ကျမ္မရေး အသပြာ စေတနာ
ကျွန်တော်တို့ငယ်ငယ်တုန်းကဖျားနာရင် ဆရာမောင်ဆေးနီမှုန့်သောက် မပျောက်ရင်
ဆေးခန်းသွား အခုခေတ်လိုဆေးခန်းကြီးတွေကလဲမရှိ ဂျီပီ တွေဘဲအားကိုးရပါတယ်
ဆရာဝန်တွေကလဲငွေမျက်နှာကြည့်တဲ့သူနည်းပါတယ် သင့်တင့်သောငွေအသပြာ
ဘဲယူပါတယ် အသပြာဆရာမရှိဘူလားဆိုတော့ ရှိပါတယ်နည်းတယ်ဘဲပြောရမှာပါ
အခုခေတ်ကဂျီပီ ဆိုတာ တွေလဲများလာသလောက် ဆေးခန်းကြီးတွေကလဲသူ့ထက်
ငါအပြိုင်အဆိုင်ဖွင့်လိုက်ကြတာ ဆေးရုံကြီးတွေကလဲဟောတလုံး ဟောတလုံးနဲ့
အထူကုဆရာဝန်ကြီးတွေကိုလဲသူ့ထက်ငါအပြိုင်အဆိုင်ခေါ်လိုက်ကြတာဆရာကြီး
တွေလဲအိပ်ချိန်မှရှိရဲ့လားလို့ထင်ရအောင်ကို ကိုယ်ပိုင်ဆေးခန်းပြေးလိုက်
ဆေးခန်းကြီးတွေပြေးလိုက် ဆေးရုံကြီးတွေပြေးလိုက်နဲ့ပြည်သူတွေကျမ္မာရေကို
၂၄ နာရီလောက်ကြည့်ပေးနေကြရတာပါ။
အခုခေတ်မြန်မာပြည်သူဖြစ်ရတာပြည်သူ့ဆေးရုံကြီးတွေ အပြင်ဆေးခန်းလေးတွေ
ဆေးခန်းကြီးတွေ ဆေးရုံကြီးတွေနဲ့ ဆရာဝန်တွေဆိုလဲတနှစ်တနှစ်နိုင်ငံတော်က
မွေးထုတ်ပေးနေတာနဲမှတ်လို့။ ပြည်သူတွေရဲ့ကျမ္မာရေးအတွက်ဘယ်လောက်ကောင်း
လိုက်ပါသလဲ၊ သို့သော်…
ကျမာ္မရေးတခုခုဖြစ်လို့ပြည်သူ့ဆေးရုံကြီးသွားလိုက်ရင် ဆေးမရှိ ဆေးဝယ်ပေးအုန်း
ကနေစလိုက်တာ ဆေးရုံအပေါက်စောင့်ကလဲလာထား တွန်းလှည်းတွန်းတဲ့လူကလဲ
လာထား နောက်ဆုံးရေအိမ်သန့်ရှင်းရေကလဲလာထား နဲ့ကြာတော့မထူးပါဘူးဆိုပြီး
ဆရာကြီးတွေရှိတဲ့အပြင်ဆေးခန်းကြီးတွေ ဆေးရုံကြီးတွေသွားပြရော
အပြင်မှာကတော့သိတဲ့အတိုင်း ဆရာမလေးတွေကလဲသဘောကောင်း ဆရာကြီး
ဆရာလေးတွေကလဲစေတနာအပြည့်ဘာလိုသေးသလဲ
လိုသေးတာက ဆေးခန်းကြီးတွေ ဆေးရုံကြီးတွေအချို့အချို့ပေါ့လေဘယ်တာကထွက်
တယ်မသိ ရက်လွန်ဆေးတွေပေးနေတာ ၊ဆေးရုံသွားတက်တဲ့မိတ်ဆွေတွေ
ဆေးခန်းကြီးတွေသွားပြတဲ့မိတ်ဆွေတွေပြောနေတာကိုကြားနေရတာဘယ်လို
ပြောမှန်းကိုမသိအောင်ဖြစ်ရပါတယ်
လူအသက်ကအရေးကြီးပါတယ် ဒါကြောင့်လဲကုန်မဲ့ငွေမနှမျောနိုင်ဘဲအားကိုးတကြီး
လာတဲ့လူတွေကိုဆီးရိုက်တာတော့မကောင်းပါဘူးတန်ရာတန်ကြေးတောင်းထားပြီး
ရင် တန်အောင်တော့ပြန်လုပ်ပေးရမှာပါ
