Korea သွားစရာမလိုဘဲ Korea အကင်စားချင်ရင် Ko’s Food ကိုသွားပါ။ တကယ်ကိုရီးယားစားကိုကြိုက်တယ်..ခုံမင်တယ်.စမ်းပြီးစားကြည့်ချင်တယ်ဆို…Ko’s Food ဆိုတဲ့ဆိုင်လေးကိုသွားလိုက်ပါ။ ဆိုင်ပိုင်ရှင်ကိုယ်တိုင်က ကိုရီးယားနိုင်ငံမှာ အလုပ်လုပ်ခဲ့ဖူးတဲ့သူဖြစ်နေခဲ့တာရော.. အရသာကလည်း သူများဆိုင်တွေနဲ့ မတူ..တမူထူးခြားကောင်းလွန်းတာရောကြောင့်မို့ပါ။ ဆိုင်လေးက တိုးချဲ့ဆိုင်ခန်းလေးမှာဖြစ်ပေမဲ့ စားလို့သောက်လို့အ၇မ်းကောင်းတာကြောင့် နေရာအနေအထားလေးတောင် စားနေရင်း မေ့သွားနိုင်ပါတယ်။

ခရီးသွးတာလေး ခဏနားထားတော့ အစားအသောက်ဘက်ကို review ရေးချင်စိတ်ဖြစ်လာလို့၊ တကယ်လည်း စားကောင်းလို့..ပြန်ရှယ်ပေးတာပါ။

#တည်နေရာ

တောင်ဥက္ကလာ၊ တကောင်းလမ်းမကြီး၊ တကောင်း (၈) လမ်းထိပ် မှာပါ။ ရှာမတွေ့ရင် ဖုန်း 09950789022၊ 09799802286 ကိုဆက်ပေးနော်

#ဆိုင်ဖွင့်ချိန်

Tue to Sun 02:00 pm – 09:30 pm
⏰ Closed on Monday !!

#Menu

Fixed menu နဲ့ Variable menu ဆိုပီး ၂ မျိုးရှိပါတယ်တဲ့။ Variable menu တွေကို.. Today’s Special အနေနဲ့ ၂ ရက်တစ်ကြိမ် လုပ်ပေးပါမယ်တဲ့။ ပုံလည်းထည့်ထားပေးပါတယ်။

ကိုယ်တွေစားခဲ့တာတော့ ဝက်အူကင် (၂)ပွဲ၊ သုံးထပ်သားကင် (၁)ပွဲ၊ ထမင်း (၁)လုံး။ ထမင်းကလည်းဘာစားကောင်းသလဲမမေးနဲ့။ ထမင်းပူပူ၊ဟင်းပူပူဆို မွန်လေးကသိပ်ကြိုက်တာလေ။ ထမင်းကလည်း အိမ်မှာစားနေကျမျိုးမဟုတ်ဘူးနော်..ပူပူစီးစီးလေး။ ဇွန်းကအစ ကိုရီးယားကားတွေထဲမှာ မင်းသား၊မင်းသမီးတွေစားတဲ့ဇွန်းအတိုင်းကြီး။ အရမ်းလန်းတာ။ ကိုယ့်ကိုယ်ကို ကိုရီးယားမင်းသမီးလားပေါ့။

အကင်စားမယ်ဆို အရသာအနေနဲ့ ၃ မျိုးရှိပါတယ် (ဆား/ spicy/ tariyaki (ပဲငံပြာရည်စမ်းတာ)

👉 Service item တွေ ကတော့ ကုန်သွားရင် ထပ်တောင်းပါတယ်.. ဘာတွေပါသလဲဆိုရင်
1. အရွက်သုတ်
2. ဆလက်ရွက်၊ ငရုတ်သီးစိမ်း၊ ကြက်သွန်ဖြူ
3. သစ်သီးတစ်မျိုး (နာနာသီးလေးပါတယ်)
4. Kimchi
5. Korean Sauce 2 မျိုး 😁 (အရမ်းကောင်းပဲ)

အဲ့လိုနဲ့ အူတွေကို ကင်.. အရွက်သုတ်ကိုလည်း ကင်၊ ပြီးရင်.. ဆလပ်ရွက်လေးနဲ့ ထုတ်စားပေါ့။ စာရေးရင်းနဲ့တောင်ပြန်စားချင်နေပြီဗျို့။

ကြက်ခြေထောက် အစပ် လ်ညးကောင်းတယ်ပြောတယ်။ စားမယ်ဆို ကြက်ခြေထောက် အစပ်နဲ့ လိုက်ဖက်တဲ့ ထမင်းဆုပ်ပါ။ လက်အိတ်လေးနဲ့ ကိုယ့်ဘာသာလုံးပီးစားရတာပါ။ ကိုရီးယားရောက်သွးမယ်နော်စားရင်းနဲ့။

နောက်တစ်ခေါက်ရောက်ဖြစ်ရင်တော့ ပဲပိစပ်ဟင်းရည်ရယ်၊ ပဲခေါက်ဆွဲရယ် စားဦးမယ်လို့မျှော်လင့်ရင်း..အိုပါးတို့ရဲ့ ကိုရီးယားမြေကိုရောက်သလိုခံစားသွားရမယ့် Ko’s Food လေးကို တခါလောက်တော့ သွးစားကြည့်ပါလို့။ ဆိုင်လမ်းညွှန်ဖော်ပြပေးတဲ့ သယ်ရင်းကိုလည်း ကျေးဇူးပါလို့။ နောက်လတွေမှာလည်း သွားစားမယ့်ဆိုင်လေးတွေရှိသေးလို့ အစားတလိုင်လေးတွေ page ကို Like & see first လုပ်ပေးထားပါလို့…အဖော်သွားစားကြမယ့် လူများကို mention ခေါ်ပြီး share ပေးချင်လည်း Share နိုင်ပါတယ်လို့။ မွန်လေးကတော့ Ko’s Food မှ Ko’s Food.

Shar Thet Man

About Shar Thet Man

Shar Thet Man has written 350 post in this Website..