ဲ့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကို နိုဝင်ဘာလ အတွင်းမှာ ပြန်လည် ပြန်လွှတ်

etoneOctober 4, 20101min600

နေအိမ် အကျယ်ချုပ်ချမှတ် ထားခြင်းခံရတဲ့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်
ကို သူမရဲ ့အကျယ်ချုပ်သက်တမ်း ပြည့်မြောက်တဲ့နိုဝင်ဘာလ အတွင်းမှာ ပြန်လည် ပြန်လွှတ်ပေးမှာ
ဖြစ်တယ်လို ့ မြန်မာ စစ်အစိုးရ က ဒီကနေ ့ထုတ်ဖော်ပြောကြားလိုက် ပါတယ်။ပြီးခဲ့တဲ့ သီတင်းပတ်
က သူတို ့ရဲ ့သတင်း ထုတ်ပြန်ချက် တစ်ခု ဖြစ်တဲ့နိုဝင်ဘာ ရ ရက်ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည်
မဲပေးခွင့်ရှိတယ် လို ့ကြေငြာအပြီး မရှေးမနှောင်းမှာ ပဲဒီသတင်း ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် အား ပြန်လည် လွှတ်ပေး မည် ဟု စစ်အစိုးရ က ထုတ်ပြန်ကြေငြာခြင်း သည်
ရွေးကောက်ပွဲ ကာလ အတွင်း ပေါ်ပေါက်လာချေရှိသည် လူထု အုံကြမှု များ ကို ရှောင်လွှဲလိုခြင်းကြောင့်
ဖြစ်သည် ဟု နိုင်ငံရေး အကဲခတ် တို ့က သုံးသပ်သည်။

စစ်အစိုးရ ၏ ၂၀၁ဝ ရွေးကောက်ပွဲ သည် ဒေါ်အောင်ဆန်းစုကြည် နေအိမ် အကျယ်ချုပ်သက်တမ်း မပြည့်
ခင် အချိန် ရက်ပိုင်း အလိုတွင် ကျင်းပခြင်းဖြစ်သည်။သူ မ အားရွေးကောက် ပွဲပြီးမှ သာ စစ်အစိုးရက ပြန်လည်
လွှတ်ပေးမည် ဖြစ်သည်။

အသက် ၆၅ နှစ် အရွယ်ရှိ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် သည် ၂၀၀၉ ခုနှစ် မေလ
အတွင်းက အိမ်အတွင်း သို ့ဝင်ရောက်လာသည့် အမေရိကန် နိုင်ငံသား ဂျွန်ဝီလျှံယက်တော အား လူသားချင်းစာနာသောအားဖြင့်လက်ခံထားမှုကြောင့် ၂၀၀၉ ခုနှစ် ဩဂုတ်လအတွင်း အင်းစိန်ထောင်တွင်း
တရားရုံးက ဆိုင်းငံ့ပြစ်ဒဏ် ၁၈ လဖြင့် နေအိမ်အကျယ်ချုပ်ချမှတ်ခြင်းခံ ခဲ့သည့်

ထောင်ဒဏ်ချမှတ်ပြီးနောက် မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှုးကြီးသန်းရွှေက မြန်မာ့တပ်မတော် ၏ ဖခင်
ဗိုလ်ချုပ် အောင်ဆန်း၏ သမီးဖြစ်သောကြာင့် ဟု ဆိုကာ ထောင်ဒဏ် တစ်ဝက် ကိုလျှော့ချကာ ကျန် တစ်ဝက်အား နေအိမ်အကျယ်ချုပ် သက်တမ်း ပြောင်းလဲပေးခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည် သည် မြန်မာ့ ဒီမိုကရေစီ ရေး အတွက် ယုံကြည်ချက်ဖြင့် တိုက်ပွဲဝင်နေစဉ် အတော
အတွင်းပြီးခဲ့သော နှစ်နှစ်ဆယ် ကာလတွင် ၁၅ နှစ် ကျော် ထိန်းသိမ်းခံ ဘဝ ဖြင့်နေထိုင်ခဲ့ရသည်။

ဒေါ်အောင်ဆန်းစုကြည် အားမဲပေးပိုင်ခွင့်ရှိသည် ဆိုသည့် သတင်းနှင့် လွှတ်ပေးမည် ဟူသည့် သတင်း ထုတ်ပြန်ချက်များမှာ ကုလသမဂ္ဂ အထွေထွေညီလာခံကျင်းပနေ ချိန် တိုက်ဆိုင်စွာ ထွက်ပေါ်လာ
ခြင်းဖြစ်သည်။ကနဦး ရွေးကောက် ပွဲ မဲပေးခွင့် ရှိသူများ စာရင်း ကို ကြေငြာရာတွင် ဒေါ်အောင်ဆန်းစုကြည်
မပါရှိ ဟု သိရသည်။

ဒေါ်အောင်ဆန်းစုကြည် ၏ နေအိမ် အကျယ်ချုပ် သက်တမ်းသည် နိုဝင်ဘာ လ ၁၃ ရက်နေ ့တွင် ပြည့်
မြောက်တော့ မည် ဖြစ်သည်။ဒေါ်အောင်ဆန်းစုကြည် သည် ၁၉၉၁ ခုနှစ် နိုဝင်ဘာလတွင် နိုဘဲ ငြိမ်းချမ်း
ရေးဆုရရှိ ခဲ့သည်။

ref: Freedom News Group