စင်ကာပူရောက်ရင် ဘယ်နေရာတွေလည်ကြမှာလဲ အပိုင်း(၂)

Mon LayOctober 23, 20194min1900

စင်ကာပူရောက်ရင် ဘယ်နေရာတွေလည်ကြမှာလဲ အပိုင်း(၁)ကို ဖတ်ပြီးသွားလောက်ပြီ၊ လည်လည်းပြီးလို့သွားပြီထင်လို့ အခုတစ်ခေါက်မှာလည်း နောက်ထပ်ဘယ်နေရာတွေကိုထပ်ပြီး စင်ကာပူမှာလည်လို့ရသေးလဲဆိုတာကို အက်မင်ကပြောပြပေးသွးမယ်နော်…
ဟာ..စင်ကာပူမှာ လည်ပတ်စရာအဲ့သလောက်တောင်များသလားလို့ထင်ကြပါလိမ့်မယ်။ အမှန်စင်စစ် စင်ကာပူနိုင်ငံဆိုတာ မြန်မာနိုင်ငံလောက်တောင်မကြီးပါဘူး။ ဒါပေမဲ့လည်း သူ့ဟာနဲ့သူ လည်လို့ပတ်လို့ ကောင်းတဲ့နေရာ များစွာကို ဖန်တီးထားနိုင်တာကြောင့် သူ့မှာလည်စရာတွေမကုန်နိုင်ကိုဖြစ်နေတာပါ။ ဒီတော့ နောက်ထပ်ကျန်တဲ့ လည်လို့ရသေးတဲ့ နေရာတွေကိုထပ်ပြောပြေးသွားပါမယ်နော်။


#Madame Tussaud
မဒမ်တုဆော့လို့ အသံထွက်ပါတယ်။ ဖယောင်းရုပ်ထုတွေရှိတဲ့နေရာပါ။ အဲ့မှာ အက်မင်တို့ရဲ ့လက်ရှိနိုင်ငံတော် သမ္မတ ရဲ ့အကြံပေးသူ ဒေါ်အောင်ဆန်းစုကြည်ပါ ရှိနေပြီနော်။ တခြားနိုင်ငံတကာ က ဆယ်လီပေါင်းများစွာရဲ ့ရုပ်ထုတွေလည်းရှိလို့နေတာပေ့ါ။ အတူတူတွဲပြီး ဓါတ်ဖမ်းလို့ရပါတယ်။အချိန် – မနက် (၁၀) နာရီကနေ ည(၈)နာရီခွဲအထိ။


#Jurong Bird park
သူကတော့ Jurong မြို့နယ်ထဲမှာရှိပြီး ငှက်မျိုုုးစိ်တ်ပေါင်း(၅၀၀၀)ကျော်ကို လေ့လာလို့ရတဲ့ ဥယျာဉ်တစ်ခုပါ။ ရေတံခွန်၊ ငှက်တွေ၊ ပင်ကွင်းလေးတွေနဲ့ တကယ့်ကို တောထဲကိုရောက်သွားသလို ခံစားရမှာပါ။ Amphitheater မှာပြတဲ့ ငှက် show ပြပွဲကို ကြည့်ဖြစ်အောင်ကြည့်ခဲ့နော်။ ကလေးငယ်လေးတွေ နဲ့သွားရင်လည်း သူတို့လေးတွေစွေန်းပျော်ကြမယ့် နေရာလေးပါ။အချိန် – မနက် (၈) နာရီကနေ ညနေ(၆)နာရီအထိ။


#Sunrise at Marina Bay & Merlion Park
မြို့ထဲမှာ ရှိပြီး ငါးကိုယ်နဲ့ ခြ င်္သေ့ခေါင်း ရုပ်ထုအသေးရှိတဲ့နေရာပေ့ါ။ သူရ ဲ့အရှေ့ဘက်မှာ Marina Bay Hotel ရှိတော့ မနက်စောစောနေဝင်တာကို ကြည့်လို့ရတဲ့နေရာလည်းဖြစ်ပါတယ်။ အနီးအနားမှာလည်း ဒူးရင်းသီးခေါ်ကြတဲ့ Esplanade Theater လည်းရှိလို့နေပါတယ်။ အရမ်းလူစည်ကားပြီး မနက်ဘက်ဆို လေ့ကျင့်ခန်းလုပ်လာကြတဲ့နေရာလည်းဖြစ်ပါတယ်။


