နှလုံးသွေးကြောပိတ်ရောဂါ

၁ . အဆီအဆိမ့်စားကောင်းသောက်ဖွယ်များကို စားပြီး ကိုယ်လက်လှုပ်ရှားမှု နည်းပါးသည့်အပြင် အညောင်းထိုင်လေ့ ရှိသော လူမျိုးတွင် အများဆုံးတွေ့ရ၏ ။ အလေးချိန်ပိုသူတွင် ဒီရောဂါ အဖြစ်များ၏ ။
၂ . အုန်းနို့ ၊ အုန်းဆီ ၊ နို့ ၊ ဒိန်ခဲ ၊ မလိုင် စသည်တို့ကို ပိုမိုစားသုံးလေ့ ရှိသူများတွင် တွေ့ရ၏ ။
၃ . ဆီးချိုရောဂါ နှင့် သွေးတိုးရောဂါ အခံရှိသူများတွင် ဒီရောဂါ တွေ့ရ၏ ။
၎ . ဆေးလိပ်သောက်သူများ ၊ စိတ်ပင်ပန်းခံ အလုပ်လုပ်လေ့ လုပ်ထရှိသူများ စိတ်သောကများသူများတွင် တွေ့တတ်၏ ။

ရောဂါလက္ခဏာများ

နှလုံးခုန်သည့် ရင်ဘတ်အတွင်းမှ စတင်နာကြင်လာခြင်း ၊ ၀ဲဘက်လက်မောင်း ဖြတ်ဆင်း နာကျင်ခြင်း ၊ ရောဂါဖြစ်ချိန်တွင် ၂ မိနစ် ၊ ၃ မိနစ် လောက်သာကြာပြီး နှစ်လ ၊ သုံးလ တစ်ကြိမ် သာနာ၏ ။ ဒီအချိန်ထိ ဆေးကုသမှု မခံယူပါက ဝေဒနာသည် တဖြည်းဖြည်းနှင့် တခါတရံ အိပ်မရသည်အထိ ဖြစ်တတ်၏ ။ တစ်ခါတစ်ရံ ချွေးသီးချွေးပေါက် ကျသည်အထိ နာကျင်ပြီး သွေးပေါင်ချိန်ကျကာ သတိလစ်တတ်သည် ။ အချို့ဆိုလျှင် ရုတ်တရတ် သေဆုံးသည် အထိ ဖြစ်သွားတတ်၏ ။

About မမလေး

has written 129 post in this Website..