ဒါပေမယ့်..

မျှော်လင့်ချက် ဆိုတာ လူတွေရဲ့ ရင်ထဲမှာ ရှိနေတတ်တဲ့ အစိတ်အပိုင်း တစ်ခုပါပဲ။ ဥပမာ ပြောကြပါစို့… ကျွန်တော် ဒီဝက်ဆိုဒ်မှာ ပို့စ်တင်ထားတာ (၉၉၅၀၀) ကျပ်ရနေမယ်ဆိုရင် ( စကားအဖြစ် ပြောတာပါ။ မရသေးပါဘူး။ ) မနက်ဖြန် ဆိုတာက ကျွန်တော့်ရဲ့ မျှော်လင့်ချက် တစ်ခု ဖြစ်သွားနိုင်ပါတယ်။ မနက်ဖြန် ဆိုရင် ကျွန်တော် ပို့စ် ငါးခုတင်ရင် တစ်သိန်းရပြီးပေါ့ ဆိုတဲံ မျှော်လင့်ချက် က လူတစ်ယောက်ကို ခွန်အား ပေးလိုက်မယ် ဆိုတာ စဉ်းစားကြည့် လိုက်ပါ။ ဟုတ်တယ်။ မနက်ဖြန် ဆိုရင် တစ်သိန်းရရင် အင်တာနက် သုံးတဲ့ အကြွေးတွေ ဆပ်ပစ်မယ်။ ပြီးတော့ ထမင်းဆိုင်ကလည်း အကြွေးတွေ ဆပ်ပစ်မယ်။ မေ့နေလိုက်တာ။ သူငယ်ချင်းမ တစ်ယောက်ဆီက ယူထားတဲ့ (၅၀၀၀) ကိုလည်း ဆပ်မယ်။ ပြီးတော့ ခု လက်တော့ပ်က ကီးဘုတ်ကလည်း ရိုက်ရတာ မကောင်းဘူး။ သက်တောင့် သက်သာမရှိဘူး။ အင်း…၀ိုင်ယာလက်စ် ကီးဘုတ်နဲ့ မောက်စ် တစ်စုံတော့ ၀ယ်ဦးမှပါ့။ ပြီးတော့…….ပြီးတော့…။ စတဲ့ မနက်ဖြန် ရဲ့ မျှော်လင့်ချက် တွေက အခု ကျွန်တော်ကို တွန်းအားတွေ ပေးနေပါတယ်။ လက်တော့ နည်းနည်း ပင်ပန်းတာပေါ့။

အဲဒီလို မနက်ဖြန် ရဲ့ မျှော်လင့်ချက် တွေနဲ့ ရှင်သန်နေတဲ့ လူတွေ ဒီလောကကြီးမှာ ကျွန်တော် တစ်ယောက်တည်း မဟုတ်လောက်ပါဘူး။ တစ်ယောက်..နှစ်ယောက်၊ တစ်ရာ..နှစ်ရာ၊ တစ်ထောင်…နှစ်ထောင်၊ စသည်အားဖြင့်ပေါ့။

ပြီးတော့ ဝေးကွားနေရတဲ့ မိဘနဲ့ သားသမီး။ သူတို့တစ်တွေ တစ်ဦးနဲ့ တစ်ဦး မနက်ဖြန် မှာ တွေ့ကြမယ် ဆိုရင် သေချာတာကတော့ ဒီနေ့ ရဲ့ ရင်ခုန်မူ၊ ပျော်ရွှင်မူ တွေက အတိုင်းမဲ့နေလောက်တယ်။ သူတို့စိတ်ထဲမှာလည်း မနက်ဖြန် ဆိုတဲ့ စကားလုံးက ရင်ခုန်သံတစ်ချက်တိုင်း တစ်ခါ ရေရွတ် မိလောက်ပါတယ်။ အဲဒီလို ရင်ခုန်မူတွေ၊ ပျော်ရွှင်မူတွေနဲ့ လူတွေရဲ့ ရင်ထဲက အဲဒီ စကားလုံးက ခမ်းနား ထည်ဝါ လွန်းမှာ သေချာပါတယ်။

မနက်ဖြန် ဆိုတာ သေချာမူမရှိပြီး လူတစ်ယောက်ကို အကောင်းအဆိုး နှစ်ခုစလုံးပေးနေတဲ့ သတ္တ၀ါတစ်ကောင် တော့ ဖြစ်လိမ့်မယ် ထင်တယ်။ ဒါပေမယ့် လူတွေကတော့ အကောင်းကို လိုချင်ကြမှာ သေချာပါတယ်။ အဆိုးကို ပေးလာမယ်ဆိုရင်တော့ လူတွေက အဲဒီ မနက်ဖြန် ကို အသားစားတဲ့ ကျားတစ်ကောင် လို ထင်ကြလိမ့်မယ် ထင်တယ်။

သင်ကို ရော အဲဒီ မနက်ဖြန် က ကောင်းတာတွေ ပေးလာခဲ့ရင် သူကို သင် ဘယ်လို နာမည် ပေးမှာလဲ?????

တကယ်လို့ အဲဒီလို မဟုတ်ဘဲ မနက်ဖြန် က သင်အတွက် ဆိုးတာတွေ ပေးလာခဲ့ရင်ရော သင်က သူကို ဘယ်လိုများ နာမည် ပေးမိမှလဲ??????

မသေချာ၊ မရေရာမူတွေနဲ့ ဖွဲ့စည်းထားတဲ့ အဲဒီ မနက်ဖြန် က ဒီနေ့ အတွက်တော့ သင်ကို မျှော်လင့်ချက် တစ်စုံတစ်ရာနဲ့ သင်ကို စောင့်ခိုင်း ထားဦးမှာပါ။ အဲဒီ မျှော်လင့်ချက် အပေါ် ကျွန်တော်တို့က ရင်ခုန်မူ၊ ဒါမှမဟုတ် စိုးရွံ့မူတွေနဲ့ မနက်ဖြန် ရဲ့ အစစ်အမှန် ဒီနေ့ ဆိုတာကြီးကို ရင်ဆိုင်ရဦးမှာပါ။

သေချာတာကတော့ မနက်ဖြန် ဆိုတာက ကျွန်တော်တို့အတွက် မနက်ဖြန် ပဲ ဖြစ်နေဦးမှာပါ။ ဒီနေ့ ကို ဖြစ်မလာနိုင်ပါဘူး။ သူရဲ့ မျှော်လင့်ချက် တွေနဲ့ ကျွန်တော်တို့က သူ့ကို မေ့မသွားရအောင် ဖမ်းစားထားပါလိမ့်မယ်။ အဲဒါကြောင့်လည်း ကျွန်တော်တို့တစ်တွေ သူ့ကို မေ့သွားကြမှာ မဟုတ်ပါဘူး။ ဒါပေမယ့် မနက်ဖြန် က ဒီနေ့ မဖြစ်နိုင်ပါဘူး။ ဒီနေ့ ဆိုတာက သူရဲ့……………။ ။

About မောင်လင်းငယ်

Zaw Lin has written 83 post in this Website..