ဂဏန်းလှလှလေးများ

Mon LaySeptember 21, 20181min35984

ဒီချုပ်အစိုးရထံ မျှော်လင့်ချက်များစွာထားခဲ့ပြီး  အစိုးရ၏ အခက်အခဲများကို စာနာနားလည်သော်လည်း ငွေကြေးဖောင်းပွမှု

ဒဏ်ကို ပြည်သူများ အလူးအလဲခံနေရခြင်းဖြစ်သည်။ ထို့ကြောင့်  ဒေါ်လာကို ဈေးကစားနေမှုများကို အစိုးရက ထိရောက်စွာ အရေးယူရန်လိုပြီး ကျပ်ငွေတန်ဖိုးပြန်မာလာစေရန် စနစ်တကျအစီအစဉ်ဆွဲ၍ အာရုံစူးစိုက်ဆောင်ရွက် ရမည့် အချိန်ဖြစ်ပါသည်။

#credit

အမှန်ကိုဆောင်ရွက်ရတော့မည့်အချိန်ဖြစ်သည်။ မဟုတ်ရင် မြန်မာငွေကြေးတန်ဖိုး မဟားတရားကိုကျသွားမယ့်ကိန်းဆိုက်နေပြီ။

ဒေါ်နယ်ထရန့်ကတော့ သူ့ငွေကြေးတိုးတက်အောင် သူကဘက်စုံကြိုးစားမှာပဲ။ သူ့မှာ အမေရိကန်တိုးတက်အောင် ကြိုးစားပိုင်

ခွင့်ရှိတယ်။ သူသမ္မတ..ဒါသူ့အလုပ်။ ကိုယ်တွေကလည်း ကိုယ့်ငွေမတက်ရင်အောင် ကျမသွားအောင်လုပ်နိုင်ရမည်။

ခုဆိုဒေါ်လာတက်ရုံမက ရွှေဈေးပါလိုက်တက်တယ်။ ၁ဝသိန်းကျော်သွားပြီ။ ၁ဝသိန်း ၃သောင်းတဲ့။ ကိုယ်က အမြဲလက်စွပ်တို့၊

လက်ကောက်တို့ဝတ်ထားတတ်တယ်။ ခုဆို အိမ်က အကုန်ချွတ်ထားနော်.. ခေတ်ကကောင်းတာမဟုတ်…လုတာထက် သတ်

သွားမှ ဟုတ်ပေ့ဖြစ်မယ်ဆိုလို့ ခုဆို Fancy လေးတွေနဲ့ပဲ အလှဆင်ထားရတယ်။

ကိုယ်အလုပ်စဝင်တုန်းကဆို ဒေါ်လာက ၅၀ဝ လား အဲလောက်ပဲရှိတယ်။ ခုဆို ၁၆၀ဝကျော်သွားပြီ။ မယုံကြည်နိုင်လောက်

အောင်တက်သွားတာ။ အဲလိုတက်သွားတော့ သွင်းကုန်တွေအကုန်တတ်ကုန်ရော။ ဈေးထဲက ကန်စွန်းရွက်တောင် ၁၀ဝ တန်က

နေ ၅၀ဝ ဖြစ်နေပြီတဲ့..အိမ်ကပြောလို့..လန့်သွားရသေးတယ်။ ကန်စွန်းရွက် ၅၀ဝ ဖြစ်တုန်းက ဒေါ်လာက ၁၅၀ဝ ကျော်ကျော်ပဲ

ရှိသေးတာ…..ခု၁၆၀ဝကျော်ဖြစ်နေပြီဆိုတော့ ကန်စွန်းရွက်လည်း…ဘယ်လောက်တောင်ပျော်ပြီး တက်နေလိမ့်မလဲ။.. ကဲ ဘယ်

တတ်နိုင်မလဲ..ကိုယ်တစ်ယောက်ထဲမှမဟုတ်တာ..အများနဲ့ပဲဟာ.. oversea ထွက်မှာတွေ ခဏရပ်ပြီး ပိုက်ပိုက်ပိုစုရမှာပေါ့။ ခုချိန်

ငြိမ်ငြိမ်လေးနေမှပဲ။ မနေနိုင်ရင်လည်း ပြည်တွင်းခရီးလေးတွေပဲသွားရမှာပေါ့။ မရောက်ဖူးသေးတဲ့နေရာတွေရှိနေသေးတာပါ

ပဲလေ။ တော်သေးတာက ဒေါ်လာမတက်ခင် နိုင်ငံပေါင်း ၄ နိုင်ငံနဲ့ မြို့ပေါင်း ၁ဝမြို့လောက်ရောက်ထားပေလို့ပဲ။

ခုလိုဒေါ်လာတက်နေတော့ တခြားလုပ်ငန်းကနေဒေါ်လာလေးတွေမာျး ဝင်လာမလား ကြည့်မိတယ်။ ဒေါ်လာဝင်ဖို့ အားကောင်း

