ရေကူးချန်ပီယံ..

အဲမှားလို့ ရေကူးချင်တဲ့သူတွေမို့..ရေကူးကန်ပါတဲ့ဟိုတယ်ကို ဈေးသက်သက်သာသာနဲ့ရှာကြည့်တော့ Bagan Princess Hotel ကိုသွားတွေ့ပါတယ်။ ရေကူးကန်လေးနဲ့ ပြီးတော့ ဟိုတယ်ဝင်းထဲကိုတန်ဆာဆင်ထားတာလေးတွေ…လှေကားလေးတွေ

လုပ်ထားတာလေးတွေနဲ့ အရမ်းကို ro တယ်။ တစ်ခုပဲ မွန်လေးတို့တည်းတဲ့အခန်းကို renovate လေးပြန်လုပ်ပေးရင်ကောင်း

မယ်ဆိုတာပါပဲ။ ဝက်ကြီးအင်းမြို ့ထဲရှိတယ်။ မြို ့ဟောင်းနဲ့ရော၊ ညောင်ဦးနဲ့ပါ နီးတော့ သွားရလာရတာ တော်တေ်ာအဆင်ပြေ

တယ်။ မနက်စာကတော့ လူများချိန်ဆို ဘူဖေးပါ။ စားလို့ကောင်းတယ်။ လူနည်းချိန်ဆိုရင်တော့ A la carte ကျွေးတယ်ပြောပါ

တယ်။✔️

📣ကားဂိတ်ကနေဖယ်ရီစောင့်စီးတာ ဟိုတယ်ကို ၈နာရီလောက်ရောက်တယ်။ အခန်းကလည်းသိပ်မစောင့်လိုက်ရဘူး။ ချက်ချင်းရတော့ အခန်းထဲဝင်၊ ရေချိုး၊ အဝတ်အစားလဲ၊ အလှူလုပ်ဖို့ ပစ္စည်းတွေ ထည့် (ပုဂံဘုရားတွေမှာ ရှိတဲ့ ကလေးလေးတွေကို အဝတ်အစား၊ စာအုပ်၊ ခဲတံ၊ ခဲဖျက်၊ ပေတံများ လှူတန်းဖို့) ကြပါတယ်။ ကိုယ်တွေ အခန်းက ဟိုးအပေါ်ဆုံး ၃လွှာ၊ ထောင့်ခန်းမို့ အခန်းကကြည့်ရင် ရေကူးကန်ကြီးကိုရော လမ်းမဘက်ကိုရော ရှင်းရှင်းလင်းလင်းမြင်ရတယ်။ လည်ဖို့ ပတ်ဖို့ အစီအစဉ်တွေ ဆွဲထားလို့ ဟိုတယ်ရှေ့က e bike ကိုငှားကြတာပေါ့။ အဲ့မှာ ပြသာနာကစတတ်တာပဲ။ 😧😧စာတွေဖတ်ကြည့်တာ စက်ဘီးစီးတတ်ရင် e bike ကအေးဆေးဆိုပြီးလေ။ တကယ်က စက်ဘီးစီးတတ်ရုံနဲ့ e bike မစီးတတ်ပါ။ 😭😭ကိုယ်တွေ့ပဲ။ E bike ငှားသမားစီးပြလည်း ဆိုင်ကယ်စီးတတ်တဲ့သူမှမဟုတ်တာကွယ်.စီးဖို့မလွယ်မှန်းသိတော့ ချက်ချင်းပဲ အသိကားကိုငှားလိုက်ရပါတယ်။🚘

ပထမဦးဆုံးသွားတဲ့ဘုရားက🙏🙏

#ထီးလိုမင်းလို ဘုရားပါ။🙏

📚နရပတိစည်သူ မင်းကြီးသည် သားတော်ငါးပါးထဲကမည်သည့်သားတော်အားထီးနန်းအရိုက်အရာခံအဖြစ် ရွေးချယ်ရမည်နည်း

ဟု စိတ်ကူးပြီးလျှင် သားတော်ငါးပါးအား တစ်နေရာ၌စုဝေးစေလျက် –“သားတော်တို့၏ အလယ်ဗဟို၌ ထီးဖြူစိုက်မည်။ ထီးဖြူလဲကျသွားသည့်ဘက်ကနေသည့်သားတော်သည် ခမည်းတော်၏ထီးနန်းကို ဆက်ခံအုပ်စိုးရမည်။ တခြားသားတော်လေး

ပါးကထီးနန်းစိုးစံသော သားတော်အား ရန်မမူဘဲ ကူညီ စောင့်ရှောက်ရမည်”ဟူ၍ မိန့်တော်မူလေသည်။ သားတော်ငါးပါးက သဘောတူကြသည်။မင်းကြီးသည် “ထီနန်း စိုးစံထိုက်သူ သားတော်ဘက် ထီးဖြူတိမ်းညွှတ်စေသတည်း”ဟုအဓိဋ္ဌာန်ပြုလျက်

သားတော်ငါးပါး၏ အလယ်တွင် ထီးဖြူစိုက်၍ လက်ကို လွှတ်လိုက်လေသည်။ ထိုအခါထီးဖြူသည် အငယ်ဆုံးသားတော်

ဇေယျသိင်္ခဘက် လဲကျသွားလေသည်။ဇေယျသိင်္ခမင်းသားအား ထီးဖြူတော်ကလည်း လိုလားသည်။ ဘုရင်မင်းကြီးကလည်း
လိုလားသည်။ ကျန်သားတော်လေးပါးကလည်း ကြည်ဖြူကြသည်။ ထို့ကြောင့် ဇေယျသိင်္ခနန်းတက်လာသောအခါ ထီးလိုမင်း

လိုဘုရင်ဟု အမည်တွင်လေသည်။ ထီးဖြူစိုက်ရာအရပ်တွင်ထီးလိုမင်းလိုမင်းကြီး ကိုးကွယ်တည်ထားသော ဘုရားကိုလည်း ထီးလိုမင်းလိုဘုရားဟု ခေါ်ဝေါ်ကြသည်။ပုဂံဘုရားများအနက် ဘုရားတည်သူ ဘုရင်၏ အမည်နာမကို အစွဲပြု၍
ဘွဲ့အမည်တွင်သောဘုရားမှာ ထိုဘုရားတစ်ဆူလောက်သာ ရှိပေလိမ့်မည်။ အချို့ကမူ ထီးလိုမင်းလိုမှာတိလောကမင်္ဂလာ

ဟူသော ပါဠိအမည်မှ ပုဒ်ပျက် ပါဌ်ပျက် ဖြစ်သွားပြီး ထီးလိုမင်းလိုဖြစ်လာသည်ဟုဆိုကြသည်။ ထီးလိုမင်းလို ဘုရားသည် ပုဂံရှိ ကြီးကျယ်ခမ်းနားသော ဘုရားများထဲတွင် နောက်ဆုံးတည်သော ဘုရားဖြစ်သည်။ထီးလိုမင်းလိုမင်းသည် ထီးလိုမင်းလိုဘုရား

အပြင် သီဟိုဠ်(သီရိလင်္ကာ)ပုံစံ စေတနာဘုရားနှင့်မဟာဗောဓိပုံစံ မဟာဗောဓိစေတီကိုလည်း တည်သည်။ သူ့ခမည်းတော် လက်စသတ်မသွားသောဂေါဓောပလ္လင်ဘုရားကိုလည်း ပြီးအောင် တည်သည်။ ထီးလိုမင်းလိုဘုရားသည် ပုဂံအရှေ့ဘက် တစ်မိုင်ခန့်အကွာ ညောင်ဦး-ပုဂံလမ်းမဘေးတွင်တည်ရှိသည်။ ဘုရား၏အရှေ့မုခ်သည် ညောင်ဦးဘက်လှည့်နေပြီး အနောက်ဘက်မုခ်မှာပုဂံဘက်လှည့်နေသည်။ လမ်းမကြီးမှာ ဘုရား၏ မြောက်ဘက်ကျသည်။ ကားလမ်းဘက်က မုခ်သည်
ထီးလိုမင်းလိုဘုရား၏ အရှေ့မုခ် မဟုတ်ပေ။ မြောက်ဘက်မုခ်ဖြစ်သည်။ သို့သော်လည်းမြောက်ဘက်မုခ်မှာကား လမ်းဘက်

