ထန်းတော ပိုင်သို့ 🍶🌴🌱🍀

Mon LaySeptember 1, 20185min4824
#ပို်င် ထန်းတော  🍶🌴🌱🍀
ပုဂံမှာ ထန်းတော တော်တော်များများရှိတာကို ထန်းတောသွားတဲ့နေ့ကမှသိလိုက်ရပါတယ်။ အစက အညာလက်ဆောင်ထန်း
တောရယ်၊ ပို်င်ရယ် အဲလောက်ပဲသိခဲ့တာ။ သွားတော့မှ လှိုင်တို့ တခြားထန်းထောတို့ထပ်ရှိသေးတာတွေ့ခဲ့ရတယ်။
#ဘယ်လိုသွားလို့ရလဲ 🚘
သူက ပုဂံ-ကျောက်ပန်းတောင်းကားလမ်းဘေးမှာရှိတာပါ။ ပုဂံ မြို့ဟောင်းကနေဆို ၁နာရီလောက်ကားနဲ့သွားရင်ရောက်ပါတယ်။
မွန်လေးတို့ကတော့ ကားကြီးကွင်းကနေသွားခဲ့တာဆိုတော့ နာရီဝက်မောင်းရင် ရောက်ပါပြီ။
လမ်းမှာ အညာလက်ဆောင် ထန်းတောကိုလှမ်းမြင်တော့ ဓါတ်ဖမ်းချင်တာနဲ့ ကားခဏရပ်ပြီး ဓါတ်ဖမ်းခဲ့ပါသေးတယ်။ 😁📸
သူကလင့်စင် လိုပုံစံမျိုးလုပ်ထားတာပါ။ အပေါ် မြင်ကွင်းကောင်းကောင်းမြင်နိုင်ဖို့ ထန်းပင်အမြင့်ပေါ်မှာကွပ်ပျစ်လေးတွေ
ဆောက်လုပ်ထားတာဖြစ်ပါတယ်။
#ပို်င် ထန်းတော 🍶🌴🌱🍀
အဝင်ဝမှာ ပိုင်ထန်းတဲ ဆိုင်းဘုတ်နှင့် အတူ မြေအိုးလေးကို ချိတ်ဆွဲထားတာက အညာထန်းတောများ၏ အမှတ် သင်္ကေတ
တစ်ခုဖြစ်ပါလိမ့်မယ်။ စဝင်လိုက်တာနဲ့ ညာဘက်ခြမ်းမှာ ထန်းလျက်ချက်လုပ်နေတာကို တွေ့မြင်ခဲ့ရပါတယ်။ ဒယ်အိုးကြီးတွေနဲ့ မီးဖိုအရှည်ကြီးတစ်ခုပေါ်မှာ ထန်းလျက်ရည်တွေကို အားရပါးရမွှေ၊ ပြီးအခြောက်ခံ၊ ပြီးရင် အုန်းဖက်လေးတွေဖြူးနဲ့  အုန်းထန်းလျက်လုပ်နေပုံကိုလေ့လာခဲ့ရပါတယ်။ လုပ်နေတဲ့အချိန်မှာပဲ အုန်းထန်းလျက်နံ့သင်းသင်းလေးကလည်း ကြိုင်လို့။ ♨️♨️
ပိုင်​ထန်​း​တောမှာ အလှဆင်ထားပုံကတော့ ထူးခြားတယ်။ ဘူးသီး​တွေကို တွဲ​လောင်​းချိတ်​ထားတာပါပဲ။ အဲ့မှာဘူးသီးကြော်အပြင်
ကျောက်ပွင့်သုပ်၊ ရှောက်သီးသုပ်၊ လက်ဖက်သုပ် စတဲ့ အသုပ်စုံတွေ ရပါတယ်။ မွန်လေးတို့ကတော့ ဘူးသီးကြော်တစ်ပွဲပဲမှာ
လိုက်ပါတယ်။ တစ်ပွဲကို ၁၀၀ဝကျပ်ပါ။ မနည်းစားခဲ့ရတယ်။ ဘူးသီးကြော်တွေကအကြီးကြီးတွေလေ။ မစားခင်​ လက်​​ဆေးဖို့
​ရေပိုက်​နဲ့ တုံအင်​အ​သေး​လေးကို ​ဘေစင်​လိုမျိုးလုပ်​​ပေးထား​ပါ​သေးတယ်​။🚰🚰 နေရာတိုင်းမှာလည်းရှိတယ်။  ရေနွေးကြမ်းက
လည်းသောက်လို့ကောင်းမှကောင်း။ ထန်းတောထဲရောက်တော့ ထန်းရည်သောက်ချင်စိတ်ဖြစ်တာနဲ့ သောက်လည်းမသောက်
ဖူးတော့ နည်းနည်းမြည်းချင်လို့ဆိုတော့ စားပွဲထိုးလေးက တစ်ခွက်လာချပေးပါတယ်။ အရသာက  ချိုချိုလေး။ ကိုယ်ကတော့ အုန်းရည်ထက်ကြိုက်တယ်။ ထန်းသီးပေါ်ချိန်ဆို ထန်းသီးစားခဲ့ရမှာ။ ကိုယ်ကမိုးတွင်းဘက်သွားခဲ့တာဆိုတော့ ထန်းသီးနဲ့ လွဲခဲ့ရတယ်။ 😣😣ကိုယ်ကထန်းသီးဆို သိပ်ကြိုက်တာလေ။
ထန်းတောထဲမှာ သိပ်လှတဲ့ပန်းခြံလေးရှိတယ်။ ပို်င်သူကြီးပုံ ရုပ်ထုလည်းရှိတယ်။သူတို့ချစ်ရတဲ့ နွားသေသွားလို့ မြုပ်ထားတဲ့
နေရာလည်းရှိတယ်။ အလှဆင်ထားတဲ့ ဘူးသီးတွေအောက်မှာမစားချင်ရင် ထန်းတောတွေအောက်မှာလည်း စားလို့ ရတယ်။
အိမ်သာတွေလည်းသန့်တယ်။ အကျီလဲပြီး သနပ်ခါးပါစိတ်ကြိုက်လဲလို့ရတဲ့ အခန်းလေးလည်းရှိတယ်။ မွန်လေးတို့လည်း စိတ်ကြိုက်လှည့်ပတ်၊ ဓါတ်ပုံရိုက်ပြီး ကားကြီးကွင်းကို ကားမထွက်ခင် အချိန်မှီပြန်လာခဲ့တယ်။

