သတ္တ၀ါအပေါင်း ဘေးရန်ကင်းကြပါစေ။ ကျနော်ဖက်တီးလဲ အန္တရာယ်အသွယ်သွယ်မှ လွတ်ကင်းရပါလို၏။ ကောင်မလေးငယ်ငယ်ချောချာလေးများတွေ့သော်
ကြည့်မိပါ၏ ။ဒီမှန်ကန်သောသစ္စာစကားကြောင့် ခြင်ထောင်မပါ စောင်မပါ သံမံတလင်းပေါ်မအိပ်ပါရစေနဲ့ဘုရား …….။

ရန်ကုန်မြို့ကြီးမှာ ရုပ်မြင်သံကြားဆိုတာလွှင်နေပြီးတော့ ..စစ်ကိုင်းတောင်ပေါ်မှာ tower တိုင်ထောင်ပြီး substation ဆောက်ပါတယ်။ ပြီးပြီဆိုတော့
ရေဒီယိုကရော tvကပါ အထက်မြန်မာပြည်ကိုစတင်လွှင့်တော့မယ့်အကြောင်း ကြေငြာလိုက်ပါတယ်။ တနင်္ဂနွေနေ့တရက်ပေါ့ … တနင်္ဂနွေဆို အဲဒီတုန်းက
နေ့ခင်းပိုင်း ရုပ်ရှင်တကားကားလွှင့်တယ်လေ ..။

အဲဒီတနင်္ဂနွေက အစီအစဉ်တွေ ရှယ်ပေါ့ဗျာ …. လွှင်မဲ့ကားက ” မောင်တို့ချယ်ရီမြေ ” ။ အဲဒီတုန်းက တိပ်ခွေနဲ့လွှင့်တာဗျ။ အဲဒီကားလွှင်ဘို့အတွက်ကို
စနေနေ့ကထဲကအပြီးပြင်ဆင်ထားရပါတယ်။ ပြင်ဆင်ပုံကတော့ဒီလိုပါ …။တိပ်ခွေထိမ်းသိမ်းရေးဌာနစိတ်ကနေ တိပ်ခွေတခွေထုတ်ရပါတယ်။
ပြီးတော့အဲဒီတိပ်ခွေထဲကို လွှင့်မဲ့ကားကူးထည့်ပေါ့ ..အလွယ်လေးပါ။ အဲဒီကားက ရှည်တော့ ၂ ခွေကူးရတယ်ဗျ ။ ပထမအခွေကတော့တခွေလုံး
ကုန်သွားတာပေါ့ဗျာ … အဲဒုတိယအခွေကြတော့ တခွေလုံ့းမကုန်တော့ဘူးလေ …။ ဇာတ်သိမ်းပိုင်းလောက်ဘဲဆိုတော့ ခွေရဲ့ အစပိုင်းလောက်ဘဲသုံးရတာပေါ့နော

ခွေထဲကိုဇာတ်ကားဖြစ်ဖြစ် တခြားအစီအစဉ်ဖြစ်ဖြစ်ထဲ့ရင် …စစချင်း ကာလာဘားထည့်ရတယ် …ပြီးတော့မှ စတဲ့အရုပ်ကို စာရွက်ပေါ်မှာ ဘာအရုပ်နဲ့စတယ်ဆိုတာကို
ရေးပြီးမှတ်တမ်းလုပ်ရတယ်။ ဆိုလိုတာကဗျာ … ကာလာဘားနှင့်စသည်။ ဂျစ်ကားတစီးမောင်းလာသည် …အဲဒီလိုအတိုလေးပေါ့ .. အစီအစဉ်သွင်းတဲ့သူကတယောက်
လွှင့်တဲ့သူကတယောက်ကိုးဗျ။ လွှင့်တဲ့သူကလွှင့်ရမဲ့ခွေတွေကို မလွှင့်ခင် ၂နာရီလောက်ကစပြီး အရုပ်နဲ့ေ၇းထားတာကိုက်ကြည့်ရတယ်။ မမှားအောင်ပေါ့ဗျာ

တခါတလေကျတော့လဲ တာဝန်အရသာလွှင့်၇တာ လွှင့်တဲ့သူက စစ်ရမှာကျတော့ပြင်းတတ်တယ်ဗျ။ သူကြည့်ပြီးသားဇတ်ကားကြီးကိုးဗျ …။ အဲလိုနဲ့ကျနော်လဲ ခွေထဲကို ဖာတ်ကားကူးထဲ့ format form ထဲမှာအသေအချာရေးပြီး တနဂ်နွေလွှင့်ရန်လို့ စာရွက်ကပ် ပြီးပြီပေါ့ …။ စနေဆို ရုံးကစောစောလစ်ချင်ပြီလေ။ ဟုတ်ဘူးလား ..
တနင်္ဂနွေက off လေ ..ဟဲဟဲ နှပ်ပြီပေါ့ ..။

