နှစ်ပေါင်းများစွာ ကြာမြင့်မှ ဖြစ်လေ့ရှိသောဂြိုလ်ခြောက်လုံး ပူးခြင်းကို မြန်မာနိုင်ငံမှ မြင်တွေ့ရမည် ဖြစ်ကြောင်းသိရသည်။ ယင်းဖြစ်စဉ်သည် ၂၀၁၁ ခုနှစ် မေ ၁ ရက်တွင် တနင်္လာ၊ ကြာသပတေး၊ သောကြာနှင့် ယူရေးနပ်စ်ဂြိုလ်တို့ ပူးယှဉ်မည်ဟု နက္ခတ်ပညာရှင် ဦးဇေယျာကိုက ဆိုသည်။

ကမ္ဘာနှင့် ဂြိုလ်များအကြား အပြန်အလှန် ဆွဲငင်အားများရှိကြောင်း ယင်းကာလတွင် ကမ္ဘာ့တစ်ဖက်ခြမ်း၌ ဂြိုလ်ခြောက်လုံးရှိနေပြီး အခြားတစ်ဖက်တွင် စနေဂြိုလ်ရှိကာ ဆွဲငင်အားများကြောင့်ငလျင်များဖြစ်ပေါ်နိုင်သော်လည်း မြန်မာနိုင်ငံအနေဖြင့် သက်ရောက်မှုမရှိဟု သိရသည်။

ယင်းဖြစ်စဉ်ကို မြန်မာနိုင်ငံမှ နံနက် ၅ နာရီမှ ၅ နာရီ ၄၀ မိနစ်ထိ မြင်တွေ့နိုင်မည် ဖြစ်သည်။

Ref:The Flower News

About မမလေး

has written 129 post in this Website..