ကော်ဖီဆိုင်ဆိုတာ မွန်လေးနားလည်ရသလောက် ပတ်ဝန်းကျင်ကတိတ်တိတ်ဆိတ်ဆိတ်လေးဖြစ်နေရမယ်။ ငြိမ့်ညောင်းတဲ့ တီးလုံးသံလေးကိုညင်ညင်သာသာလေးဖွင့်ထားရမယ်။ 🎵အဲ့လိုနေရာမှာကော်ဖီလေး တစ်ခွက်ရယ်..စာအုပ်လေးတစ်အုပ်ရယ်ရှိပြီဆို..အဲ့ဆိုင်ဟာ ကော်ဖီဆိုင်ပီသပါတယ်တဲ့။

အခုမွန်လေးရောက်ခဲ့တဲ့ ဆိုင်ကကော်ဖီဆိုင်အရည်အချင်းတွေထက်တောင်သာလွန်တဲ့ပုံစံမျိုးတောင်ဖြစ်နေတာ။ သူ့မှာ မျက်စေ့အေးစေတဲ့ အပင်လေးတွေပါ ရှိနေတာလေ။ အဲ့အပင်လေးတွေကို သဘောကျလို့ဝယ်သွားချင်တယ်ဆိုရင်လည်း ရောင်းပေးတယ်တဲ့လေ။

#ဘာတွေရလဲ

​ကော်ဖီတို့အအေးတို့အဓိကရှိပြီး ပေါ့ပေါ့ပါးပါးစားလို့ရတဲ့ အသုပ်တို့ ၊ soupတို့ ၊ထမင်းကြော်တို့ အဲလိုမျိုးတွေလည်းရတယ်။ စျေးနှုန်းကလည်း2000 3000ဝန်းကျင်ထဲရယ်။

ကိုယ်တွေသွားတုန်းက မနက်ခင်းပိုင်းဆိုတော့ ကော်ဖီအေးရယ် ၊ ကွတ်ကီးရယ်၊ အနောက်တိုင်း အသီးအရွက်သုပ်လေးရယ် စားခဲ့တယ်။ လက်ရာလေးတော်တော်ကောင်းတယ်။

မြေနီကုန်းဘက်ရောက်ရင်အေးအေးဆေးဆေးဝင်ထိုင်နိုင်မယ့်ကော်ဖီဆိုင်အသစ်တစ်ခုပေါ့။

အပေါ်ထပ်လည်းရှိတော့ အပေါ်ထပ်ဝရံတာကနေလည်း အေးအေးဆေးဆေးကော်ကော်သောက်လို့ရတယ်။

#လိပ်စာလေးကတော့

မြေနီကုန်း၊ citymartအနောက်၊ ရှင်စောပုဘုရားလမ်းထဲမှာပါ။ အမှတ်ကတော့ ၁၆။

​နောက်ထပ်လည်း ခုလိုချစ်စရာကောင်းတဲ့ဆိုင်တွေ၊ နေရာတွေထပ်သွားဦးမှာမို့ follow လုပ်ထားဖို့မမေ့ပါနဲ့နော်။

#coffee #cafe #leaf #sanchaung #yangon #grandopening #review

Shar Thet Man

About Shar Thet Man

Shar Thet Man has written 344 post in this Website..