လှည့်နေပြီး ကားလမ်းနှင့်ကပ်နေသဖြင့် ဘုရာဖူးများသည် အရှေ့မုခ်ကအဝင်အထွက်နည်းလျက် မြောက်ဘက်မုခ်မှသာလျှင် ဝင်ကြထွက်ကြသည်။ ထို့ကြောင့် ထီးလိုမင်းလိုဘုရား၌ အရှေ့မုခ်တွင် မစည်ကားဘဲ မြောက်ဘက်မုခ်၌ စည်ကားနေသည်။
ပုဂံခရီးသည်သည် ထီးလိုမင်းလိုဘုရးသို့ ရောက်လာသည်။ ထီးလိုမင်းလိုဘုရားသည်ရွှေစည်းခုံဘုရားလို ဘုရားဆောင်ပေါ်က ဘုရားမျိုးမဟုတ်ဘဲ ပြတိုက်ထဲကရှေးဟောင်းပစ္စည်းဘုရားမျိုးဖြစ်၍ ရွှေရောင်လည်း ဝင်းမနေပေ။ ထုံးရောင်လည်း ဖွေးမနေပေ။ ပုဂံခေတ်ဘုရားတည်စကကဲ့သို့ပင် ပကတိ အုတ်နီရောင်သာ ပေါ်နေသဖြင့် ပုဂံခေတ်က ပုံစံအတိုင်းပင်ဖူးတွေ့နေရလေသည်။ ထီးလိုမင်းလိုဘုရားသည် ပုဂံတစ်ဝိုက်ရှိ ကြီးမားသော လိုဏ်ဂူဘုရားကြီးများထဲတငွ ်တစ်ဆူအပါအဝင်ဖြစ်ပြီး အနီးအနား ပတ်ဝန်းကျင်တစ်ဝိုက်၌ ကောင်းကင်အထိ မြင့်မားထိုးထွက်နေသောအကြီးဆုံးဘုရားကြီးဖြစ်သည်။ အောက်ခြေမှ ကွမ်းတောင်

ထိပ်အထိ ပေ ၁၅ဝ ခန့်မြင့်သည်။အောက်ခြေပတ်လည်မှာ တစ်ဘက်စီ ပေ ၁၄ဝ ရှည်သည်။ အာရုံခံခန်းမကြီးကို အရှေ့ဘက်
မျက်နှာမူထားပြီး အခြားသုံးဘက်၌လည်း မုခ်ခုံးအာရုံခံများ ရှိသည်။ဘုရားကြီးတစ်ဆူလုံးသည် အင်္ဂတေပန်း၊ ဘီလူးပန်းဆွဲ၊ တိုင်ထောင့်ပန်း၊ အမိုးပန်း၊ တိုင်ဖုံးပန်း၊ပုလဲကုံးစသော ရှေးဟောင်းအနုပညာလက်ရာများဖြင့် ပုဂံခေတ်အသွင် ဆောင်နေသည်။
ပစ္စယာအဆင့်ဆင့်၌ စဥ့်ကွက် စဉ့်ပန်းများကို တွေ့ရသည်။ အတွင်းနံရံများရှိ ပန်းချီဆေးရေးများမှာရာသီဥတုနှင့် ပိုးမွှားများ၏ အန္တရာယ်ကြောင့် ရှေးအသွင် မှေးမှိန်ပျောက်ကွယ်နေကြပြီ။ဘုရားကြီးတွင် အထပ်နှစ်ထပ်ရှိသည်။ အပေါ်ထပ်သို့တက်ရန်

လှေကား နှစ်ခုရှိ၏။နှစ်ထပ်စလုံးတွင် ဗုဒ္ဓရုပ်ပွားတော်များ ရှိသည်။ အရှေ့ဘက်မုခ်မှဝင်လျှင် ဗုဒ္ဓရုပ်ပွားတော်ကြီး၏ရှေ့မှောက်
တန်းရောက်သွားသည်။ တခြားမျက်နှာများ၌လည်း ဗုဒ္ဓရုပ်ပွားတော်များ ရှိကြသည်။ အပေါ်ထပ်တွင်လည်းအလွန်တရာ သပ္ပါယ်သော ဗုဒ္ဓရုပ်ပွားတော်ကြီးရှိသည်။ အပေါ်ထပ်တက်သော လှေကားမှ တက်သွားလျှင်ကွမ်းတောင်ပတ်လည် အခြေအထိ ရောက်သည်။

#credit

မွန်လေးတို့လည်း ဘုရားဖူးပြီး ပြန်ထွက်လာခဲ့တယ်။

# ပြဿဒ်ကြီး🙏

အေဒီ (၁၂)ရာစုက ကျစွာမင်းတည်ခဲ့တဲ့ ဘုရားပါ။ ၂ထပ်လှိုဏ်ဂူပုံစံနဲ့တည်ဆောက်ထားတာပါ။ မနန်းစုရဲ့ ရူးအောင်ချစ်ရသူ

သီချင်းထဲမှာ Drone နဲ့ရိုက်ထားတဲ့ဘုရားပါ။

#စူဠာမနိဘုရား🙏
📚စူဠာမဏိ ဘုရားသည် ကွမ်းတောင်ပေါက် လိုဏ်နှစ်ဆင့်ဂူဘုရားဖြစ်ပြီး အေဒီ ၁၁၈၃ တွင် နရပတိစည်သူမင်း (အေဒီ ၁၁၇၄-၁၂၁၁) တည်ခဲ့သည်။ စူဠာမဏိ ဘုရားကျောက်စာအရ နရပတိ စည်သူမင်းသည် ၂ဝ အောက်တိုဘာ ၁၁၈၃ တွင် ပုဂံအရှေ့ဘက် ခြောက်မိုင် အကွာ တုရင်းတောင်သို့ ထွက်ခွာစဉ် တောက်ပသော အရောင်ကို မြင်မိသည်။ နရပတိ စည်သူမင်းက မှူးမတ်တို့အား “ထို တောက်ပသော အရာသည် မီးလော ” ဟုမေးမြန်းရာ မှူးမတ်တို့က “မီး” ဟု လျှောက်
တင်ခဲ့သည်။ နရပတိ စည်သူများသည် တုရင်းတောင်မှ အပြန်တွင် ထိုတောက်ပသော အရာပေါ် ထွက်နေသည့် နေရာကို
မြတ်စွာတကား ဟုဆို၍ ဂူတည်ဆောက်ရန် အရာနင်းခဲ့သည်။ ထို့နောက် ထိုနေရာတွင် လိုဏ်နှစ်ဆင့် ဂူဘုရား တည်ဆောက်ခဲ့သည်။ နရပတိ စည်သူများကြီးသည် စူဠာမဏိ ဘုရား တည်ဆောက်ပြီးစီး သောအခါ ရေစက်သွန်း အမျှဝေခဲ့သည်။ သာသနာတော် အနှစ် ၅၀၀ဝ တည်တံ့ရန် ရည်ရွယ်၍ လယ်ယာမြေများလည်း လှူဒါန်းခဲ့သည်။ စူဠာမဏိ ဘုရားတွင် နံရံဆေး ပန်းချီများ၊ အင်္ဂတေ ပန်းလက်ရာများ၊ စဉ့်ကွင်းများကို လေ့လာနိုင်သည်။ စူဠာမဏိ ဘုရားတွင် ပုဂံခေတ်၊ အင်းဝခေတ် နှင့် ကုန်းဘောင်ခေတ် လက်ရာ နံရံပန်းချီများကို တွေ့ရသည်။ ဂူဘုရား မြေညီထပ် အလယ်မဏ္ဍိုင် ပတ်လည် စင်္ကြပေါင်းကူး မျက်နှာကြက်တွင် အဝါရင့် နှင့် အနက်ရောင် ဆေးတို့ဖြင့် ရေးဆွဲထားသည့်ပုဂံခေတ်လက်ရာ ခြူးပန်း ခြူးနွယ် နှင့် ကနုတ်ပန်းများ ရှိသည်။ မြေညီထပ် ဗုဒ္ဓရုပ်ပွား ဆင်းတုကြီး များ၏ ဘေးနှင့် စင်္ကြနံရံတွင် ကုန်းဘောင်ခေတ် လက်ရာနံရံပြည့်
ရေးဆွဲထားသည့် ဗုဒ္ဓရုပ်ပွားပုံ၊ မြတ်စွာ ဘုရားဝါဆိုစဉ်များ၊ နှစ်ကျိပ်ရှစ်ဆူ ဘုရားပုံ၊ ဧတဒဂ်ရ ပုဂ္ဂိုလ်များနှင့် ဗုဒ္ဓ၏တပည့် သာဝက (၈၀) တို့၏ ပုံများရှိသည်။ ဂူဘုရား အတွင်း ခေတ်အဆက်ဆက်က ရေးမှတ်ခဲ့သော နံရံကမ္ပည်း စားများရှိပြီး အချို့မှာ သင်္သကရိုက်ဘာသာ၊ အချို့မှာ ရှေးမြန်မာ အက္ခရာ တို့ဖြင့် ရေးထိုးထားသည်။ ဂူဘုရား၏ အပြင်ပတ်လည်တွင် အင်္ဂတေပန်းတော့ လက်ရာများ ဖြစ်သည့် တိုင်ဖုံးပန်းများ၊ ဘီလူး ပန်းဆွဲများ၊ ကနုတ်ပန်းများ၊ ပုလဲလုံးများ၊ ရာမလက်ညှိုးနှင့် စုလစ်မွန်းချွန် တံကဲပန်းများကို လေ့လာနိုင်သည်။ ဂူဘုရား၏ ပစ္စယာအဆင့်ဆင့် စိန်တန်းများတွင် စဉ့်ဝါနှင့် စဉ့်စိမ်းရောင် စဉ့်ကွက် စဉ့်ပန်းများဖြင့် မွမ်းမံ တန်ဆာဆင် ထားသည်။
#credit
ဒီဂူဘုရားကို ကာရံထားတဲ့ တံတိုင်းရဲ့ အုတ်စီလက်ရာက ကမ္ဘာကအံ့အားသင့်လောက်အောင် ကောင်းတယ်တဲ့။ အုတ်ချပ်
တစ်ခုနဲ့တစ်ခုအကြား အပ်တောင်ထိုးလို့မရဘူးတဲ့။ ပုဂံခေတ် ပန်းရံအတတ်ပညာရဲ့ ကြီးကျယ်ခမ်းနားခဲ့ပုံကတော့ တကယ့်ကို
အံ့မခန်းစရာပါပဲ။

