မိဘနဲ့ သားသမီး ။

ဒီစကားလုံး နှစ်လုံးက လောကအဘိဓာန်ထဲမှာ အလွန်အရေးပါတဲ့ စကားလုံးတွေ ဖြစ်ပါတယ်။ ဒီစကားလုံး နှစ်လုံးကြားမှာ ရှိတဲ့ ဆက်ဆံရေးက ကမ္ဘာ့ကြီးတစ်ခုကို အရောင်ပြောင်းသွားဖို့ တွန်းအားတစ်ခု သို့မဟုတ် ဆွဲအားတစ်ခုလည်း ဖြစ်သွားနိုင်ပါတယ်။

အခုခေတ် ကျွန်တော်တို့ ဆီက မိဘနဲ့ သားသမီး ဆက်ဆံရေးက အလွန်ကို ကွာဟမူတွေ များနေပါတယ်။ တစ်ဦးနဲ့ တစ်ဦး နားလည်မူကလည်း ဘာမှ မဆိုင်သလို နေကြတဲ့ မိသားစုတွေကလည်း အများကြီး ဖြစ်နေပါတယ်။ သားသမီးက မိဘကို နားမလည်တာမျိုး၊ မိဘက သားသမီးကို နားမလည်တာမျိုး စတဲ့ သတင်းတွေ ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ အမြဲလိုလို ကြားနေပါတယ်။ ဒါအပြင့် မိဘနဲ့ သားသမီးတွေကြား နားလည်မူတွေ မရှိကြလို့ ဆူညံပေါက်ကွဲမူတွေ၊ ဆဲဆိုသံတွေ၊ ရိုက်နှက်သံတွေကလည်း ကျွန်တော်တို့ဆီမှာ အမြဲလိုလို ဖြစ်နေပါတယ်။

ဒါက ဘာကြောင့် မိဘနဲ့ သားသမီးကြားမှာ နားမလည်နိုင်ကြတာပါလဲ??? သားသမီးက မှားတာများလား??? ဒါမှမဟုတ် မိဘက မှားတာများလား???

ဒီမေးခွန်းတွေရဲ့ အဖြေက အခြေအနေအရပ်ရပ်ပေါ်မှာ မူတည်ပြီး ကွဲပြားနိုင်ပါတယ်။ ဥပမာ ဆိုကြပါစို့ …. အိမ်မှာ ဘာမှ ကူညီလုပ်ကိုင်ခြင်းမရှိဘဲ မိဘအပေါ် ပြန်လှန်ပြောဆိုတဲ့ သားသမီးတွေ ဆိုရင် သားသမီးက မှားတာပါ။ ပြီးတော့ အိမ်မှာ အရက်ထိုင်သောက်ပြီး အိမ်မူကိစ ၀ိုင်းဝန်းကူညီ နေတဲ့ သားသမီးတွေအပေါ် ငေါက်ငမ်းပြောဆို ရိုက်နှက်နေမယ်ဆိုရင် မိဘက အများကြီး မှားသွားပါပြီ။

About မောင်လင်းငယ်

Zaw Lin has written 83 post in this Website..