ကျွန်တော်သိခဲ့တဲ့ ကိုဝိုင်းက ပထမ မင်းသားအနေနဲ့ ရိုက်ဖူးတယ် မအောင်မြင်ခဲ့ဘူး… နောက် ဇာတ်ပို့ ဇာတ်ရံလုပ်တယ်… မဆိုးဘူး နောက် ပျောက်သွားတယ်… မှတ်မှတ်ရရ ညီအစ်ကို ၂ ယောက်မှာ သူက သားအရင်း ဆိုးတယ် ဖိုးထိုးတယ် ဖအေကို ၂လုံးပြူးနဲ့ ချိန်တဲ့ ကား… အဲမှာတောင် သူရိုက်တဲ့ ဇာတ်ရုပ် ပီပြင်လို့ သဘောကျခဲ့တယ်…

နှစ်တွေတော်တော် ပျောက်ပြီး အချစ်ကားမိုက်မိုက်တွေကို စာသားအလန်းနဲ့ ပြန်တွေ့တယ် own creater နာမည်နဲ့ ပြန်ဝင်လာတယ်… လူမှားတယ် ထင်နေတာ… အဲခေတ်က ဆရာ တာရာမင်းဝေပြီးရင် တော်ကီမိုက်တာ ဆရာ မင်းခိုက်စိုးစန် ဆရာ နီကိုရဲ ဒါတွေက ၀တထုပဲ ဖတ်ရတာ ဇာတ်လမ်းကို ရုပ်နဲ့ ဒိုင်ယာလော့ တွဲပြီးဆို ကို ညိုမင်းလွင်ပြီးရင် သူ့အကြိုက်ဆုံး… ကိုနေတိုးကလဲ အီမို ပုံစံနဲ့ တက်နေချိန် ဇီးရိုးရုပ်ရှင်ဆို ဘယ်လို ကြိုက်မှန်းမသိ…

နောက် ပေါကား ခေတ်ဆို ဖြစ်လာချိန် မြန်မာက ဒရမ်မာဆို နှပ်ချီးထွက်မှ ပေါ်လစီကား ခေတ်မှာ သူက ဖောက်ထွက်လို့ ကြိုက်တယ်…

သူ အကယ်ဒမီမရလို့ မချိတင်ကဲ ပြောတဲ့ အထိ သူ့ဘက်က… နိုင်ငံရေး အကူးအပြောင်း သူရိုက်တဲ့ ပေါ်လစီတောင် ကြိုက်ခဲ့တယ်…

နောက်ဆုံး မနှစ်ကထိ ဟိုလူကြီးက တောသားစကားလုံး သုံးတဲ့ အထိ ကြိုက်တုန်း…

သူ့ဘ၀ ဘယ်ကနေ ကြိုးစားခဲ့တာလဲ အသိအမှတ်ပြုတယ် သို့သော် ဒီနှစ် စကားပြောတာ သိပ်အဆင်မပြေဘူး… ဒီကြားထဲ ခီမောင်နှံက တခုမှ မရချိန် ပေါင်းသွားတော့ သူက ဒေါသတွေ စုသမျှ တရားခံဖြစ်သွားတယ်…

တော်ပါတယ်… အားပေးပါတယ်… မနာလိုခြင်း မကျေနပ်ခြင်း နောက်ဆုံး အပြောအဆို တကယ် ခံရသည့် တိုင်အောင် Public ကို အဲလို မချပြသင့်ပါ… အရင်က ကိုဝိုင်းကို ပြန်လိုချင်ပါတယ်… မဟုတ်ရင် ကိုယ့်အပေါ် ချဉ်ဖတ်တွေ ပိုစုလာလေ ပိုရွဲ့လေ ပရိသတ်နဲ့ ပိုဝေး ကိုယ့်အရည်အချင်းပါ သံသယဖြစ်လာရင် မကောင်းပါဘူး…

ကျေးဇူးပါ… တကိုယ်တည်းအမြင်ပါ…

လေးစားစွာဖြင့်

ကိုထွဋ်

ကို ထွဋ်

About ကို ထွဋ်

ကို ထွဋ် has written 119 post in this Website..

ခန့်ထည်သွေး ဖေဖေ...