ဒီစာကတော့ ရန်ကုန်ဆေးရုံကြီး အဆောင်(၁၂) ကုတင်နံပါတ်(၁၂) ဆောင်းပါးကို ဖတ်ရပြီးတဲ့နောက် ပြောပြ ချင်တာလေးတွေ ရှင်းပြချင်တာလေးတွေကို မစုမြတ်မိုမှ ဟောက်ဆာဂျင် ရှုထောင့်ကနေ တစ်ဆင့်ရှင်းပြထားတာဖြစ်ပါတယ်။

ဆရာဝန်သည်လူဖြစ်သည်.. အသွေးအသားနှင့်ဖွဲ့စည်းထားပါသည်.. အလုပ်သမားများအနက် အလုပ်ချိန် အများဆုံး အလုပ်သမားသည်

ဆရာဝန်ဖြစ်သည်.. duty ချိန်သည် တသမတ်တည်းမရှိပါ.. လူနာအရေးကို လိုက်ရ်ျု ဆေးရုံတွင် အချိန်ပြည့်နေသင့်လျှင်နေရသည်။ထို့ပြင် ဆေးရုံတစ်ရုံတွင် အနိမ့်ဆုံးလစာသာရပြီး တာဝန်အကြီးဆုံးအလုပ်များ(လူ့အသက်နှင့်ဆိုင်သောအလုပ်) ကို အိပ်ချိန်တန် မအိပ် စားချိန်တန်မစားရဘဲ

နေ့ရောညပါ ထမ်းဆောင်နေရသည်မှာ အလုပ်သင်ဆရာဝန်များဖြစ်သည်.. အနိမ့်ဆုံးလစာ မည်မျှဆိုသည်ကို သိပါသလား..

သန့်ရှင်းရေးအလုပ်သမားထက်နိမ့်သည်။ တစ်လမှ ၁၁၇၅ ကျပ်သာရပါသည်.. သို့သော် ပညာသင်ယူစဉ်ကာလဖြစ်သည့်အတွက် မည်သူတစ်ဦးကမှ complaint မတက်ပါ.. လူနာများဧ။် လာသမျှ complaint ကိုသာ ဒိုင်ခံရှင်းရသော သူလည်းဖြစ်ပါသည်.. ဆရာဝန်မှလူနာများကို ဆေးဝယ်ခိုင်းသည်မှာ မှန်ပါသည်.. အဘယ်ကြောင့်ဆိုသော်ဆေးရုံတွင် ဆေးမရှိပါ မရှိသောဆေးကို ၀ယ်ရန်အတွက် ဆရာဝန်မှာ တာဝန်ရှိပါသလား.. မ၀ယ်လျှင် ဆေးမကုနိုင်ပါ… ထို့အတွက် ၀မ်းနည်းရပါသည် လူနာများထင်သည်မှာ ဆေးရုံသို့တက်လာသည်နှင့် ဆရာဝန်ကလည်ပင်းညှစ်ကာ ပိုက်ဆံမကုန်ကုန်အောင် ဆေးဝယ်ခိုင်း သွေးစစ်ခိုင်းသည်ဟု ထင်ကြသည်.. ဆေးရုံကိုတက်ရန် ပွဲစားမလိုပါ.. တက်ချင်သည့်အချိန် တက်နိုင်သည်.. မတက်လိုတော့ပါကလည်း DC မရမီ abscond လုပ်နိုင်ပါသည်.. ပွဲစားသည် လူလိမ်သာဖြစ်သည်.. ဆေးရုံတွင် အပေါက်စောင့်က ပိုက်ဆံတောင်းခြင်းသည် ဆရာဝန်နှင့်မဆိုင်.. ဆရာဝန်သည် လူနာတစ်ယောက်တည်းကို ကြည့်ရတာမဟုတ်သည့်အတွက် စိတ်မရှည်ခြင်းဖြစ်ကောင်းဖြစ်နိုင်သည်.. လူသားတစ်ယောက်ဖြစ်သည့်အတွက်ဖြစ်သည်.. ကိုယ်ပိုင် ကိုယ်ရေးကိုယ်တာကို ဘေးဖယ်ပြီး ဆေးရုံတွင် ၂၄ နာရီ တာဝန်ကျနေရသည့် ဆရာဝန်ကဲ့သို့ သင်ရော လုပ်နိုင်ပါမည်လော.. လူအများက ဆရာဝန်ကို ပိုက်ဆံယူပြီး လူသတ်နေသည်ဟု ထင်ကြသေးသည်…. ဆရာဝန် သည် လူသတ်သမားမဟုတ်ပါ. ရှိသေးသည်..house surgeon 90% သည် လူသတ်ဖူးသည်ဆိုသော စကား… ဆင်ခြင်ပြီးမှ ပြော သင့်သည်။ သွေးလွန်တုပ်ကွေးဖြစ်သောကလေးကို မည်သည့် အပြင်ဆေးခန်းတွင်မှ မကယ်နိုင်ပါ.. ကလေးဆေးရုံကြီးတွင်သာ ကုသရနိုင်သည်.. house surgeon များရှိမှသာ hourly monitoring လုပ်ပြီး ကလေးအခြေအနေကို စောင့်ကြည့်ကာ ကြပ်မတ်ကုသနိုင်ခြင်းဖြစ်သည်.. မည်သည့်ကလေးအထူးကုကမှ DHF patient ကို hourly BP နှင့် vital sign monitor လုပ်မပေးပါ. အလုပ်သင်ဆရာဝန် များကြောင့်သာ ကလေးငယ်များ အသက်ရှင်ခြင်းဖြစ်သည်.. ထို့ပြင် house surgeon မှ ဆေးမှားထိုးပြီးလူသေသည်ဟုဆိုသည်။ ဖြစ်နိုင်ပါသည်.. သို့သော် ၉၀% မဟုတ်ပါ.. ဆေးကျောင်းတက်စဉ်ကာလတစ်လျှောက်လုံး ပညာကို သေချာမလေ့လာပါက လူသတ်သမားဖြစ်ရန် လုံလောက်သော အရည်အချင်းများနှင့်ပြည့်စုံလာပါမည်.. ATD လုပ်ရန်လိုသော ဆေးကို မလုပ်ဘဲထိုးမိပါက သေနိုင်သည်.. တော်ရုံမှားရုံနှင့်လူမသေပါ.. အလွန်တရာ ဆင်ခြင်တုံတရားကင်းမဲ့ပြီး အသုံးမကျရျုသာဖြစ်သည်.. မသိလျှင် AS ကိုမေးနိုင်သည်.. အလုပ်သင်ဆရာဝန်မှ အရာရာကို ဆုံးဖြတ်ခွင့်မရှိသည်ကို မသိခြင်းသည် ထိုသူဧ။် ညံ့ဖျင်းမှုသာဖြစ်သည်.. ထို့အတွက် အခြားသော ဆရာဝန်များကို မပုတ်ခတ်သင့်ပါ.. ဆရာဝန်တစ်ယောက်ဧ။် ဘ၀ကို နားမလည်ဘဲ ဘေးမှ လက်ခုပ်တီးနေသော သူများကိုလည်း မုန်းမိပါသည်.. ဆေးရုံဧ။် လစ်ဟာချက်များကို ဆရာဝန်များလုပ်အားဖြင့် ဖြည့်နေရသည်.. လူနာနှင့် ဆရာဝန် အင်အားမမျှ… လူနာများကလည်း ဆိုရှယ်လစ်ခေတ်မှ အကျင့်ဆိုးကို မဖျောက်နိုင် ဆေးရုံရောက်လျှင် အလကားရ ရ မည်ဆိုသော ဆောင်ပုဒ်ကိုသာလက်ကိုင်ထားနေကြသည်.. ယနေ့ခေတ်တွင် ရောဂါ ဆန်းပေါင်းစုံက လူနာများနှင် ဆရာဝန်များကို စိန်ခေါ်နေကြသည်.. ကုသရန်ခက်ခဲသော ရောဂါတို့သည် သာမန်ဆေးဝါးနှင့် မပျောက်ကင်းနိုင်.. အချို့ဆေးများသည် အလွန် ဈေးကြီးသည်.. မတတ်နိုင်သောလူနာများအတွက် ရရာဆေးနှင့်ကုပေးသည်..ရောဂါမပျောက်ကင်းသည့်တိုင် အနည်းဆုံးသက်သာအောင်တော့လုပ်ပေးနိုင်သည်..

