အရောင်ရဲ့အဓိပ္ပါယ်တွေ…
အရောင်ရဲ့အဓိပ္ပါယ်တွေကို ပြောပြချင်ပါတယ်.. အဲ့ဒါကို မပြောခင် အရင်ဆုံး အရောင်စက်ဝိုင်းကြီး (Color Wheel)ကို နည်းနည်းပြောပြဦးမယ်လေ.. အရောင်စက်ဝိုင်းမှာ အခြေခံအရောင်က ၃ ရောင်ပဲရှိပါတယ်.. အဝါ အနီနဲ့ အပြာပါ.. သူက အရောင်ရဲ့ပြင်းအားအတိုင်း အစဉ်လိုက်ခေါ်တာမို့လို့ အပြာ အနီ အဝါလို့ ပြောင်းပြန်ခေါ်လို့မရဘူး.. အဲ့ဒိအခြေခံ ၃ ရောင်ပေါင်းပြီးမှာ တခြားအရောင်တွေ ဖြစ်လာပါတယ်.. အောက်က ပုံကိုကြည့်လိုက်ရင် သဘောပေါက်မှာပါ..
အဲ့ဒိမှာမှ အဝါနဲ့ မရမ်းကို အလည်မျဉ်းထားပြီး ဟိုဘက်ဒီဘက်ခွဲမယ်ဆိုရင် ဒီဘက်က အနီတွေလိမ္မော်တွေ ပါတာက အပူအုပ်စုဖြစ်ပြီး ဟိုဘက်က အပြာတွေ အစိမ်းတွေနဲ့က အအေးအုပ်စုဖြစ်ပါတယ်.. အလည်လို့သတ်မှတ်ပိုင်းခြားထားတဲ့ အဝါနဲ့ မရမ်းကတော့ ကြားရောင်တွေပေါ့.. သူတို့က အပူထဲလည်းဝင်လို့ရ အအေးလို့လည်းပြောလို့ဖြစ်တဲ့ အရောင်တွေပါ.. ပြီးတော့ ကာလာစက်ဝိုင်းမှာပြထားသလို မျက်နှာချင်းဆိုင်အရောင်တွေဟာ ဆန့်ကျင်ဘက်တွေဖြစ်ပါတယ်.. ဥပမာ အနီနဲ့အစိမ်း.. လိမ္မော်နဲ့အပြာ.. ကပ်လျက်အရောင်တွေကိုတော့ လိုက်ဖက်ရောင်လို့သတ်မှတ်ပါတယ်.. ဥပမာ အဝါနဲ့အစိမ်း.. အနီနဲ့မရမ်း.. ဒါကြောင့် အဝါနဲ့အစိမ်းတွဲဝတ်ရင် သူဟာ harmony အတွဲဝတ်ထားတာဖြစ်ပြီး.. အဝါနဲ့မရမ်းတွဲဖက်ဝတ်ရင် contrast ဝတ်တယ်လို့ပြောလို့ရပါတယ်.. ဖက်ရှင်တွေ ဒီဇိုင်းတွေမှာတော့ harmony တွဲတာဟာ static ဖြစ်တယ်.. ငြိမ်သက်တယ် ပြေပြစ်တယ်.. contrast color တွေဟာတော့ dynamic ပဲ.. ထိုးဖောက်တယ် လှုပ်ရှားတယ်ပေါ့..
အိုကေ .. ဒါဖြင့် အရောင်တွေရဲ့ ကိုယ်စားပြုအဓိပ္ပါယ်တွေကို စပြောကြမယ်..
အနီရောင် – သူကတော့ လှုပ်ရှားတက်ကြွတာ.. ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိစေတာ.. သတ္တိနဲ့ ခွန်အားဗလကို ကိုယ်စားပြုပါတယ်.. တရုတ်တွေအတွက်တော့ မင်္ဂလာအရောင်ပေါ့.. ပြီးတော့ သွေးရဲ့အရောင် စိတ်လှုပ်ရှားစေတာ အချစ်.. စစ်ပွဲ စတာတွေနဲ့လည်း သက်ဆိုင်ပါသေးတယ်.. နီလိမ္မော်ကတော့ စိတ်စွမ်းအင် ရမက်ဆန္ဒတွေပါတဲ့..