4 comments

  • Shar Thet Man

    September 25, 2018 at 4:18 pm

    ဟုတ်သွားပါ။

  • aye.kk

    September 26, 2018 at 12:42 pm

    ငယ်ငယ်ကထန်းရည်ကြိုက်တော့
    ထန်းရေတက်တဲ့ကုလားကို မြင်ရင်
    မျက်နှာချိုသွေးရတယ်။
    ကျိုက်ထိုသူဆိုဆိုတော့၊
    ကျိုက်ပေါလောမှာထန်းတောကြီးရှိတော့
    ထန်းရည်သောက်သူပေါတယ်။
    ကုလားကတရုတ်ကိုခင်တော့
    ထန်းရည်ချိုချိုရရင်ယူလာပေးတာအမှတ်ရတယ်။

  • ဦး လေး မန်း

    October 19, 2018 at 12:07 am

    အဲလိုနေရာလေးတွေကိုအေးအေးဆေးဆေးသွားချင်သေးတယ်၊စိတ်ကူးထားတာပေါ့လေ တနေ့နေ့တချိန်ချိန်ပေါ့၊ပုဂံရဲ့အငွေ့အသက်ကိုလဲကြိုက်တယ် ဘယ်နှစ်ခါရောက်ရောက်ရိုးသွားတယ်မရှိဘူး၊

Leave a Reply