တဲ့ တိုးလုပ်ငန်းတွေကိုသုံးသပ်တယ်။ နာမည်ကြီးတိုးတွေတောင် ပါးတယ်တဲ့။ နိုင်ငံခြားသားဝင်တာတအားကိုနည်းသွားတယ်

တဲ့။ ကိုယ်တွေဆို ငုတ်တုတ်လေ။

နောက်ဆုံးအနေနဲ့ပြောရမယ်ဆိုရင်တော့ ကိုင်ဇာရေးတဲ့ အောင်မြင်ပါစေ မြန်မာပြည် ဆိုတဲ့ သီချင်းလေးပဲ အမြဲဆိုချင်တော့တယ်

အဓိပ္ပါယ်ရှိပြီး နိမိတ်ကောင်းတဲ့သီချင်းလေးပါ။ အဲ့အတိုင်း အပြင်မှာ ဖြစ်လာပါစေလို့ မျှော်လင့်ရင်း….ဂဏန်းလှလှလေးများကို

စောင့်ကြည့်ရင်း………..။

4 comments

  • kai

    September 25, 2018 at 2:31 pm

    အမှန်က ဒေါ်လာငွေအပါအဝင်.. ကိုယ့်နိုင်ငံတွေရဲ့ ငွေကြေးဆိုတာ.. တက်တိုင်းလည်းမကောင်း.. ကျတိုင်းလည်းမကောင်း.. ။
    ဈေးကွက်စီးပွားရေးအရ.. ချိန်ဆ ..ပြောင်းနေရတာ..။
    ဥပမာ.. ဒေါ်လာငွေခိုင်မာတန်ဖိုးရှိ.. ဈေးတက်တယ်ဆိုပါစို့..။
    အမေရိကားပြည်တွင်းမှာထုတ်တဲ့… အရင်.. ဒေါ်လာ၁၀ဝ တန် အကျီ ်တထည်က.. ပြည်တွင်းမှာ ဒေါ်လာ၁၀ဝ ပေမယ့်.. နိုင်ငံခြား.. ဥပမာ.. ဂျပန်ပြည်ကယန်းနဲ့ချိန်ဆရင်.. ဈေးက.. အရင်က.. ယန်း၁သောင်း။ ( ဥပမာပြောတာနော.. ၁ဒေါ်လာ ယန်း၁၀ဝ နဲ့တွက်ထားတယ်)
    အခု.. ယန်း ၁သောင်း၂ထောင်သွားဖြစ်နေသမို့.. ဈေးကြိးတယ်ဆိုပြီး မဝယ်တော့ဘူးပေ့ါ..။
    ကုန်ထုတ်တဲ့ နိုင်ငံ အမေရိကားမို့.. သူ့ကုန်တွေအကုန်ဈေးတွေတက်သလိုဖြစ်ပြီး.. Export ကျ..။
    တိုင်းပြည်ဝင်ငွေနည်းသပေါ့လေ..။

    ဆိုတော့.. ဂျပန်ကားတွေကတေ့ာ.. အရင်ကထဲက..ဂျပန် ပြည်တွင်းမှာထုတ်ရင်.. ဥပမာ..တစင်းယန်း သောင်းပေါင်း၃၀ဝ နဲ့ရောင်းတယ်..။
    အဲ.. ဒေါ်လာဈေးတက်တော့.. အရင်ဒေါ်လာ ၃သောင်းတန်တဲ့ကား..။ ဒေါ်လာ ၂သောင်း၈ထောင်လောက်သွားဖြစ်ရော..။
    အဲဒီမှာတင်.. ဂျပန်ကားတွေဈေးသက်သာတယ်ဆိုပြီး.. အမေရိကန်တွေဝယ်ကြမယ်ပေါ့..။
    ဂျပန်ကားတွေအဝင်များ..။ Import တက်..။ အမေရိကထုတ်ကားတွေမရောင်းရ..။ Export ကျ..။

    အဲဒီကြားထဲ ချိန်ဆ ကစားရတာဖြစ်ကြောင်း..။

    မြန်မာပြည်ကတော့.. အပ်ကနေ.. လေယဉ်ပျံအထိ..ပြည်ပကနေ.. Import လုပ်နေရသမို့.. ဘာဖြစ်ဖြစ်ရှုံးချည်းနေသပေါ့လေ..။
    အနိစ္စ..

  • Shar Thet Man

    September 25, 2018 at 4:16 pm

    ဟုတ်တယ်သဂျီးရေ…အရှုံးကြီးပဲ

  • ဦး လေး မန်း

    October 20, 2018 at 3:38 am

    အိပ်စပို့ကလဲလူကလွဲပြီးကျန်တာမရှိသလောက်ဘဲ၊

  • ဦးကြောင်ကြီး

    November 6, 2018 at 6:20 am

    ခြစ်သျှားဂို ဖဲ့လက်ရ

Leave a Reply