ပန်းရောင် – အချစ်နဲ့ အလှအပကို ကိုယ်စားပြုပါတယ်.. မိန်းကလေးတွေရဲ့အရောင်လို့လည်း သတ်မှတ်ကြသေးတယ်လေ..
အညို – သူကတော့ မြေကြီးကို ကိုယ်စားပြုတယ်.. လေးလံထိုင်းမှိုင်းတာ အထီးကျန်တာတွေလို့လည်းပြောကြပါတယ်..
လိမ္မော် – သတ္တိအရောင်အနီနဲ့ ပျော်ရွှင်ခြင်းအရောင် အဝါတို့ပေါင်းထားလို့ လိမ္မော်ဟာ ဆွဲဆောင်မှု.. ဆုံးဖြတ်နိုင်စွမ်း.. လှုံ့ဆော်မှု.. တီထွင်ဥာဏ်.. ခွန်အားဗလနဲ့ တာရှည်ခံတာ.. ပြီးတော့ လှုပ်ရှားထိုးဖောက်တာတွေရဲ့ အရောင်ပါ.. လိမ္မော်ရောင်ဟာ ဦးနှောက်ရဲ့ အောက်စီဂျင်နှုန်းကို တိုးမြှင့်ပေးနိုင်ပါတယ်တဲ့.. ဒါကြောင့်မို့ စားသောက်ကုန်တွေနဲ့ ကလေးကစားစရာတွေမှာ အသုံးပြုဖို့ အရမ်းကိုသင့်တော်တာပေါ့.. (ဒါက မောင်လေတံခွန် အထူးပြုမေးထားတဲ့ အရောင်)
ရွှေရောင် – ချမ်းသာခြင်း အောင်မြင်ခြင်းတွေ.. ပြီးတော့ ပညာဥာဏ်ကိုလည်း ဆိုလိုပါသေးတယ်..
အဝါ – ပျော်ရွှင်ခြင်း စိတ်ကူးဥာဏ်ထက်သန်ခြင်းတို့အပြင် အဝါရင့်ရောင်ဟာ မနာလိုခြင်းကိုလည်း ကိုယ်စားပြုတယ်ပြောပါတယ်.. အဝါဟာ အနက်နဲ့တွဲရင် ပိုပြီးထင်ရှားတောက်ပလာတတ်ပေမယ့် ဝမ်းနည်းကြေကွဲခြင်းသရုပ်သဏ္ဍာန်ကို ပိုပြီးပေါ်လွင်သွားစေပါတယ်.. အဝါရောင်အခန်းတွေထဲမှာဆိုရင် ကလေးတွေဟာ ပိုပြီးငိုတတ်ကြပါသတဲ့.. ဒါပေမယ့်လည်း အဝါနုရောင်ဟာ နွေးထွေးခြင်းနဲ့တောက်ပခြင်းဂုဏ်သတ္တိရှိလို့ ကျောင်းသားကျောင်းသူအသုံးအဆောင်တွေမှာ အဝါကို အသုံးပြုကြလေ့ရှိပါတယ်..
အစိမ်း – သူကတော့ သဘာဝတရား နွေးထွေးကြင်နာတာ ဖွံ့ဖြိုးတာ နောက်ပြီး ကျန်းမာရေးရဲ့အရောင်ပါ.. ကြီးထွားခြင်း လတ်ဆတ်ခြင်းတို့ကို ကိုယ်စားပြုတဲ့ အစိမ်းရောင်ဟာ လုံခြုံခြင်းကိုလည်း ခံစားရစေပါတယ်.. သစ်ပင်စိမ်းများ မြက်ခင်းစိမ်းများကိုကြည့်ပေးတာဟာ မျက်လုံးကျန်းမာရေးကို အထောက်အကူပြုပေးနိုင်ပါသတဲ့.. အစိမ်းရင့်ရောင်ကို ငွေကြေးရောင်လို့သတ်မှတ်လေ့ရှိပြီး အစိမ်းနုနုတောက်တောက်ကတော့ သတ္တိကြောင်တာကိုလည်း ဆိုလိုပါသေးတယ်.. သံလွင်စိမ်းရောင်ကတော့ ငြိမ်းချမ်းခြင်းလို့ သတ်မှတ်ထားကြပါတယ်…
အပြာ – ငယ်ရွယ်ခြင်း ရှင်သန်ခြင်း ငြိမ်းချမ်းစစ်မှန်ခြင်းတို့အပြင် ယောက်ျားလေးများရဲ့အရောင်လို့ သတ်မှတ်ကြပါတယ်.. ကောင်းကင်နဲ့ ပင်လယ်ကြီးရဲ့အရောင်ဖြစ်လို့ အပြာကို သစ္စာတရားနဲ့ ကောင်းကင်ဘုံအတွက်သတ်မှတ်ထားပါသေးတယ်.. ပြီးတော့ အပြာဟာ အစာစားချင်စိတ်ကိုလည်း ဖြစ်စေပြီး လူတွေရဲ့စိတ်တည်ငြိမ်မှုအတွက်လည်း အထောက်အကူပေးပါသေး..