ထူးခြားတာက အဲ့ဘုရားကို ၂ခါပြန်ရောက်ခဲ့တာပါပဲ။ ဘာလို့ဆို ဘယ်မှာမှရှာမတွေ့နိုင်တဲ့ မြန်မာဝတ်စုံကိုဝယ်လို့ရတာကြောင့်

ထပ်လိုချင်တာနဲ့ ပြန်ဝယ်ဖို့သွားခဲ့တာပဲဖြစ်ပါတယ်။

#ထုမှာ ဓမ္မရံ🙏
❤️အကြိုက်ဆုံးဘုရားပါ။ ပုဂံ​ဒေသမှာလည်း ထုထည်​အကြီးမားဆုံး ဘုရားပါ။ ဒီဘုရားကြီးဟာ တခြားဘုရား​တွေရဲ့ သမိုင်​းနဲ့ သိပ်​မတူဘဲ ကွဲပြား​နေတယ်။ အထူးသဖြင်​့ သမိုင်​းဆိုးလို့ ​ပြောလို့ရတယ်​။ ဒီ ဓမ္မရံကြီးဘုရားကို နာမည်​ဆိုးနဲ့ ​ကျော်​ကြားတဲ့မင်​း နရသူကတည်​ထားခဲ့တာပါ။ ဖခင်​ အ​လောင်​းစည်​သူမင်​းကိုလုပ်​ကြံပြီး သား​တော်​နရသူ နန်​းတက်​ပါတယ်​။ နရသူဟာ ကြမ်​းကြုတ်​ပြီး​တော့ ​နောင်​​တော်​ကိုလည်​း အဆိပ်​ခတ်​ခဲ့သူပါ။ သူ့ကို မလိုလားတဲ့သူ​တွေကိုလည်​း လုပ်​ကြံသတ်​ဖြတ်​ပါတယ်​။ နရသူမင်​းဟာ ဒီ​စေတီ​တော်​တည်​​တော့ အာဏာ​တော်​ပြင်​းထန်​တာမို့ ပန်​းရံတို့ဟာ​ ​စေ့​စေ့စပ်​စပ်​လုပ်​​ဆောင်​ရပါတယ်​။ နရသူမင်​းရဲ့ မိဖုရားပဋိက္ခရားမင်​းသမီးဟာ မင်​းကြီးသန်​့သက်​​ရေ မသုံးလို့ စက်​ဆုပ်​​ကြောင်​းပြခဲ့တယ်​။ အဲဒါနဲ့ မင်​းကြီးဟာ မိဖုရားကို သတ်​​စေပါတယ်​။ ဒါကို မိဖုရားရဲ့ခမည်​း​တော်​ကြားပြီး ကုလားစစ်​သည်​ ၈​ယောက်​ကို ​စေလွှတ်​၊ ပုဏ္ဏားဟန်​
​ဆောင်​​တော်​မူ​စေတယ်​။ နရသူမင်​းဟာ ဓမ္မရံကြီး​ဘုရားကို ဖူး​မျှော်​ဖို့ထွက်​​တော့ အဲဒီပုဏ္ဏားဟန်​​ဆောင်​သူ​တွေဟာ လုပ်​ကြံခဲ့ပါတယ်​။ ဒါ့​ကြောင်​့ နရသူမင်​းကို ကုလားကျမင်​းလို့လည်​း ရာဇဝင်​မှာ ​ဖော်​ပြပါတယ်​တဲ့။ ​စေတီ​တော်​ကြီးက အလွန်​ကြီးမားလို့ တည်​ကတည်​းက ပြီး​အောင်​မတည်​နိုင်​ခဲ့ဘူး။ ​နောင်​အခါ ပြုပြင်​ဖို့ခက်​ခဲတာမို့ ​အောက်​ခံကုလား​ကျောင်​းတိုက်​ဂူကိုသာ တည်​ခဲ့ပါတယ်​။ ဓမ္မရံကြီးဘုရားဟာ မြန်မာပြည်ရဲ့ အကြီးမားဆုံးသော ဗုဒ္ဓဘာသာဆိုင်ရာအဆောက်အုံဖြစ်ပါတယ်။ 🍀ထူးခြားချက်ကတော့မူလက အတွင်း ဆင်းတုလေးဆူနဲ့ လိုဏ်ပတ်လမ်းများနဲ့တည်ဆောက်ခဲ့တာပါ။ ပန်းချီများရေးဆွဲပြီးကာမှ မခန့်မှန်းနိုင်တဲ့ အကြောင်းအရာတစ်ခုကြောင့် အတွင်း လိုဏ်ပတ်လမ်းကို အုတ်နဲ့ အပြည့်စီပိတ်ခဲ့တာပါ။ဓမ္မရုံကြီးဘုရား
မြောက်ဘက် ပလ္လင်တစ်ခုတည်းအပေါ်မှာ ဗုဒ္ဓဆင်းတုနှစ်ဆူကိုတည်ထားပြီး မျက်နှာတော်ကိုရွှေချထားတယ်။ အဲ့ဆင်းတု
တော်နှစ်ဆူဟာ ကျန်အရာအားလုံးပုံစံတူသော်လည်း မတူညီတဲ့ အပြုံးကိုယ်စီရှိကြတယ်တဲ့။

