title ကို english လိုရိုက်ပါဆိုလို့သာ …သိပ်တော့အရသာမတွေ့ဘူးဗျ။ ..ထားပါလေ ။
အဆက်ပေါ့ …. ဦးခင်မောင်ညိန်း က အဲဒီတုန်းက လက်ထောက်ညွှန်မှုးဖြစ်နေပြီ။ သတင်းအယ်ဒီတာလဲဟုတ်ကဲ့ …
မြန်မာ့ရုပ်မြင်သံကြားမှာ စနေ တနင်္ဂနွေဆို နေ့ခင်းပိုင်းသတင်းဖတ်ရတာကိုး … တရက်ပေါ့ နေ့ခင်းသတင်းဖတ်ရမဲ့နေ့ ကိုညိန်းဖတ်ရမယ့်နေ့ကိုး …

သူကသတင်းအယ်ဒီတာဆိုတော့ သတင်းတွေက သူ့ဆီအရင်ရောက်တယ်ဗျ အဲ သတင်းတွေလဲရောက်လာရော သူ့မျက်နှာက သိပ်မသာယာဘူး ..
သူ့တာဝန်က ရောက်လာတဲ့သတင်းတွေကို တည်းဖြတ်ရတယ်။

သူက အေ၇းကြိးပုဂ္ဂိုလ် vip လဲဖြစ်တယ်လေ ။ ရုံးကိုသူ့ ဘောက်စ်ဝက်ဂွန်ကားလေးနဲ့ လာလေ့ရှိတယ်။ အဲဒီနေ့က မှတ်မှတ်ရရဘဲဗျ သူသတင်းတွေကြည့်ပြီး
မျက်နှာကသိပ်မကြည်ဘူး အဲဒီတုံးက ကျနော်တို့ကအရာရှိပေါက်စလေးတွေပါ။ သူ့လဲမမေးရဲဘူးလေ။ မေးလို့လဲမကောင်းဘူး သတင်းဆိုတာ မပေါက်ကြားရဘူးလေ။

ဒါပေမဲ့ ကျနော်တို့က တခုခုတော့ထူးခြားနေပြီဆိုတာသိလိုက်ပြီ …. ဒါနဲ့သူသတင်းခန်းထဲဝင်ပြီး သတင်းဖတ်ေ၇ာဆိုပါတော့ …..
ကျနော်တို့ကတော့ ကိုယ်လုပ်နေကျအလုပ်ဆိုတော့ သူများထက်တော့ပိုသိတာပေါ့ ပိုပြီးအကဲခတ်တတ်တာပေါ့နော … အဲဒီနေ့က သတင်းတခုခုထူးခြားပြီဆိုတာသိတော့
အားလုံးက အာရုံစိုက်နေကြတယ်။ သူသတင်းဖတ်ပုံက တော်လေးထိမ်းထိမ်းသိမ်းသိမ်းဖတ်နေရပုံဘဲ အီးမှန်တဲ့မျက်နှာမျိုးနဲ့ပေါ့ဗျာ ….

နောက်ဆုံးမှသတင်းကထွက်လာတယ် ….ဘောက်စ်ဝက်ဂွန်အပါအ၀င် အောက်ကားတွေ နယ်နှင်ကြောင်းနဲ့ နယ်မပို့ပါက ဖျက်သိမ်းကြောင်းသတင်းပါဘဲဗျား
အဲဒီတော့မှ သူ့မျက်နှာ အီးမှန်သွားတာဒါကြောင့်ကိုးလို့သိလိုက်ရတယ်။ ..သတင်းဖတ်ပြီးထွက်လာတော့ ကိုညိန်းခမျာ …ကုန်ပါပြီဗျာတဲ့ ..ကြိုပြီးသိပေမဲ့
အဲဒီလိုသတင်းမျိုး ကြေငြာရရင် အပြင်ကိုပေါက်ကြားမှာစိုးလို့ ရုံးက ဖုံးလိုင်းတွေလဲအကုန် ဖြတ်ထားတယ်ဗျ။ ကဲအဖြစ်ကတော့ မပြောချင်ဘူး …။

အခုတော့ကိုညိန်းက Radio Free Asia မှာ အစီအစဉ်မှုးပေါ့။

About fatty

Zaw oo has written 351 post in this Website..

i am over 50. I have the knowledge of broadcasting and televising as a producer and have trading- company-experiences as well.