ကျွန်တော်တို့ငယ်ငယ်တုန်းက ကျောင်းစနေစအရွယ် ဆရာတွေစာသင်ကြားမှု ကိုမှတ်

မိသမျှပေါ့လေ စာမရရင်အရိုက်ခံရမယ် ထိုင်ထ လုပ်ရမယ် ဒူးထောက်ထိုင်ရမယ်

ခုံပေါ်ထမတ်တပ်ရပ်ရမယ် အတန်းအပြင်ထွက်စာအုပ်ကိုင်စာကျက်ရမယ်

ဆရာတွေကဒီလိုလုပ်ခိုင်းလို့လဲဘယ်မိဘကမှဆ၇ာတွေကိုစောဒကတက်တယ်လို့မကြားဖူးဘူး ရိုက်တာကိုတောင်ကျေးဇူးတင်နေကြတာပါ၊ ဒီလိုနဲ့တတန်းပြီးတတန်းပြီးလာခဲ့တာပါဘဲ

တနေ့ကမိတ်ဆွေတယောက်နဲ့တွေ့မိပါတယ် အဲဒီတော့မှကိုယ်ဘယ်လောက်လောက

ကြီးနဲ့အဆက်ပြတ်နေတယ်ဆိုတာသိလိုက်ပါတယ်။

သူကပြောတယ်အခုပြင်ပကျောင်းတွေမှာဆရာလုပ်ရတာမလွယ်ကြောင်း

သူတို့ကျောင်းမှာကျောင်းသားကလေးတယောက်စာသင်ချိန်အိပ်နေလို့ ဆရာမ က

ကျောကိုပေတံနဲ့ နဲနဲရိုက်ပြီး နှိုးတာပေါ့ အဲဒါ ကျောင်းသားကလေးရဲ့အိမ်ကလိုက်လာ

ပြီးဆရာမကိုပြသနာလာရှာပါလေေ၇ာ ဆရာမကိုကျောင်းထုတ်ပေးရမယ်လို့

ကျောင်းအုပ်ကိုပြောပါလေရော ကျောင်းအုပ်ကလဲတောင်းပန်တာပေါ့ ဆရာမကိုလဲ

တောင်းပန်ခိုင်းပါမယ်ပေါ့ ဒါပေမဲ့ကျောင်းသား ကလေးရဲ့အိမ်ကလုံးဝ လက်မခံပါဘူး

ဆရာမကိုကျောင်းမထုတ်ရင်သူတို့ကလေးကိုကျောင်းထုတ်မယ်ဆိုပြီး နောက်ဆုံး

ကျောင်းထုတ်သွားပါလေရော

ကျွန်တော်ကဟ အဲလောက်တောင်ဘဲလားဆိုတော့  ဒါဘာဟုတ်သေးလဲတဲ့

အခုနိုင်ငံခြားမှာကိုယ်ပိုင်ကျောင်းတွေဘယ်လိုသင်နေတယ်ဆိုတာ သိသလားလို့မေး

ပါလေရော မသိဘူးဆိုတော့ပြောပြမယ်ဆိုပြီးသူပြောတာကဒီလို

ဆရာစာသင်နေချိန်ကျောင်းခန်းထဲမှာကျောင်းသားကလေးတယောက်အိပ်နေတယ်

ဆိုပါတော့ ဆရာကလဲတွေ့လိုက်ပြီ ဘာလုပ်မလဲ ခုနကလိုကျောကိုပေတံနဲ့သွားပုတ်လို့

တော့အဲဒီဆရာတော့အလုပ်ပြုတ်ပြီဘဲ

ဆရာ ကပြန်စဉ်းစာရတယ် ငါစာသင်တာဘာလိုနေလို့ကျောင်းသားကအိပ်နေတာလဲ

စာနားမလည်လို့လား စာမလိုက်နိုင်လို့လား ငါအသင်အပြမကောင်းလို့လား

လားပေါင်းများစွာတွေ: ရပါတယ်တဲ့

ကျောင်းသားကလေးအိပ်နေတာကိုဖြေရှင်း ပုံကဒီလိုပါတဲ့

ပထမ စာသင်တာကိုရပ်လိုက်ပါတယ် နောက် အတန်းက ကလေးတွေကို သီချင်းဆိုရ

အောင်ဆိုပြီးသီချင်းဆိုလိုက်ပါတယ် သီချင်းဆိုတာတောင်ပထမအသံတိုးတိုးနဲ့ဆိုရပါတယ်တဲ့

နောက်မှလက်ခုပ်တီးပြီးတဖြည်းဖြည်းအဆိုမြှင့်လိုက်တော့ အိပ်နေတဲ့ကလေးက

နှိုးပြီးသူလဲလိုက်ဆိုလာရော အိပ်ချင်လဲပြေသွာရော ဒီတော့မှ စာဆက်သင်ရပါတယ်တဲ့

ဟ အဲလိုကြီးလားဆိုတော့ ဒါနမူနာဘဲရှိသေးတယ်ဆိုတော့ထပ်မမေးရဲတော့ဘူး

အခုငွေခေတ်ကြီးမှာကိုယ်ပိုင်ကျောင်းတွေရဲ့သင်ကြားရေးကအဲလို ပြောင်းလဲလာတာပါ

ကျွန်တော်တို့ငယ်ငယ်ကလဲ ကိုယ်ပိုင်ကျောင်းတွေနဲနဲမှီပါတယ် အခုကြားပုံနဲ့တော့

အကွာကြီးကွာ သွားပါပြီ

ကလေးတွေကို မင်းတုန်းမင်းနဲ့ငါးခြောက်ပြားအကြောင်းပြောပြရင်တောင်ဘာပြန်ပြော

ကြမယ်မသိ

ခေတ်ကြီးကောင်းလာတာလား ဆုတ်ယုတ်လာတာလား ကျွန်တော်တို့ခေတ်ကဆရာတွေ ကိုအခုလူငယ်လေးတွေပြန်ဖြစ်ပြီးဆရာပြန်လုပ်ခိုင်းပြီး

စာပြန်သင်ခိုင်းလိုက်ရ ရင်ဘာများပြောမလဲလို့သိချင်လိုက်ပါဘိ

About unclegyi1974

sun moon has written 27 post in this Website..

1974Ipass10st 1980IpassBSC(physc)