#အနု မှာ အာနန္ဒာ🙏

အာနန္ဒာဘုရားက ပုဂံ​ ဘုရား​တွေထဲမှာ အနုပညာလက်​ရာအ​ကောင်​းဆုံး ဘုရားတစ်​ဆူဖြစ်​ပါတယ်​။ မုခ်​၄ဘက်​စလုံးက​နေ ဘုရားကိုဝင်​​ရောက်​နိုင်​တယ်​။ အာနန္ဒာဘုရားကို ကျန်​စစ်​သားမင်​းကြီးက ဘဒ္ဒကမာ္ဘမှာပွင်​့​တော်​မူပြီး​တဲ့ ဘုရား​လေးဆူကို ရည်​မှန်​းပြီး ဘုရားရုပ်​ပွား​တော်​​လေးဆူနဲ့ လိုဏ်​ဂူ​စေတီ တည်​ခဲ့တာဖြစ်​ပါတယ်​. အာနန္ဒာဘုရားရဲ့ အဓိပ္ပါယ်​က နှစ်​သက်​စရာပါတဲ့။ အာနန္ဒာဘုရား ​တောင်​ဘက်​မုဒ်​မှာ ဖူး​တွေ့ရတဲ့ ရပ်​​တော်​မူဆင်​းတု​တော်​က ၁၁ရာစု ပထမဦးဆုံးရုပ်​ရှင်​​တော်​ ပါတဲ့။ အ​ဝေးကကြည်​့ရင်​ ပြုံး​တော်​မူပြီး အနီး​ရောက်​ရင်​ တည်​ကြည်​သွားတာပါ။ အံ့ဩစရာနော်။ 😱အာနန္ဒာဘုရားမှာ ထူးဆန်းဖို့ကောင်းတာရှိပါသေးတယ်။ အဲတာကတော့လိုဏ်​ဂူထဲမှာ စကားကျယ်​ကျယ်​​ပြောရင်​ လိုဏ်​သံမရိုက်​ဘူးတဲ့။ ပြီး​တော့ အလင်​း​ရောင်​ ဝင်​တဲ့စနစ်​​တွေကလည်​း သိပ်​​ကောင်​းတယ်တဲ့။ ရွှေသင်္ကန်းလည်းကပ်လို့ရလို့ ကပ်ခဲ့ပါတယ်။အာနန္ဒာဘုရားအနီး လက်​​ဆောင်​ပစ္စည်​း​ဈေးတန်​း​တွေဆီ လှမ်​းခဲ့​သေးတယ်​။ ကြိုးဆွဲရုပ်​​လေး​တွေ၊ ပုဂံအမှတ်​တရ အဝတ်​အထည်​​တွေ၊ အမျိုးအစားစုံလင်​နေရောပဲ။🐦🦉👗👚

#ဉာဏ်​​ မှာ သဗ္ဗညု🙏

ပုဂံ​မှာ ဉာဏ်​​တော်​အမြင်​့ဆုံးဘုရားက သဗ္ဗညုဘုရားပါ။ သဗ္ဗညုဆိုတာ သိစရာအားလုံးကို အကုန်​အစင်​သိ​တော်​မူခြင်​း လို့ အဓိပ္ပါယ်​ရပါတယ်​။ သူကလမ်းမကြီးကနေ အထဲကို ကားဝင်ခွင့် မပေးလို့ လမ်းလျှောက်ပြီး တော်တော်ဝင်ရပါတယ်။ ကား​တွေက ဘုရားအနီးကို သွားလို့မရပါဘူး။ ပြီးခဲ့တဲ့ ၂၀၁၆ ငလျင်​က သဗ္ဗညုဘုရားဟာ ​တော်​​တော်​​လေး ထိခိုက်​သွားတာမို့ ဘုရားပိုမိုပြီး ထိခိုက်​မှာစိုးတဲ့အတွက် ​ကား​တွေကို ဝင်​ခွင်​့မ​ပေးပါဘူးတဲ့။ ဘုရားလိုဏ်​ဂူအတွင်​းဘက်​ကို ၄​ပေါက်​ရှိ​ပေမယ်​့ တစ်​​ပေါက်​တည်​းကိုသာ ဖွင်​့ထားပါတယ်​။ ကျန်​တဲ့အ​ပေါက်​​တွေက သံပန်​း​တွေနဲ့ ပိတ်​ထားတာပါ။အရှေ့ကနေဝင်လို့မရပါ။ ဘေးဘက်ကနေ

ပတ်ဝင်မှရောက်ပါတယ်။ သဗ္ဗညုဘုရားကို အ​လောင်​းစည်​သူမင်​းကြီး တည်​ထားကိုးကွယ်​ခဲ့တာ ဖြစ်​ပြီး​တော့ မြတ်​စွာဘုရား

သီတင်​းသုံး​တော်​မူတဲ့ သာဝတ္ထိပြည်​အ​ရှေ့မျက်​နှာ ပုပ္ဖါရုံ​ကျောင်​း​တော်​သဏ္ဍာန်​ရှိပါတယ်​။ အဲ့ဒီနေရာမှာ ရုပ်သေးရုပ်လေးတွေ၊ ပုသိမ်ထီးလေးတွေ၊ ဆွမ်းအုပ်တွေနဲ့ ဓါတ်ပုံရိုက်လို့ လှမှလှ။ ကိုယ်ဆို ရိုက်ရတာပျော်လွန်းလို့ အိုင်တင်တောင်မထပ်ခဲ့ဘူး။😆

နေရာတိုင်းမှာ ရှိပေမယ့် အဲ့နေရာက ပိုလှတယ်ဆိုပြီး ကားဆရာက ညွှန်းပေးလို့ ပုံတွေအဝရိုက်ခဲ့တယ်။ ကျေးဇူးတင်ပါတယ်