#Marina Bay Sands & Marina Bay Shopping Mall
စင်ကာပူရဲ ့အကောင်းဆုံး 5*ဟိုတယ်ထဲက တစ်ခုဖြစ်ပြီး သင်္ဘောပုံစံ infinity pool ရှိတာကြောင့် အင်စတာဂရမ်တို့မှာ photo spot အဖြစ်နာမည်ကြီးပါတယ်။ ပြီးတော့ တကယ့်brand တွေကြိီးပဲအစုံအလင်ရှိတဲ့ Marina Bay Shopping mall ကလည်းရှိနေတော့ စိတ်ကြိုက်တစ်နေကုန်အချိန်ပေးပြီး ဈေးဝယ်ထွက်လို့ရပါတယ်။

#Marina Bay Skypark
စင်ကာပူရဲ ့တစ်မြို့လုံးကို အမြင့်စီးကနေကြည့်လို့ရတဲ့ နေရာပါ။ Marina Bay Sand Hotel L57, Hotel Tower 3မှာတက်ကြည့်လို့ရပါတယ်။ အေနောက်ဘက်ဆိုဆို Gardens by the bay ရှိတယ်။ အရှေ့ဘက်ဆို Merlion park ရှိပါတယ်။ ညဘက်ဆိုရင်လည်း skypark ပေါ်ကနေ marina bay sand hotel ကမီးရှုးမီးပန်းဖောက်တာတွေကိုလည်း ရင်သပ်ရှုမောဖွယ် ကြည့်လို့ရပါသေးတယ်။အချိန် – မနက် (၉)နာရီခွဲကနေ ည(၁၀)နာရီအထိ။

#Singapore Botanic Gardens
(၂၀၁၅) ခုနှစ်မှာ UNESCO စာရင်းဝင်ခဲ့ပြီး UNESCO စာရင်းထဲမှာတောင် အပူပိုင်းရုက္ခဥယျာဉ်စာရင်းထဲမှာ ပထမဦးဆုံးအဖြစ် စာရင်းသွင်းခံရတာလည်းဖြစ်ပါတယ်။ Botanic Gardens ထဲတွင် Ethnobotany Garden၊ National Orchid Garden၊ Jacob Ballas Children’s Garden၊ Rain Forest၊ Ginger Garden ဆိုပြီး (၅)ခုရှိပြီး ကိုယ်စိတ်ဝင်စားရာ ဥယျာဉ်ထဲဝင်ပြီး လေ့လာလို့ရပါတယ်။အချိန် – မနက်(၅)နာရီကနေ ည (၁၂)နာရီအထိ။

#Singapore Zoo
ဒီတိရစ္ဆာန်ရုံကို ဝင်လိုက်တာနဲ့ Tram ဓါတ်ရထားလေးစီးပြီးတော့ တိရစ္ဆာန်အမျိုးပေါင်း (၂၄၀၀) ကျော်ကို တွေ့မြင်နိုင်မှာပါ။ Singapore Tourism Board ကလည်း Best Leisure Attraction Experience အဖြစ် ၉ ကြိမ်မြောက်ဆုကိုလည်းပေးထားပါတယ်။ ဒါ့အပြင် Night Safari နဲ့ River Safari ဆိုပြီး ၂ မျိုးထပ်ရှိပြီး Night safari ကတော့ ကုန်းနေတိရစ္ဆာန် များနဲ့ showပွဲတွေကို ကြည့်နိုင်ပြီး River Safari ကတော့ ရေနေတိရစ္ဆာန်လေးများရ ဲ့နေထိုင်ပုံဘဝတွေကို မြင်တွေ့နိုင်မှာဖြစ်ပါတယ်။ အချိန် – မနက် (၈)ခွဲကနေ ညနေ(၆)နာရီအထိ။


နောက်လည်းအခုလို ခရီးသ ွားခြင်းနဲ့ပတ်သက်တဲ့ပို့စ်လေးတေ ွ ကို မကြာမကြာတင်ဆက်သ ွားမှာဘဲဖြစ်ပါတယ်။ အခုပို့စ် လေးကိုကြိုက်နှစ်သက်ကြမယ်ဆိုရင် facebook မှာ like & share လုပ်ပေးပါနော်။

မွန်လေးရဲ ့blog ကတော့ https://web.facebook.com/travelemperormyanmar/ ပါ။

Leave a Reply