နှလုံးသားနဲ့ဖတ်ပါ……

Linn LettSeptember 28, 20101min710

ကောင်လေး – ငါတို ့တွေအတွက်တော့ လောကကြီးကအထီးကျန်စရာကောင်းလိုက်တာနော်။
ကောင်မလေး -ဟုတ်တယ်နော်….တစ်ခြားသူငယ်ချင်းတွေမှာ
ချစ်သူတွေကိုယ်စီရနေပြီ….။ တို ့အုပ်စုမှာ တို ့၂ယောက်ဘဲ
အထီးကျန်ပြီးကျန်ခဲ့တာ…။ ဒီပြင်လူတွေမှာလည်းချစ်သူကိုယ်စီနဲ ့..။
ငါတို့ဘဝကအထီးကျန်လိုက်တာ..။

ကောင်လေး – ငါတော့ဘာလုပ်ရမယ်မှန်းတောင်မသိတော့ပါဘူးကွာ…။
ကောင်မလေး – ဒီလိုလုပ်ပါလား..ငါတို ့game တစ်ခုကစားရအောင်…။

ကောင်လေး – ဘာ game လဲ..။
ကောင်မလေး -ငါနင့်ကောင်မလေးအနေနဲ ့ရက် ၃ဝ နေမေးမယ်..နင်လဲငါ့ကောင်လေးအနေနဲ
့ပေါ့…ဘယ်လိုလဲ..။
ကောင်လေး – ဒီအကြံမဆိုးဘူး..။နောက်ရက်တွေမှာလဲ
ငါ့မှာဘာမှထူးထူးခြားခြားလုပ်စရာမရှိဘူး…။ သဘောတူတယ်ကွာ..။

ပထမနေ ့-သူတို ့၂ယောက် အချစ်ရုပ်ရှင်တူတူ သွားကြည့်ပြီးပျော်ရွင်ခဲ့ကြတယ်..။
၄ ရက်မြောက်နေ ့- သူတို ့တွေကမ်းခြေကိုပျော်ပွဲစားထွက်ခဲ့ကြတယ်…။
သာယာတဲ့အချိန်လေးတစ်ခုသူတို ့ရခဲ့ကြတယေ်လေ..။

၁၂ရက်မြောက်နေ ့ -ကောင်လေးကကောင်မလေးကို
Circusပွဲခေါ်သွားတယ်ဗျ..မြင်းရိုင်းတစ်ကောင်ဖျော်ဖြေတဲ့အလှည့်ကျတော့
ကောင်မလေးကရုတ်တရက်လန် ့ပြီးကောင်လေးလက်နဲ ့..ဘေးကလူကြီးလက်မှားကိုင်မိလို
့နှစ်ယောက်လုံး ရယ်ကြရသေးတယ်ဗျ..။

၁၄ရက်မြောက်နေ ့- သူတို ့လျှောက်လည်ရင်းလမ်းဘေးက ဗေဒင်ဟောတဲ့အမယ်အိုကြီးကိုတွေ
့တော့ သူတို ့ရှေ့ရေး ဝင်မေးခဲ့သေးတယ်ဗျ..။ အမယ်အိုကြီးက..”ကလေးတို ့..ကလေးတို
့ရဲ ့တန်ဖိုးရှိတဲ့အချိန်တွေကို..အလကားဖြုန်းတီးမပစ်မိစေနဲ
့..နှစ်ယောက်အတူတူချစ်ချစ်ခင်ခင် ပျော်ပျော်ရွင်ရွင်နေကြပါ”….တဲ့..။ အမယ်အို
ကြီးရဲ ့မျက်ဝန်းတွေမှာမျက်ရည်တွေစို ့နေတာကိုတော့ ကောင်လေးနဲ ့ကောင်မလေး
သတိမထားမိလိုက်ဘူးတဲ့..။

ရက် ၂ဝမြောက်နေ ့- သာယာတဲ့ညနေခင်းလေးမှာ ကောင်မလေးကကောင်လေးကို
တောင်ပေါ်အပန်းဖြေစခန်းခေါ်သွားတယ်..။ ရုတ်တရက်..ကြယ်ကြွေသွားတာ သူတို ့တွေ
့လိုက်တယ်..။ ကောင်မလေး နှုတ်ကတစ်စုံတစ်ခုကို တိုးတိုးရေရွတ်လိုက်တယ်…။
ကောင်လေးတော့မကြားလိုက်ဘူးတဲ့ဗျာ..။
၂၈ရက်မြောက်နေ ့- သူတို ့နှစ်ယောက် bus
အတူတူစီးကြတယ်..။တစ်နေရာရာကပြန်လာတာပေါ့ဗျာ..။ သိတဲ့အတိုင်း
လမ်းကြမ်းတော့ကားကခုန်နေတာပေါ့. .။ အဲဒီမှာ
ကောင်မလေးကကောင်လေးကိုမတော်တဆနမ်းမိသွားတယ်..။ ပထမအနမ်းပေါ့ဗျာ..။