ကားဆရာ။🤗👍

#ဗူးဘုရား🙏
ဧရာဝတီမြစ်ကမ်းနားဘေးနားမှာဆိုတော့ လေလေးတစ်ဖြူးဖြူးနဲ့ တအားနေလို့ကောင်းပါတယ်။ တချို့ဆို sunset ကို ဗူးဘုရား
မှာတောင် ကြည့်ကြပါတယ်။ 🌇🌇ဘုရားရင်​ပြင်ဘေး​ကလှေကားနဲ့ဆင်းသွားရင် မြစ်​ကမ်​းနား​ဘေးနားမှာ ငါးသေးသေးလေးတွေ​ကြော်​​ရောင်​း​နေတာ​တွေ့ရတယ်​။ အဲ့ဗူးဘုရားဆိပ်ကမ်းကပဲ တန့်ကြည်တောင်ကို သွားလို့ရပါတယ်။ လှေဆိပ်ရှိပါတယ်။🛶
#ကန်တော့ပလ္လင်🙏
📚ကွမ်းတောင် ပေါက်လိုဏ် လေးဆင့် ဂူဘုရား ဖြစ်ပြီး အေဒီ (၁၂၀၃) တွင် နရပတိ စည်သူမင်း တည်ခဲ့သည်။ ဘုရားမပြီးမီ နရပတီ စည်သူမင်း အနိစ္စ ရောက်သွား သဖြင့် သားတော် နားတောင်း များမင်းက လက်လက် တည်ခဲ့ရာ (၂၆) မတ် (၁၂၂၇) တွင် ပြီးစီးခဲ့သည်။ ကန်တော့်ပလ္လင် ဘုရားအတွင်းရှိ နံရံများကို ထုံးသုတ်ခဲ့ ကြသဖြင့် ဘုရားရှိ နံရံဆေးရေး ပန်းချီများ ပျက်စီး ဆုံးရှုံးခဲ့ရသည်။ ကန်တော့ပလ္လင် ဘုရား၌ မူလက စိန်တန်းများ တစ်လျှောက် တွင် စဉ့်ကွင်းများ အပြည့် ရှိခဲ့ သော်လည်း ယခုတွင် စဉ့်ကွင်း အနည်း ငယ်သာ တွေ့ရ တော့သည်။ ကန်တော့ပလ္လင် ဘုရား၏ အုတ်စီ အုတ်နင်း နှင့် တည်ဆောက်ပုံ ဗိသုကာ လက်ရာ အဆင့် အတန်း မြင့်မား သည်။ ဘုရား၏ အပေါ်ထပ်နှင့် အောက်ထပ် ချင်မိတ် တိုးတန်း အောက်ရှိ ဖောင်းလုံး တန်းကို သဲကျောက် များဖြင့် တည်ဆောက် ထားသည်။ ဘုရား၏ ထောင့်များတွင် ကျင်တွယ်ပုံ ထောင့်ချုပ် ကျောက်တုံးများ ထည့်သွင်း ပြုလုပ် ထားသည်။
#credit
#မြစေတီကျောက်စာနှင့် ဂူပြောက်ကြီး🙏
📚ဂူပြောက်ကြီး (မြင်းကပါ) ကို ကွမ်းတောင်ပေါက် လိုဏ်နှစ်ဆင့်ဂူ ဘုရားဖြစ်ပြီး အေဒီ(၁၁၁၃) တွင် အမတ်ကြီး ရာဇကုမာရ် (ကျန်စစ်သားမင်း နှင့် သမ္ဘူလ မိဖုရား တို့၏သား)က တည်ခဲ့တယ်။ ကျန်စစ်သားမင်းသည် အေဒီ (၁၀၈၄) တွင် ပုဂံထီးန်းကို ရရှိခဲ့ပြီး နန်းစံနှစ် (၂၈) နှစ် အေဒီ (၁၁၁၃) အရောက်တွင် မကျန်းမမာ ဖြစ်ခဲ့သည်။ ထိုအချိန်တွင် ကျန်စစ်သား နှင့် သမ္ဘူလ မိဖုရား တို့မှ မွေးဖွားသည့် ရာဇကုမာရ်သည် ဖခင်၏ ကျေးဇူးကို အောင့်မေ့သတိရကာ ရွှေဆင်းတု တစ်ဆူ ပြုလုပ်၍ ဖခင် ကျန်စစ်သားမင်းထံ သွားရောက်ပြီး ဤဘုရားကို ဖခင်အတွက် ပြုလုပ်ခြင်း ဖြစ်ကြောင်း ဖခင်ပေးထားသော ကျွန်သုံးရွာကို လည်းဤဘုရားအား လှူကြောင်း လျှောက်ထားခဲ့သည်။ ကျန်စစ်သားမင်းက ရာဇကုမာရ်၏ မိဘကျေးဇူး သိတတ်မှုအတွက် နှစ်သက် ဝမ်းမြောက်စွာနှင့် သာဓုခေါ်ကာ ရေစက်သွန်းခဲ့သည်။ ရာဇကုမာရ်သည် ထိုဘုရားကို ဌာပနာ၍ ဂူပြောင်းကြီး (မြင်းကပါ) ဘုရားကို တည်ခဲ့သည်။ဂူပြောက်ကြီး (မြင်းကပါ) ဘုရားအတွင်း နံရံဆေးရေးပန်းချီများမှာ ဗုဒ္ဓဝင် ပန်းချီများဖြစ်သည့် မြတ်စွာဘုရား တာဝတိ ံသာမှ ဆင်းလာခန်း၊ မြတ်စွာဘုရား တရားဟောခန်း နှင့်ဘုရား ဝေသာလီပြည်သို့
လှေဖြင့် သွားပုံ (၅၅၀) ဇာတ်ကွက်များ၊ ကောသလမင်း အိပ်မက် (၁၆)ချက်၊ (၅၄၄)ဘီစီတွင် ရာဇဂြိုဟ်ပြည် အဇာတသတ်မင်း လက်ထက် ပထမသင်္ဂါယနာ တင်ပွဲ၊ (၄၄၄)ဘီစီတွင် ဝေသာလီပြည် ကာဠာ သောကမင်းလက်ထက် ဒုတိယသင်္ဂါယနာ တင်ပွဲ၊ (၃၀၉) ဘီစီတွင် ပါဋလပုတ်ပြည် သီရိဓမ္မာသောက မင်းကြီး (အသောက) မင်းလက်ထက် တတိယသင်္ဂါယနာ တင်ပွဲ အပါအဝင် အခြား ဗုဒ္ဓဘာသာနှင့် သက်ဆိုင်သည့် အကြောင်းအရာ များဖြစ်သည့် သီဟိုဠ်နိုင်ငံ ဧဠာရမင်းသည် နန်းတော်ရှေ့တွင် တရားခေါင်းလောင်း ချိတ်ဆွဲကာ တရားသဖြင့် အုပ်ချုပ်ပုံ၊ သီဟိုဠ်နိုင်ငံ ဒေဝါနံပီယမင်း နှင့် ရှင်မဟိန္ဒတို့ အမေးအဖြေခန်း ပန်းချီများ ဖြစ်သည်။ ထို့ပြင် နတ်သား နတ်သမီးများ ကနေပုံ၊ နန်းတွင်းသူ နန်းတွင်းသားများပုံ၊ ပုဂံခေတ် အမျိုးသား အမျိုးသမီးပုံ များလည်း ရှိသည်။ (၁၉၈၄) မှစ၍ ရှေးဟောင်း သုတေသနဦးစီးဌာန သည် ကုလသမဂ္ဂ အကူအညီဖြင့် ဂူပြောက်ကြီး (မြင်းကပါ) ဘုရား အတွင်းရှိ နံရံဆေးရေး ပန်းချီများနှင့် မင်စာများကို ဓာတုဗေဒနည်းဖြင့် ပြန်လည်ထင်ရှား ပေါ်လွင်လာအောင် ဆောင်
ရွက်ခဲ့သည့် အတွက် ဘုရားရှိ နံရံဆေးရေး ပန်းချီများ နှင့် ရှေးဟောင်း မွန်ဘာသာ ကမ္ပည်းစာများကိုဖတ်ရှု လေ့လာနိုင်ပြီ
ဖြစ်သည်။
#credit
ဂူပြောက်ကြီးဘုရားအတွင်းထဲမှာ အကောင်းပကတိကျန်ရှိနေသေးသော ပုဂံခေတ်နံရံဆေးရေးများကိုရေးဆွဲထားပါတယ်။ ဆုတောင်းလည်းပြည့်တယ်ပြောကြပါတယ်။အဲ့ စေတီအနားမှာလည်း ပျု၊ မွန်၊ မြန်မာ၊ ပါဠိဘာသာ၄မျိုးနဲ့ ရေးထိုးထားတဲ့
မြစေတီကျောက်စာကိုလည်း လေ့လာကြည့်ရှုခဲ့ပါသေးတယ်။ အကြောင်းအရာတစ်ခုတည်းကိုရေးထိုးထားလိုု့ မြန်မာစာပေ

သမိုင်းအတွက်အဖိုးမဖြတ်နိုင်တဲ့ရတနာဖြစ်ပါတယ်။မူရင်းကျောက်စာကို ပုဂံပြတိုက်တွင်ပြသထားပါတယ်တဲ့။

# မနူဟာဘုရား🙏

📚သံသရာဝယ် ကျင်လည်သရွေ့ သူနိုင်သည်ကို မဖြစ်လို ဟူသော ဆုတောင်းနှင့်အတူ ဂန္ဓကုဋီတိုက်အတွင်း မဆန့်မပြဲသော ဆင်းတုတော် တစ်ဆူကို တည်ကာ အကျဉ်းချခံရသောနန်းကျ ဘုရင် တစ်ဦး၏ ဘဝသည် မည်မျှမွန်းကြပ်ပင်ပန်းလှ ကြောင်းကို ထုတ်ဖော်ပြသည့် ဘုရားတစ်ဆူပုဂံတွင် ရှိသည်။ ထိုဘုရားဒကာ သည်အခြားမဟုတ် ပုဂံနေပြည်တော်အတွက် ပိဋကတ် ( ၃ ) ပုံ တောင်းခံ ခြင်းကိစ္စမှ အခြေတင်ဖြစ်ကာ စစ်မက်ဖြစ်ပွားခဲ့ရပြီး စစ်ရှုံးသဖြင့် ဖမ်းစီးခေါ်ဆောင်ခြင်းခံရကာသထုံဘုရင်

မနူဟာမင်း၏ ကောင်းမှုတော်ဘုရားတစ်ဆူဖြစ်လေသည်။မနူဟာမင်း အကြောင်းအနည်းငယ်ပြောရမည်ဆိုလျှင် ဘွဲ့တော် မှာ သီရိ တြိဘဝနာ ဒိတျာပဝရ ဓမ္မရာဇာ ဖြစ်ကာ သထုံပြည်တွင် မင်းပြုသော သီဟရာဇာမင်းမှ ( ၄၈ ) ဆက်မြောက် ဘုရင်