တနလာင်္နေ့ရုံးပြန်တက်တော့မှ …သောက်ကျိုးနဲတော့တာဗျို့ … ညွှန်မှုးက သူ့အခန်းအမြန်ကြွပါတဲ့ …မောင်တို့ချယ်ရီမြေကားပထမပိုင်းကအားလုံး ok ဘဲတဲ့
ဒုတိယပိုင်း ခွေပြောင်းတော့ …ပြဿနာစတက်တာတဲ့ ပထမပိုင်းမှာ ၀င်းဦးကသူ့အမေသေသွားတဲ့အခန်းမှာပြီးတယ် …ဒုတိယပိုင်းကြတော့ …အင်ဂုလိမာလတဲ့ဟေ့
ဆိုပြီး ဖိုးပါကြီးက သံလျှက်ကြီးနဲ့ထွက်လာသတဲ့ ..လွှင့်တဲ့သူကလည်း အမေသေတဲ့အခန်းပြီးတော့ အဂုင်္လိမာလဆိုတော့ဆက်စပ်မှုရျိနေတော့ မသိသာဘူးပေါ့ …
ဆက်လွှင့်နေတာပေါ့ …ဒါပေမဲ့ တဖြေးဖြေးနဲ့ မဆိုင်တဲ့ဇာတ်ကောင်တွေဝင်လာတော့ မှားပြီးလွှင့်နေမှန်းသိပြီလေ ….ဟာဘာပြောကောင်းမလဲ လုပ်ကြပါအုံးဗျို့ပေါ့
…. ဘာလုပ်လို့ရတော့မှာတုန်း … ချက်ခြင်းရပ် … စက်ချို့ယွင်းပါသဖြင့် စာတမ်းထိုးထား …ကဗျာကယာ ခွေကိုပြန်စစ်ရတာပေါ့ … ခွေကိုလွှင့်တဲ့စက်ထဲကနေပြန်ထုတ်
အမြန်ရစ် ..မြန်မြန်ဇာတ်လမ်းအဆက်အမှန်ကိုရှာ … အေ၇းကြီးပါတယ်ဆိုကာမှတော်တော်နဲ့ ရှာမတွေ့ဘူးတဲ့ လက်ကလဲတုန်နေမှာကိုး …ခွေးမသား ညနေမေ၇ာက်သေးဘူး လက်ကတုန်နေပြီ …. အမှန်က ကျနော်ကမှားေ၇းထားခဲ့တာ format form မှာလေ …..စနေနေန့ကပြန်ချင်ဇောနဲ့ သေသေချာချာမကြည့်မိဘူးဗျ …ဒုတိယအခွေထဲမှာ
တခြားမြန်မာကားတကားပါနေတာမသိလိုက်ဘူး …. ဇာတ်ကားနှစ်ကားရောသွားတာပါ …. အဲဒီနေ့က ၁၅ မိနစ်လောက် ရပ်လိုက်ရတယ်ပြောတယ်။

ဒါကြောင့်ထင်တော့ထင်သား အဲဒီညက ခေါင်းဆင်နင်းတယ်အိပ်မက် မက်ပါတယ်လို့ …. ကဲအတိုချုံးကြပါစို့ရဲ့ အဲဒီနှစ်သင်္ကြန်မှာ ရုပ်မြင်သံကြားကျွှားလွှင့်တဲ့အကြောင်းတွေ သံချပ်ထိုးခံရသဗျား … ညွှန်ချုပ်ကိုလဲ ဒုဝန်ကြီးကတော်တော်ထောင်းသတဲ့ ဒုဝန်ကြီးကိုလဲဝန်ကြီးက ထောင်းပေါ့ ကံကောင်းလို့ ကျနော်မပြုတ်
တာပေါ့ဗျာ ….တရုံးလုံးကိုမျက်နှာတောင်မပြရဲအောင်ပါဘဲ။ စာစီစာကုန်းတော့တော်တော်လေးရှည်ရှည်ရေးရတာပေါ့ …ဒါကြောင့်ကျနော်အခုလိုစာေ၇းနိုင်တာ …
အဲဒီဌာနရဲ့ကျေးဇူးတွေပေါ့ ….။

အားပေးကြပါအုံးရှင်အကိုကြီးအမကြီးတို့ကိုဖိတ်ခေါ် ချင် ……စာကြွင်း ( kai ခင်ဗျား ကျနော့အတွက် အမေရိကန် visa လေးများစိစဉ်ပေးထားပါလား )

About fatty

Zaw oo has written 351 post in this Website..

i am over 50. I have the knowledge of broadcasting and televising as a producer and have trading- company-experiences as well.