ခရမ်း – တော်ဝင်တာ သစ္စာရှိတာ.. စည်းစိမ်ရှိတာ.. မှော်ဆန်တာတွေအတွက် သုံးပါတယ်.. စစ်တမ်းတွေအရတော့ ဆယ်ကျော်သက်အရွယ်အများစုဟာ ခရမ်းရောင်ကို ကြိုက်တတ်ကြပါတယ်တဲ့.. ခရမ်းဟာ သဘာဝပတ်ဝန်းကျင်မှာ သိပ်ရှားပါးတဲ့အရောင်ဖြစ်ပါတယ်.. ဒီတော့သူ့ကို အတုအယောင်အဖြစ်လည်း သတ်မှတ်ကြပါသေးတယ်.. ပြီးတော့ ခရမ်းရောင်ကြိုက်သူတွေကို လျှို့ဝှက်တတ်သူ ကြေကွဲတတ်သူ စိတ်ပျက်လွယ်သူတွေလို့လည်း ပြောတတ်ကြသေးတယ်..
အဖြူ – အလင်းနဲ့သက်ဆိုင်တဲ့ အရောင်ဖြစ်တဲ့ ဒီအရောင်က ဖြူစင်ကြည်လင်တာ သန့်ရှင်းတာတွေအပြင် နှင်းပွင့်တွေလိုပဲ အေးချမ်းခြင်းကိုလည်း ဖော်ပြပါတယ်.. ဆေးရုံဆေးခန်းတွေမှာ အဖြူရောင်တွေကို အသုံးများတာဟာ လူ့ရဲ့စိတ်ကိုကြည်လင်စေရုံမကဘဲ အေးချမ်းမှုလည်းရစေလို့ပါ..
အနက် – ငြိမ်သက်တာ ခိုင်မြဲတာ.. မကောင်းဆိုးဝါး.. လျှို့ဝှက်နက်နဲ့တာ.. ပြီးတော့ သေခြင်းရဲ့အရောင်ပါ.. (သေခြင်းလောက်ခိုင်မြဲတာလည်း ဘာမှမရှိတော့ဘူးနဲ့တူပါတယ်နော်).. ဖက်ရှင်လောကမှာတော့ အနက်ဟာ ဆွဲဆောင်အားသိပ်ပြင်းတာ သေသပ်လှပတာဆိုတဲ့ အဓိပ္ပါယ်ပါ.. အနက်ကို လိမ္မော်တို့ အနီတို့လို အရောင်တောက်တောက်နဲ့တွဲသုံးတဲ့အခါမှာ အင်မတန်မှ ဆွဲအားပြင်းတဲ့ အရောင်အတွဲအစပ်ကို ဖြစ်စေတော့တာပေါ့..
မီးခိုး – ဝမ်းနည်းပူဆွေးခြင်း လုံခြုံခြင်း ရင့်ကျက်တည်ငြိမ်ခြင်းတို့အပြင် ပျင်းရိဖွယ်တွေကိုလည်း ဖော်ပြပါတယ်..
ကဲ အရောင်တွေအကြောင်း နည်းနည်းပါးပါး တီးမိခေါက်မိရှိသွားကြတယ်ဆို ဝမ်းသာပါတယ်..
မတရားကောင်းတဲံပို.စ်ပါဗျာ……. အရောင်တွေ အကြောင်းကို ပြည့်ပြည့်စုံစုံရှင်းပြသွားတဲ့အတွက် ကျေးဇူးတင်ပါတယ်….
Was this answer helpful?