တစ်ပါး ဖြစ်ကာ ဆင်ဖြူတော် ( ၃၂ )စီး ပိုင်ဆိုင်သည်။ ပရိယတ္တိ သာသနာ တော်ရှိမှ သာသနာခရီးဆက်နိုင် မည်ဟူသော ရှင်အရဟံ၏ မိန့်ကြားမှုအရ အနော်ရထာမင်းသည် ပိဋကတ် တော်များကို တောင်းယူရန် သထုံပြည်သို့အပြောအဆို

ကောင်းမွန်ပြီး လိမ္မာသော အမတ်တစ်ဦးကို လက်ဆောင်ပဏ္ဏာများနှင့်အတူ စေလွတ်လိုက် သည်။မနူဟာဘုရင်သည် ပုဂံ၏တောင်းဆိုချက်များကို မချေမငံ ငြင်းဆန် သဖြင့် အနော်ရထာသည် သက္ကရဇ် ( 1057 ) တွင် သထုံသို့ ကြည်းတပ်၊ ရေတပ် တို့ဖြင့် စေလွတ်သည်။ ကျန်စစ်သား၊ ငထွေးရူး၊ ငလုံးလက်ဖယ် ၊ ညောင်ဦးဖီး တို့အား ရှေ့မှချီတက်စေကာ မိမိ က နောက်မ တပ်မနှင့် လိုက်လေသည်။

မနူဟာသည် မြို့တံခါးကို လုံခြုံအောင် အစီအရင် ဖြင့် ပိတ်ကာ သေချာခုခံ သဖြင့် အချိန်ကြာသည်အထိ လုပ်ကြံမရဘဲ ရှိလေသည်။ လုပ်ကြံမရသော အကြောင်းတရားများတစ်ခုတွင် ဗျဝိအား သတ်ကာ မြို့စောင့်အဖြစ် ထားရှိ ခြင်းဖြစ်ကြောင်း သိရသည်။ အနော်ရထာသည် ပိဋကတ် ( ၃ ) ပုံအပါအဝင် သထုံတော်ဝင် မိသားစု နှင့်တကွမှူးမတ်များ၊ သရီရ ဓါတ်တော်၊ ဆင်ဖြူတော်များ၊ ကျမ်းကန်တတ် ရဟန်းတော်များ၊ ပညာရှင်များကို ပုဂံသို့ခေါ်ဆောင် ကာ အစုအကွက်ချ နေထိုင်စေသည်။ မနူဟာမင်း ကိုလည်း မြင်းကပါ အရပ်တွင် အလုပ်အကျွေး နှင့်အတူ နေထိုင်စေ သည်။ မနူဟာ အာနုဘော်သည်

စကားပြောသောအခါတွင် ခံတွင်းမှ စက်ပြောင် ပြောင် ထွက်လျက်ရှိသည်။ အနော်ရထာ မင်းအား လာရောက်ဖူးမျှော် စဉ် အနော်ရထာမင်း သည် ထိုအရာကိုမြင်သော် ကြက်သီးမွေးညှင်း ထကာ ထိပ်လန့်လေသည်။ ထိုဘုန်းတန်ခိုး အာနုဘော်ကို ညံ့စေရန် မနောလင်ပန်းနှင့် စားတော်ပြင်ကာ ဘုရားတင်ပြီး ထိုစားတော်ကို မပြတ် ကျွေးသဖြင့်ကြာလာသော် စက်ရောင်တို့ ကွယ်လေသည်။ မနူဟာသည် အနော်ရထာမင်းအား ဘုရားတည်ရန်ခွင့်တောင်းသဖြင့် အနော်ရထာက ကြည်ဖြူစွာ ခွင့်ပြုခဲ့သည်။ မိမိပိုင်လက်စွပ်ကို ရောင်းချ ကာ ရရှိသော ငွေဖြင့် ဘုရားတည်ခဲ့သည်။မနူဟာ ဘုရား ကို အမိုးအကာမပါဘဲ

တည်ထား ကာ နောက်ပိုင်းမှ ဂန္ဓကုဋီတိုက် ပြန်ဆောက်သည်ဟု ပညာရှင်တို့က ယူဆသည်။ ဆင်းတုတော်၏ အနောက် ဖက်တွင် လျောင်းတော်မူကိုယ်တော် နှင့် အရှေ့ရှိ ကျောက်သပိတ် သည် အကျယ် ( ၃ပေ ၁ဝ လက်မ) ၊ အမြင့် ( ၃ ပေ ၁၁ လက်မ) ရှိသည် ဆွမ်းဆန် စိမ်း ( ၁ရ ) တင်းဆန့်ကာ တုရင်တောင်မှ ကျောက်ဖြင့် ထုလုပ်ထားသည်။ ထိုသပိတ်တွင်း ဆွမ်းအပြည့်လှူသော သူသည် ငတ်မွတ်ခြင်းမှ ကင်းဝေးသည် ဟု အယူရှိသဖြင့် အပြည့်လောင်းလှူလေ့ရှိသည်။

#credit

နှစ်စဉ် စက်တင်ဘာလဆိုရင်မနူဟာဗုဒ္ဓပူဇနိယ ပွဲတော် လို့လည်းခေါ် အရုပ်သွင်းပွဲ တော်ကျင်းပတတ်ပါတယ်တဲ့။ ဇာတ်တော်

လာရုပ်၊ နတ်ရုပ် နိုင်ငံ့ခေါင်းဆောင်ရုပ် များပြုလုပ်ပြီး ယှဉ်ပြိုင်တဲ့ ပွဲပါတဲ့။ လှူဖို့ကျတော့လည်း ဒီဘုရားမှာ ကလေးတွေပေါလို့

ဒီမှာလည်းပိုလှူဒါန်းခဲ့ပါတယ်။ လမ်းတောက်လျှောက်ကတော့ တွေ့ရင်လှူခဲ့တာပါပဲ။

#ယွန်​းထည်​များပြုလုပ်​ပုံကို​လေ့လာရန်​ Bagan House🍶
တကယ်​ကို အနုစိတ်​လက်​ရာပြုလုပ်​​နေသည်​များကို ​တွေ့မြင်​​လေ့လာခဲ့ရပါတယ်။ တခြားနာမည်ကြီးဆိုင်တွေလည်းရှိပါတယ်။ ယွန်​းထည်​များကို သစ်​​စေးသုတ်​ပြီး​တဲ့အခါ အ​ပြင်​မှာ အ​ခြောက်​ခံလို့မရပဲ ​မြေ​အောက်​အခန်း​ထဲထိ ရက်​​တော်​​တော်​ကြာ
ထားရ​ကြောင်​း သိရှိခဲ့ရပါတယ်။အတွင်​းဘက်​မှာ​တော့ သိပ်​ကို ခမ်​းနားပြီး တန်​ဖိုးရှိလှတဲ့ ယွန်​းထည်​​ပေါင်​းများစွာ ​ရှိတယ်​။ လက်​တစ်​ဆုပ်​စာ​တောင်​မရှိတဲ့ ယွန်​းထည်​​သေး​သေးမွှားမွှားက​နေ ကြီးမားတဲ့ ယွန်​း​တွေအထိ​ ​လေ့လာခဲ့ရတယ်​။ သစ်​​စေးနံ့​မွှေး​မွှေး​လေးကလည်းသင်းလို့။ ပ်ိုပြီးဖမ်​းစားထားတာက ယွန်​းထည်​လုပ်​​ဆောင်​ပုံ အဆင်​့ဆင်​့ပါ။ ဝါး​ချောင်​းကို နှီးဖြစ်​​အောင်​ နှီးဖြာ၊ အကြမ်​းထည်​လုပ်​တဲ့ အဖြူထည်​ လုပ်​တဲ့သူ​တွေ၊ သစ်​​သေးသုတ်​ရတဲ့ အနက်​ထည်​လုပ်​သူ​တွေ၊ ကညစ်​နဲ့ အရုပ်​​ရေးရတဲ့ ယွန်​းဆင်​သူ​တွေ၊ အနုစိတ်​သရုပ်​​ဖော်​တဲ့ ယွန်​းခွဲသူ​တွေပါ။ ဂုဏ်ယူစရာကောင်းတဲ့ပုဂံပါ။👍