ဆရာဝန်သည် နတ်ဆေးဆရာမဟုတ်သည့်အတွက် စမ်းသပ်စရာရှိသည်ကို စမ်းသပ် စစ်ဆေးပြီးမှ ကုသပေးနိုင်မည်ဖြစ်သည်.. ကုသပေးတိုင်းလည်း ပျောက်ကင်းရမည်ဟု အာမ မခံနိုင်ပါ.. ထို့အတွက် ဆရာဝန်များကို အထင်အမြင်လွဲမှားနေကြသည်ကို ပြင်သင့်ပါသည်.. လူနာများဘက်မှ လိုအပ်ချက်များကိုလည်း သေချာ သုံးသပ်သင့်သည်.. မစားနှင့်ဆိုသည့်အရာကိုစားချင်သည်.. complaint အမျိုးမျိုးတက်သည်.. ဆေးရုံရောက်နေသော်လည်း မိမိဧ။် ကျန်းမာရေးကို ဂရုစိုက်ရမည့်သူမှာ မိမိကိုယ်တိုင်သာဖြစ်သည်.. ဆီးချိုရောဂါသည်ကို အချိုရှောင်ရန် မှာထားပါလျက်နှင့် စားချင်ရာစားသည့်လူနာအပေါ် မည်သည့်ဆရာဝန်က စိတ်ရှည်နိုင်ပါမည်နည်း.. တစ်စုံတစ်ခုဖြစ်လာလျှင် ဆရာဝန် အလွန်ဟုပြောဦးမည်.. လူနာများကလည်း ဆရာဝန်ကို ကူညီသင့်ပါသည်.. လူနာစောင့်များစည်းကမ်းမရှိပါ.. ဆရာဝန်ကြီး round နေချိန်တွင် အပြင်သို့ထွက်ရန် မနည်းတောင်းပန်ရသည်.. တစ်ယောက်တစ်ပေါက် ပြောချင်ရာပြောနေသည်.. အမှိုက်များဖွသည်… စရိတ်မျှပေးဆိုင်းဘုတ်ကို သာကြည့်ပြီး မဆူညံရ.. အမှိုက်မပစ်ရ ..ဆိုင်းဘုတ်များကိုတော့ လိုက်နာခြင်းမရှိကြပါချေ.. မည်သူမှားသည် မှန်သည် မဆိုချင်.. ပြောချင်ရာပြောနေသည့်လူများအနေဖြင့် ကိုသာ ဆင်ခြင်တွေးတောပြီးမှ ပြောဆိုဝေဖန် စေချင်ပါသည်..

(မစုမြတ်မို)

About thura.ng2

Thura Naung Naung has written 33 post in this Website..