ဆေးရုံကြီးကလက်လွှတ်လိုက်တဲ့ သားအိမ်ကင်စာ အမျိုးသမီးကို သားအိမ်ထုတ်ရင်
မှီသေးတယ် မသေးဘူး ငွေ တစ်သိန်းရှိရင်ရတယ်ဆိုလို့ မရှိမဲ့ရှိမဲ့ရောင်းချပြီး
သွားခွဲလိုက်ပါတယ် ခွဲခန်းကထွက်လာတဲ့အချိန် ငွေထပ်တောင်းရော
တစ်သိန်းရှိရင်လောက်တယ်ဆို ဆိုတော့ အဲဒါ ခွဲစိတ်ခ ခွဲခန်းခပါတဲ့
နောက်ဆက်တွဲပြုစုစရိတ် ဆေးခန်းခမပါပါဘူးတဲ့ အဲလိုရိုက်စားတာ
လူနာလဲကောင်းသလားဆိုတော့ သေတာပါဘဲ အဲလောက်ကြီးစေတနာနဲပြီး
အသပြာနောက်လိုက်နေကြတာတော့ကောင်းဘူးလို့ထင်ပါတယ်။
ဆေးခန်းပိုင်ရှင်ကြီးတွေ ဆေးရုံပိုင်ရှင်ကြီးတွေကိုထားလိုက်ပါ သူတို့ကငွေရှာနေတာ
လေ စီးပွါးရေးလုပ်နေတာငွေရှာတာသူတို့အလုပ်လေ ဆရာကြီးဆရာလေးတွေကို
တော့မေတ္တာရပ်ချင်ပါတယ် ရက်လွန်ဆေးတွေပေးနေတာတွေ့ရင်လူနာတွေဘက်က
ကိုယ်ချင်းစာပြီး ပြတ်ပြတ်သားသားဆန့်ကျင်ပေးပါ ခွဲလို့မရမဲ့လူနာကိုလဲဆေးခန်းအ
ကျိုးတခုထဲမကြည့်ဘဲ စေတနာရှေ့ထားပြီးသနားစရာလူနာတွေကိုလဲပြန်ကြည့်ပေးပါလို့အားလုံး
ကိုယ်စားတောင်းပန်လိုက်ပါတယ်။
အတ္တ ပရ နှစ်ဖက်မျှတနိုင်ကြပါစေ
This is criminal negligence, not only clinical thing. The respective clinician should be sued and struck off the registration. Who is ruling this failed state? The evil power of Gen Than Shwe who is mass murderer, awaiting to be prosecuted at International Criminal Court for Crime against Humanity. We must boycott the election to make this fake election failed. We will change the failed corrupted society once we are liberated. The important thing is for regime change and to install the people`s government. Boycott Election.
Was this answer helpful?
LikeDislikeအန်တယ်ကြီရယ် လူတွေကလည်း ပင်ပမ်းဆင်းရဲ ကျပ်တည်းစွာနဲ့နေနေ ကြရတော့ အိပ်စ်ပိုင်းယား ဖြစ်နေလို့ သူတို့နဲ့ သင့်တော်မဲ့ သက်တမ်းလွန် ဆေးတွေပေးတာ ဖြစ်ပါလိမ့်မယ်။ သိပ်လည်းဒေါမကီးပါနဲ့။
Was this answer helpful?