#သရပါတံခါး🚪

အို​ဟောင်​း​နေတဲ့ အုတ်​ချပ်​​တွေနဲ့ နှစ်​​ထောင်​​ပေါင်​းများစွာ တည်​တံ့​နေတဲ့ သရပါတံခါးပါ။အရင်ကသရပါတံခါးအဝင်​နဲ့ အ​နောက်​

ဘက်​ကို ကားမဝင်​နိုင်​​အောင်အရင်က​ လမ်​းပိတ်​ထားတယ်​တဲ့။ ဘာလို့လဲဆို​တော့ ကား​တွေဖြတ်​သန်​းတဲ့အခါ ​မြေကြီးတုန်

ခါမှု​တွေ​ကြောင်​့ သရပါတံခါးပျက်​စီးမှာ စိုးလို့တဲ့၊ မြင်​းလှည်​းနဲ့ ဆိုင်​ကယ်​​တွေ​တော့ ဖြတ်​သန်​းလို့ရတယ်​။ ခုမွန်လေးတို့သွားတော့

ပြန်ဖွင့်နေလို့ ပုံတောင်ကောင်းကောင်းမရိုက်ခဲ့ရပါဘူး။ 😒သရပါတံခါးရဲ့ ​ဘေးတစ်​ဖက်​တစ်​ချက်​စီမှာ ပုဂံမြို့ကို ​စောင်​့​ရှောက်​တဲ့ နတ်​ရုပ်​​တွေရှိပါတယ်​။ ပြီး​တော့ သရပါတံခါးနဲ့ပတ်​သက်​ပြီး သမိုင်​း​တစ်​ခုကရှိ​သေးတယ်​။ အ​နော်​ရထာမင်​း တိုင်​းခန်​းလှည်​့လည်​ရာကပြန်​လာပြီး သရပါတံခါးကို ဝင်​မယ်​လို့အလုပ်​ ​အောင်​သာမြစ်​​ခြေရပ်​မှာ ကျွဲရိုင်​းတစ်​​ကောင်​ ​သောင်​းကျန်​း​နေ​ကြောင်​းသိ

လိုက်​ပါတယ်​။ ဒါ့​ကြောင်​့ တံခါးကိုမဝင်​​တော့ဘဲ ကျွဲရိုင်​းကိုနှိမ်​နင်​းရာက နတ်​ရွာစံခဲ့တယ်​လို့ ​သိရတယ်​။

#​လောကနန္ဒာဘုရား🙏
📚လောကနန္ဒာ စေတီကို အေဒီ ၁၀၅၉ တွင် အနော်ရထာမင်း တည်ခဲ့သည်။ အနော်ရထာ မင်းသည် သီဟိုဠ်ကျွန်းမှ ဆက်သလိုက်သော စွယ်တော်ကို ထပ်မံပွား၍ လောကနန္ဒာ သင်္ဘောဆိပ်အနီး ကုန်းမြင့်တွင် လောကနန္ဒာ စေတီတည်၍ ဌာပနာ ခဲ့သည်။လောကနန္ဒာ စေတီကို အောက်ခြေတွင် ရှစ်ထောင့် ပစ္စယာခံထားပြီး ရှစ်ထောင့် ပစ္စယာ အလယ်တွင် ပစ္စယာသုံးဆင့်နှင့် ခေါင်းလောင်းပုံ ရှည်ရှည် ဖောင်းရစ် အဆင့်ဆင့်ဖြင့် တည်ဆောက်ထားသည်။လောကနန္ဒာ စေတီကို

ခေတ်အဆက်ဆက် ပြုပြင် မွမ်းမံခဲ့သဖြင့် စေတီအသစ် ကဲ့သို့ ဖြစ်နေသည်။ လောကနန္ဒာ စေတီ အရှေ့ဘက် တန်ဆောင်း အတွင်းတွင် သဲကျောက် အမာစားဖြင့် ထုလုပ်ထားသည့် ၁.၈၃ မီတာ (၆-ပေ)ခန့် မြင့်သည့် ဗုဒ္ဓရုပ်ပွား ဆင်းတု (ဈာနမုဒြာ) ကို ဖူးမျှော်နိုင် ပါသည်။

#credit

ဘုရားကဧရာဝတီမြစ်ကမ်းနံဘေးမှာရှိတာပါ။ အဲ့ဘုရားမှာ နေဝင်ဆည်းဆာလည်း ကြည့်လို့ရပါတယ်။🌇🌇 လှေပြိုင်ပွဲကိုလည်း အဲ့ဘုရားနားမှာပဲကျင်းပတတ်ပါတယ်။
#ဓမ္မရာဇိက🙏
စစ်သူကြီး တည်ထားခဲ့ပြီး စစ်တိုက်ရာမှ ကျဆုံးခဲ့ပြီး အစောင့်အဖြစ်ယနေ့တိုင်ရှိနေတယ်လို့ ယုံကြည်နေကြတဲ့ဘုရားပါ။  အဲ့
စစ်သူကြီးရဲ ့ဗိမာန်လည်းဘုရားဝင်းထဲမှာရှိပါတယ်။ လပြည့်ညဆို ထွက်လာတယ်ပြောတာပဲ။😨
#နေဝင်ဆည်းဆာကြည့်🌇
ဓမ္မရာဇိ ဘုရားကအပြန် နေလည်းဝင်တော့မယ်ဆိုတော့ အဲ့အနီးက မထင်မရှားဘုရား ဘုရားတစ်​ဆူ​ပေါ်မှာ လူ​တွေတက်​ဖူး​နေတာ​တွေ့လို့ အဲ့ကိုပဲတက်​ပြီး နေဝင်ဆည်းဆာအလှကိုကြည့်ခဲ့ပါတယ်။ အရင်ကဆို ရွှေဆံတော်ဘုရားပေါ်မှာ တက်ပြီး ဆည်းဆာကို ကြည့်ခဲ့တာသတိရမိတယ်။ သိပ်လှတာပဲ။ ခုကတော့ တက်ခွင့်တွေပိတ်ထားလို့ နှေ့မြာတယ်။😞 ပုဂံရဲ့ ဆွဲဆောင်မှုတွေထဲက တစ်ခုက ဘုရားအပေါ်တွေကို တက်ပြီး ပုဂံမြေရဲ့ အလှအပတွေကို မျက်စိတစ်ဆုံးမြင်ပြီး ခံစားရခြင်းပါပဲ။
#ရွှေစည်းခုံဘုရား🙏
ဟိုတယ်နဲ့လည်းနီး၊ E bike လည်းစီးတတ်နေပြီဆိုတော့ e bike လေးနင်းရင်းသွားခဲ့တယ်ပေါ့။ တောင်ဘက်တန်ဆောင်းအတွင်း
မှာ အင်မတန်ကြီးမားသည့် ပုဂံခေတ်လက်ရာသစ်သားတံခါးရွက်ကြီးကို သိမ်းဆည်းထိန်းသိမ်းထားတာတွေ့ခဲ့ပါတယ်။ သိပ်လှ
တဲ့စောင်းတန်းလေးလည်းရှိတဲ့ဘုရားပါ။
#အိုးပုတ်​တန်​း🐦🧝‍♀️💩🥛🐘🐥🦆
ချစ်ဖို့ကောင်းလိုက်တာဆိုတာ..ကလေးတွေမပြောနဲ့ လူကြီးဖြစ်နေတဲ့ကိုယ်တောင်ကြိုက်လို့.❤️️.အိုးပုတ်ကိုအရောင်
ဆိုးထားတာများ စုံလင်နေတာလေ။အဲလိုချစ်စရာကောင်းတဲ့အိုးပုတ်လေးတွေကိုကလေးတွေကိုလက်ဆောင်ပေး
လို့ရအောင်ဝယ်ခဲ့ပါတယ်။
#E Bike🚲

ပုဂံမှာ ဘုရားကြို၊ ဘုရားကြားသွားချင်ရင်တော့ E bike လေးနဲ့သွားလို့ကောင်းမှန်း E bike စီးတတ်သွားတဲ့အချိန်မှာသိခဲ့ရပါ

တယ်။ ပုဂံကိုရောက်မှတော့ e bike တော့စီးဖြစ်အောင် စီးမှပဲဆိုပြီး တစ်ညနဲ့ နေ့တစ်ပိုင်းအစီးသင်ခဲ့တာ..နေ့ခင်းဘက်ကျရော