၂၉ရက်မြောက်နေ ့ည ၁၁နာရီ ၃ရမိနစ်… ကောင်လေးနဲ ့ကောင်မလေးနှစ်ယောက် သူတို ့ဒီ
game ကို ပထမဆုံး ဆုံးဖြတ်ခဲ့တဲ့ပန်းခြံလေးမျာထိုင်နေကြတယ်..။ မနက်ဖြန်ကသူတို
့game ရဲ့နောက်ဆုံးနေ့လေ..။
ကောင်လေး – ကိုယ်နည်းနည်းပင်ပန်းနေတယ်ကောင်မလေး..။
မင်းတစ်ခုခုသောက်ချင်ရင်မှာလိုက်လေ..။ကိုယ်အအေးသွားဝယ်မလို ့..။
ကောင်မလေး- ဒါဆို Apple juice ဝယ်ခဲ့ပေးပါလား..။ thank you နော်..။
ကောင်လေး- ရပါတယ်..။ ကိုယ့်ကိုစောင့်နေနော်…။

မိနစ်၂ဝလောက်ကြာတော့ကောင်မလေးဆီ သူစိမ်းတယောက် အပြေးရောက်လာတယ်…။
သူစိမ်း.. -ညီမက ကောင်လေး ရဲ့သူငယ်ချင်းလား….။
ကောင်မလေး..- ဟုတ်ကဲ့..။ ဘာဖြစ်လိုု ့လဲဟင်..။
သူစိမ်း..- အရက်သမားတစ်ယောက်မောင်းလာတဲ့ကားက ကောင်လေးကိုတိုက်မိလို
့ကောင်လေးဆေရုံမှာ..အရေးပေါ်ခန်းထဲမှာခွဲစိတ်ခံ နေရတယ်ဗျာ…အဲဒါ……….
သူစိမ်းဆက်ပြောတဲ့စကားတွေကောင်မလေး
မကြားနိုင်တော့ပါ..ဆေးရုံကိုပဲအမြန်လိုက်သွားမိတော့တယ်….။

ည၁၁နာရီ ၅ရမိနစ်…. ဆရာဝန် အရေးပေါ်ခန်းထဲက မျက်နှာမကောင်းဘဲ
ထွက်လာပြီးကောင်မလေး လက်ထဲကို Apple juice လေးနဲ ့စာတစောင် ကမ်းပေးလိုက်တယ်…။
ဆရာဝန်ကဝမ်းနည်းတဲ့အသံနဲ ့…ဒါကျနော်တို ့ကောင်လေးရဲ့အိတ်ထဲကရတာပါ…
ကောင်မလေးကသွေးတွေပေနေတဲ့စာကို တုန်တုန်ရင်ရင်နဲ ့ဖွင့်ဖတ်လိုက်တာပေါ့..။
စာထဲမှာရေးထားတာကတော့……..
“ကောင်မလေး..ပြီးခဲ့တဲ့ရက်တွေအတွင်းမှာ မင်းဘယ်လောက်ချစ်စရာကောင်းတယ်ဆိုတာ
ကိုယ်သိခဲ့ရတယ်.. ဒီ game လေးကစားနေချိန်မှာဘဲ မင်းကိုကိုယ်
အရမ်းအရမ်းချစ်မိသွားပြီကွာ…။မကြာခင်ဒီ game လေးပြီးတော့မယ်နော်..။
gameလေးပြီးသွား ပေမယ့် မင်းကိုယ့်ရဲ့ချစ်သူအဖြစ် ဆက်ရှိနေပေးပါလားနော်…။
ဘဝတစ်လျှောက်လုံးစာအတွက်ချစ်သူပေါ့…။ အရမ်းချစ်တယ်ကောင်မလေးရယ်….။

ကောင်မလေးက စာရွက်လေးကို တင်းတင်းဆုတ်ကိုင်ရင်း
ဝမ်းနည်းပက်လက်ငိုပါတော့တယ်….။

“ကောင်လေးရယ်…မသေပါနဲ ့နော်…မသေပါနဲ ့… တို ့လည်းမင်းကို
အရမ်းချစ်ပါတယ်..။ တို ့တွေတောင်ပေါ်သွားတဲ့နေ ့ကိုမှတ်မိသေးလားဟင်…။
ကြယ်ကြွေတာမြင်လိုက်ရတဲ့နေ ့လေ..။အဲဒီတုန်းကကြယ်ကြွေတုန်း..တို ့မင်းနဲ ့ဒီgame
လေးပြီးလည်း ထာဝရအတူနေနိုင်ပါစေလို ့တို ့ဆုတောင်းခဲ့တယ်သိလား…..၊
ကျေးဇူးပြုပြီးတို ့ကိုမထားခဲ့ပါနဲ ့နော်…။ကောင်လေး
မင်းကိုငါချစ်တယ်သိလား…တို ့ကိုခွဲသွားလို ့မဖြစ်ဘူးနော်….။”

နာရီလက်တံလေး ၁၂ကိုရောက်သွားတယ်…. ရက် ၃ဝ ပြည့်တဲ့အချိန်ပေါ့………။
ကောင်လေးရဲ့နှလုံးခုန်နှုန်း ထာဝရ ရပ်တန့်သွားခဲ့တယ်……