LikeDislikeဆရာဝန်တွေကတော့ ဒိတ်အောက်နေတဲ့ဆေးတွေပေးတာရှားပါတယ် ။ တစ်ချို့ဆေး company တွေက ဆေးတွေကို ဖောက်ပေးတတ်တော့ သက်တမ်းကုန်မကုန်မသိနိုင်ပါဘူး ။ တကယ်တမ်းဖြစ်နေတာက ဆေးရုံတွေမှာ ဒီပိုးဇစ်တင်ခိုင်းတာပါ ။ အများအားဖြင့်အထူးကုဆေးခန်းတွေမှာအဖြစ်များပါတယ် ။ အစိုးရဆေးရုံတွေကလည်း ဆေးဝါးအလုံလောက်မရှိပါဘူး ။ လှူသမျှလည်း ဘယ်ရောက်ကုန်တယ် မသိပါ။ လူနာများတဲ့ဆရာဝန်တွေဆိုရင် လူနာတယောက်ကို သာမန်ကာလျှံကာပဲကြည့်တော့တယ် ။
Was this answer helpful?
LikeDislikeအစိုးရဆေးရုံမှာတော့ ရေးထားပါတယ် .. တကယ်မတတ်နိုင်တဲ့လူကို အခမဲ့ ကုပေးပါတယ် တဲ့ .. ဆေးရုံမှာ လောလောဆယ် အလကားရတာ .. လူနာကုတင်ပဲ ဖြစ်ပါတယ် .. ရိုးရိုးခန်း တက်တယ် ဆိုရင်တော့ ဆရာဝန်အတွက် ပေးစရာမလိုပါ .. ရိုးရိုး ခွဲစိတ်စရာ မလိုဘူး ဆိုရင်တော့ ..ဆရာဝန်လဲ အလကား ရတယ်လို့ ဆိုနိုင်ပါတယ် .. ကျန်တာကတော့ .. ပါတာကုန်ပါပဲ ..
ပြင်ပဆေးခန်းမှာ ဒိတ်အောက်တဲ့ ဆေးကိစ္စကတော့ .. ဆေးတွေကို လက်တွေ့ ကိုင်တွယ်တဲ့ လူနဲ့ပဲ ဆိုင်မယ် ထင်ပါတယ် .. ဆေး ဝယ်ခွင့် ရှိသူ .. ဆေးပေးခွင့်ရှိသူတွေရဲ့ လက်ချက်ကြောင့်ပဲ ဖြစ်မှာပါ .. ဘယ်သူသေသေ ငါ ပိုက်ပိုက်ရရင် ပြီးရော ဆိုတဲ့ လူမျိုးတွေ ရှိနေသလို .. ငါ့ဝမ်းပူဆာ မနေသာ ဆိုတဲ့ အကြောင်းပြချက်ကြောင့် လုပ်နေတဲ့ လူလဲ ရှိနေမှာပါ .. ဒါကြောင့် စနစ်ကြောင့် .. စီးပွားရေးကြောင့်လို့ ပြောလို့ ရနိုင်သလို .. လူတစ်ဦးချင်းစီ ကြောင့်လို့လဲ ပြောနိုင်ပါတယ် ..
Was this answer helpful?
LikeDislikeအသပြာဆရာဝန်တွေဖြစ်ကုန်တာ မိဘတွေမှာလည်း တာဝန်မကင်းဘူးလို့ထင်ပါတယ်။
မိဘတွေက အမှတ်မြင့်မှတက်ရတဲ့ ဆရာဝန်လိုင်းကို ဝါသနာမပါဘဲဇွတ်တက်ခိုင်းပါတယ်။
အဲ့ ဝါသနာမပါတော့ စေတနာမပါတော့ဘူး။
နောက် ဆရာဝန်ဖြစ်ဘို့ငွေကုန်ကြေးကျများ (အရင်းအနှီးများ)တော့လဲ အရင်းကျေအောင်များများယူရတာပေါ့။
နောက်ဘာဖြစ်ဖြစ်ငွေနဲ့ချိန်စက်တဲ့အခုခေတ်မှာ ကျန်းမာခြင်းသည် လာဘ်တပါးဆိုတာကိုသာလက်ကိုင်ထားပါ။
ဒါမှမဟုတ်ရင် ငွေမရှိအသက်မရှင်စာရင်းထဲမှာဝင်သွားပါမယ်
အန် ကယ် ဂျီး ရေ
Was this answer helpful?
LikeDislike