LikeDislikeအရောင်တွေရဲ့ အဓိယ်ပယ် ဟာ နိုင်ငံတနိုင်ငံနဲ့ တနိုင်ငံ မတူကြဖူးနော်
Was this answer helpful?
LikeDislikeအရောင်တွေနဲ့ အဓိပ္ပါယ်ကို အကောင်းဆုံးဖွင့်ဟသွားတာ တကယ်ကိုမှ ပြည့်စုံပါပေတယ်…..
Was this answer helpful?
LikeDislikeအခု လိုတင်ပေးတာ ကျေးဇူးတင်တယ်ဗျို့။ အခုမှ ပဲ ရှင်းရှင်းလင်းလင်း သိရတော့တယ် ။
Was this answer helpful?
LikeDislikeအရောင်တွေရဲ့ အဓိပ္ပါယ်ကို ဘယ်သူတွေက စသတ်မှတ်ခဲ့လဲတော့သိဘူး
အနုပညာမျက်စိနဲ့ ကြည့်ခဲ့တာထင်တယ်
တန်တော့…. အနုပညာသမားတွေများလားနော်…??
Was this answer helpful?
LikeDislikeအပေါ်က ပို့စ်အတွက်ကျေးဇူးပါ
အပေါ်ကတစ်ယောက်လိုပဲ သိချင်တာ တစ်ခုက အရောင်တွေရဲ့ ဖွင့်ဆိုချက်တွေကို တကမ္ဘာလုံးက ဒီလိုပဲ သတ်မှတ်တာလား
တနိုင်ငံနဲ့ တနိုင်ငံ ကွဲပြားမှုရှိလားဆိုတာပါ
Was this answer helpful?
LikeDislikeအားလုံးက သတ်မှတ်တဲ့ အရောင်နဲ့ ပတ်သတ်တဲ့ စံ သဘောထား ဖြစ်ပါလိမ့်မယ်။
မြန်မာ မှာသာ အရောင်နဲ့ ပတ်သတ်တဲ့ ကျမ်းကိုး ကျမ်းကား မရှိတာ..
Was this answer helpful?
LikeDislikeအရင်က fashion မှာ တစ်နှစ်ကို အရောင်တစ်ခု သတ်မှတ်တယ်လို့ ကြားဖူးတယ်။ဟုတ်ပါသလား၊
အခုနောက်ပိုင်းတော့ အနက်တွေဘဲ ၀တ်လာကြတာတွေ့တော့တယ်။
Was this answer helpful?
LikeDislikeအနက်ကတော့ အဝတ်များကြပေမယ့် တစ်နှစ်တစ်ရောင် သတ်မှတ်ကြလေ့ရှိပါတယ်.. 2010 တုန်းကဆို အပြာလဲ့လဲ့.. ခု 2011 အတွက်ဆို ပန်းဆီရောင်ပေါ့..
Was this answer helpful?
LikeDislikeစင်္ကာပူမှာ ယောင်္ကျားလေးတွေ ပန်းရောင်ဆို မ၀တ်ချင်ကြဘူး။
Was this answer helpful?
LikeDislikenangnyi
များများရေးပါနော်
Was this answer helpful?
LikeDislikeှုပြည်စုံသွားတာပဲ။
ကျမက အပြာရောင် အကြိုက်ဆုံးပဲ။
ခရမ်းရောင်မကြိုက်ဆုံးပဲ။
ဒါကြောင့်
(အပြာ – ငယ်ရွယ်ခြင်း ရှင်သန်ခြင်း ငြိမ်းချမ်းစစ်မှန်ခြင်းတို့အပြင် ယောက်ျားလေးများရဲ့အရောင်လို့ သတ်မှတ်ကြပါတယ်.. ကောင်းကင်နဲ့ ပင်လယ်ကြီးရဲ့အရောင်ဖြစ်လို့ အပြာကို သစ္စာတရားနဲ့ ကောင်းကင်ဘုံအတွက်သတ်မှတ်ထားပါသေးတယ်.. ပြီးတော့ အပြာဟာ အစာစားချင်စိတ်ကိုလည်း ဖြစ်စေပြီး လူတွေရဲ့စိတ်တည်ငြိမ်မှုအတွက်လည်း အထောက်အကူပေးတယ်)
ဒါကျမ စရိုက်ထင်ပါရဲ့ ။
Was this answer helpful?
LikeDislike