Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

မြန်မာ့ စီးပွားရေးဘဏ်က Online Banking စနစ်စတင်

BayoteApril 1, 20101min2603

ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန မြန်မာ့စီးပွားရေးဘဏ်သည် Smart Card ကိုအသုံးပြု၍ ဘဏ်များ အချင်းချင်း Online ချိန်ဆက်ဆောင်ရွက်သွားမည့် “Quick Cash” Online Banking System ကို နေပြည်တော်ဘဏ်ခွဲ၊ ရန်ကုန်မြို့ရှိ ဘဏ်ခွဲ(၁)၊ ဘဏ်ခွဲ(၂)၊ ဘဏ်ခွဲ(၅)နှင့်ငွေစု ဘဏ်ခွဲ(၃)၊ မန္တလေးဘဏ်ခွဲ(၁)နှင့် ဘဏ်ခွဲ(၂) စုစုပေါင်းဘဏ်ခွဲခုနစ်ခုတို့၌ ၂၀၁ဝ ခုနှစ် ဧပြီ ၂ ရက်မှစတင်၍ ဝန်ဆောင်မှု ပေးသွားမည် ဖြစ်ကြောင်း သိရှိရသည်။ အဆိုပါ “Quick Cash” Online Banking System အရ Customer များအနေဖြင့် Smart Card ကိုအသုံးပြု၍ငွေသွင်း ငွေထုတ်လုပ်ငန်းများကို လွယ်လင့်တကူ မြန်ဆန်စွာ ဆောင်ရွက်လာနိုင်မည့်အပြင် မိမိစာရင်း ဖွင့်လှစ်ထားသည့် ဘဏ်၌သာမက Online ချိတ်ဆက်ထားသည့်အခြားမည်သည့်ဘဏ်ခွဲတွင် မဆို ငွေသွင်းငွေထုတ်လုပ်ငန်းများကို ဆောင်ရွက်သွားနိုင်မည်ဖြစ်ရာ သွားလေရာသို့ငွေကြေး ပမာဏအမြောက်အမြား သယ်ဆောင်သွားရန်မလိုတော့ဘဲ Smart Card ဖြင့် အလွယ်တကူ ငွေသွင်း ငွေထုတ်ပြုလုပ်နိုင်တော့မည် ဖြစ်သည်။ အင်တာနက် ပြတ်တောက်မှု မရှိစေရေးအ တွက် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းနှင့် ညှိနှိုင်းဆောင်ရွက်ထားကြောင်း၊ ADSL နှင့် IP Star စနစ်များအပြင် Fiber Optics လိုင်းတို့ကို အသုံးပြု၍ Network ချိတ်ဆက် ဆောင်ရွက်ထားမှု ကြောင့် ဘဏ်လုပ်ငန်းချိန်အတွင်း အချိန်ပြည့် ဝန်ဆောင်မှုပေးသွားနိုင်မည် ဖြစ်ကြောင်း မြန် မာ့ စီးပွားရေးဘဏ်မှ စုံစမ်းသိရှိရသည်။ ဤ ဝန်ဆောင်မှုကို အသုံးပြု လိုသူများသည် ကနဦး တွင် အနည်းဆုံးငွေကျပ် ၁၀၀၀၀၀ဝ ဖြင့် Online Account စာရင်းတစ်ခု ဖွင့်လှစ်ရမည်ဖြစ်ပြီး ဘဏ်မှ Smart Card တစ်ခုနှင့် ငွေမှတ် စာအုပ် တစ်အုပ်တို့ ထုတ်ပေးသွားမည် ဖြစ်သည်။ Customer များအနေဖြင့် Smart Card ကို မိမိနှစ်သက်ရာဂဏန်းခြောက်လုံးဖြင့် Password သတ်မှတ်နိုင်ပြီး အဆိုပါ Password ကို ဘဏ်ကပင်မသိရှိဘဲ မိမိတစ်ဦးတည်းသာ သိရှိမည် ဖြစ်သဖြင့် မိမိ၏ကတ်ပျောက်ဆုံး/ခိုးယူခြင်းခံရလျှင်ပင် Password မသိရှိပါက ငွေထုတ်ယူမ ရနိုင်သည့်အတွက် လုံခြုံစိတ်ချရမှုအပြည့်အဝရှိမည်ဟုဆိုသည်။မြန်မာ့စီးပွားရေးဘဏ်သည် အင်တာနက်ချိတ်ဆက်မှုကို အသုံးပြု၍ Online စနစ်ဖြင့် ဝန်ဆောင်မှုပေးခြင်းကို ၂၀၀ရခုနှစ် မေလကပင် ပြည်ပသို့ထွက်ခွာမည့်သူများအား ဘဏ်အာမခံ စာတမ်း ထုတ်ပေးခြင်းလုပ်ငန်း အတွက် အာမခံငွေ ကောက်ခံခြင်းကို ရန်ကုန်မြို့ရှိ ပြည်တွင်းအခွန်များ ဦးစီးဌာနရုံး၌ လည်း ကောင်း၊ နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးအတွက် ပေးသွင်းငွေကောက်ခံခြင်းလုပ်ငန်းကို ရန် ကုန်မြို့ရှိ နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးတို့၌လည်းကောင်း၊ ဘဏ်ခွဲနှင့် ရန်ကုန်မြို့ကိုယ် စား One Stop Service အဖြစ် အင်တာနက်ဖြင့် ချိတ်ဆက်၍ Online ဘဏ်လုပ်ငန်းကို စမ်း သပ်ဆောင်ရွက်ပေးခဲ့ရာ အောင်မြင်မှုရရှိခဲ့သဖြင့် ယခုကဲ့သို့ Smart Card ကို အသုံးပြု၍ငွေ သွင်းငွေထုတ်စနစ်ကိုတိုးချဲ့ဆောင်ရွက်ခြင်းဖြစ်ကြောင်း ၂၀၁ဝခုနှစ်မတ်လ ၂၄ရက်နေ့ထုတ် ကြေးမုံသတင်းစာတွင် ဖော်ပြထားပါသည်။

3 comments

  • susunosuki

    April 15, 2010 at 4:36 pm

    ကောင်းတာပေါ့
    ကျွန်တော်လည်း အကောင့်ဖွင့်ချင်ပါတယ်
    ဒါပေမယ့် ဆယ်သိန်းတောင်ထည့်ရမှာတော့ မများဘူးလား

  • etone

    June 21, 2010 at 6:24 am

    အင်တာနက်လိုင်းတွေကျနေရင်ရော 😛

Leave a Reply