စီးတတ်သွားကော။ မွန်လေးသေချာစီးတတ်သွားတာ ဂိုက်အကို ကိုမောင်ပ ကြောင့်လည်းပါပါတယ်။ သူနဲ့ကခင်ပြီးသား

လားဆိုတော့မဟုတ်ပါ။ မွန်လေးကမျက်နှာမြင်ချစ်ခင်ပါစေ..ဆုရှိတယ်လေ..ဟဲဟဲ😆😆….တွေ့ဖြစ်ခဲ့ပုံလေးပြောပြမယ်နော်။

မွန်လေးတို့သယ်ရင်း၂ယောက်က ဓမ္မရံကြီးဘုရားမှာ ဓါတ်ဖမ်းနေတုန်း သူကဧည့်သည်တစ်အုပ်နဲ့ဘုရားသမိုင်းရှင်းပြဖို့

ရောက်လာတာလေ။ ပြီးတော့ မွန်လေးတို့ နေ့လည်စာစားတဲ့ဆိုင်မှာပါပြန်ဆုံရင်းမှတ်မိလား..မှတ်မိတာပေါ့…ဘုရားမှာဆိုပြီး

စကားတွေပြောရင်း သူကe bike tour လိုက်လာတာတဲ့ဆိုရော သူသင်ပေးမယ်ဆိုပြီးသူနဲ့အတူတူလိုက်စီးရင်းနဲ့ မြန်မြန်တက်

သွားတာလည်းပါတာပေါ့နော်။ ကျေးဇူးပါ။ ကိုမောင်ပ။🤗

ကဲ E bike စီးကောင်းကြောင်း ဖောက်သည်ပြန်ချမယ်နော်။😁

E bike ငှားစီးရင် ရောက်တဲ့နေရာမှာ ဘက်ထရီကုန်ရင်လဲ စိတ်ပူစရာမလိုပါ။ ဖုန်းဆက်လိုက် ချက်ချင်းလာလဲပေးတယ်။

နောက်တစ်ခု.. ပုဂံမှာ ဘုရားတွေပတ်တော့မယ်ဆိုရင် အရေးကြီးဆုံးက မြေပုံပဲ။ 🗺🗺ကိုယ်ကတော့ ရန်ကုန်မြို ့တွင်းသွား

လည်း မသိတဲ့နေရာဆိုမြေပုံပဲကြည့်သွားတာ။ နိုင်ငံခြားတွေသွားလည်း မြေပုံပဲကြည့်ကြည့်သွားတာဆိုတော့ ပုဂံမှာနေရာမသိမှာ စိတ်ပူစရာကိုမလိုတာ။

#စွယ်တော်လေးဆူလည်းဖူးလို့ရ🙏

ပုဂံမှာ စွယ်တော်လေးဆူဖူးလို့ရတဲ့ဘုရားတွေကတော့ ရွှေစည်းခုံ၊ တန့်ကြည့်တောင်၊ လောကနန္ဒာ၊ တုရင်တောင်ပါ။

ကျန်ဘုရားတွေက ပုဂံမြို့ဟောင်းဘက်မှာရှိပေမယ့် တန့်ကြည့်တောင်ဘုရားကတော့ ဧရာဝတီမြစ်ကိုဖြတ်လို့ တစ်ဖက်ကမ်းမှာ

ရှိတာပါ။ သူက စက်လှေနဲ့ ကားနဲ့ထပ်သွားရပါတယ်။ 🛶ကားဆို ခွေးဘီလူး Pickup, Probox, Super Custom အကုန်ရတယ်။🚘

မွန်လေးတို့တော့မသွားလိုက်ဘူး။ မိုးတွင်းဆိုတော့ ရေလမ်းခရီးမသွားချင်လို့ပါ။ ပထမတစ်ခေါက်က မိသားစုနဲ့သွားတုန်း

ကတော့ရောက်ဖူးတယ်။လှေက အသွားဆို မိနစ် ၃ဝ ကျော်ပဲကြာပေမယ့် အပြန်ဆို ရေဆန်မို့တစ်နာရီကွက်တိကြာ

တယ်။တောင်ပေါ်တက်တာနဲ့ဆင်းတာ လဲ မိနစ် ၃ဝ စီလောက်ကြာတယ်။

#အစားအသောက်☕️🍲🍜🍸

ပုဂံမှာနေ့လည်စာစားမယ်ဆိုရင်တော့ သရပါတံခါးနားက သရပါ (၃) ဆိုတဲ့ ထမင်းဆိုင်ကောင်းတယ်တဲ့။ ကိုယ်တွေတော့ စားရမယ့်ကံမပါဘူး။ အဲ့နေ့ကဆိုင်ပိတ်လို့လေ။ လပြည့်နေ့ကိုဆိုင်ပိတ်တယ်။ တကယ်ထူးဆန်းတာ။

The Moon သတ်သတ်လွတ် စားသောက်ဆိုင်မှာ ကိုယ်ကအဲနေ့သက်သက်လွတ်ဖြစ်လို့ ဝင်စားခဲ့တယ်။ တစ်ဆိုင်လုံး
 နိုင်ငံခြားသားတွေချည်းပဲ၊ကိုယ်တွေပဲ local။ တို့ဟူးကို ခရမ်းချဉ်သီးအနှစ်နဲ့ ချက်ထားတာရယ်၊ ကန်စွန်းရွက်နဲ့ မှိုကြော်ရယ် ၊ပဲနီလေးဟင်းချိုရယ် အဲ့ဒါလေးတွေ မှာစားခဲ့တယ်။
ဟိုတယ်နားကမွှေးထမင်းဆိုင်၊ ရုပ်သေးရုပ်တွေနဲ့ကပြတင်ဆက်တဲ့ Nandar စားသောက်ဆိုင်မှာလည်းစားခဲ့ပါတယ်။ (အသေး
စိတ်ကိုနောက်ပို့စ်တွေမှာရေးပေးမယ်နော်)

#အပြန်လက်ဆောင်🎁

လက်ဆောင်ဆို ပုန်းရည်ကြီးပေါတယ်။ ဇီးပြားလေးတွေရောပဲ။ ကြိုက်တဲ့ဆိုင်၊ကြိုက်တဲ့နေရာမှာ ဝယ်လို့ရတယ်။

#ကုန်ကျစရိတ်💸

ပုဂံအပြင် စလေပါရောက်ခဲ့တာမှ အပြီးအစီးကို ၁သိန်းခွဲပဲကုန်ခဲ့ပါတယ်။ အစားအသောက်၊ ကားခရယ်၊ ဟိုတယ်ခရယ်အပါပေါ့

နော်။ ဒါတောင် ၂ယောက်ထဲသွားတာ။ အဖွဲ့ဆိုဘယ်လောက်မှတောင်ကျမှာမဟုတ်။

 

စလေသွားခဲ့တာနဲ့ အပြန်ထန်းတောသွားခဲ့တာလေးကို နောက်ပို့စ်တွေမှာရေးပေးမယ်နော်..ဆက်လက်အားပေးပါဦးနော်..😘❤️️💛💙💜💚❤️️💓💕💗💞

 

 

 

4 comments

  • Courage

    September 5, 2018 at 3:18 pm

    မွန်လေးရဲ့ ရဗျူးတွေဖတ်ပြီးတော့ ပုဂံတောင် ပြန်သွားချင်လာသလိုလိုပဲ

  • Shar Thet Man

    September 6, 2018 at 3:44 pm

    ဟူတ်…ဓါတ်ဖမ်းလို့တော့ အတော်ကောင်းမှန်းသိခဲ့ရတယ်

  • kotun winlatt

    September 8, 2018 at 10:45 am

    မြန်​မာမှန်​ရင်​ ပုဂံ​ရောက်​ဘူးရမယ်​တဲ့…
    ခက်​တာက ကျ​နော်​ ပုဂံတစ်​ခါမှ မ​ရောက်​ဘူး​သေးတာပဲ…

  • Shar Thet Man

    September 19, 2018 at 4:33 pm

    ရောက်ဖို့ဆန္ဒပြင်းပြရင် ရောက်ကိုရောက်ပါတယ်

Leave a Reply