ဘာပြောတယ်လော်ရာ’
‘စိတ်မဝင်စားဘူးလို.ပြောတာပါ ဒယ်ဒီ’
‘မရဘူးသမီး ဒီခေတ် ဒီအချိန်ခါကြီးထဲမှာ သမီးဗမာစကားမတတ်လို.မရဘူး’
‘ ဒါဆိုလဲ နောက်မှတက်မယ်ဒယ်ဒီ။ အခုသမီးမှာ အင်္ဂလိပ်စာ သင်တန်းနဲ. ဂျပန်ယဉ်ကျေးမှုသင်တန်းတွေတက်ရဦးမယ်’။
‘အဲဒါခက်တာဘဲ မင်းတို.ကလေးတွေ ဘာကအရေးကြီးတယ်ဆိုတာမခွဲခြားနှိုင်သေးဘူး။ ဗမာစကားတတ်ရင်
ကမ္ဘာမှာ မင်းသွားချင်တဲ. နိုင်ငံဆီသွားပြီး အလုပ်လုပ် လို.ရပြီ ‘။
‘ အင်္ဂလိပ်စကားထက်ပဲ အသုံးဝင်ဦးမလားဒယ်ဒီရာ ‘။
‘ ဝင်ပြီးလား သမီး။ ကဲ မင်း ဗမာစာ၊ ဗမာစကားတတ်ပြီဆိုပါတော. သမီးအနေနဲ. ရန်ကုန်က မာစတာသင်တန်းတွေတက်ခွင့်ရမယ်၊ မင်းဘူး ဦးသြဘာသ ရဲ. စာကောင်းစာခန်.တွေဖတ်လို.ရမယ်၊ ပြီးတော…’
‘ ရှိတ်စပီးယားထက်ကောင်းဦးမလား ဒယ်ဒီရာ ‘ ဂျာမန်လူမျိုး အဖေက ဒီလိုပြောတာကို အံ့သြမိပါရဲ. ‘
‘ ဘာကွ အေး ၂၀၀၀ ပြည်.နှစ်လောက်ကဆိုငါပြောတာ မှားချင်မှားမယ် အခုလိုအချိန်မှာတော….
သမီးဗမာစကားမတတ်ရင်ဘာဖြစ်မလဲသိလား ‘
သိပ်တော.မထူးပါဘူး ဒယ်ဒီ ‘
‘ ဟာ… သိပ်ထူးတာပေါ.သမီးရယ် ဒယ်ဒီပြောပြမယ် နားထောင် ‘
‘ မာစာမတတ်ရင် နောက်နှစ်ဆန်းမှာထွက်လာမယ်. window Popa ကိုမင်းဘယ်လိုသုံးမလဲ၊
ထားပါတော. သမီးက poen source တို. linux တို.ရဲ. ဟင်္သာရောင်အပိုင်း(၆)(Hintha Shine core 6 ) ကိုရောဘယ်လိုကိုင်တွယ်မလဲ ။ အလုပ်လုပ်လို. မကောင်းတော.တဲ. window Vista တို. Window 7 တို.နဲ. နေခဲ.ချင်ရင်တော. သမီးအမေရိကား ကိုသွားတော.။ ခောတ်ရှေ.ပြေးနေတဲ. အရှေ.တောင်အာရှကိုမလာနဲ.တော.။ နောက်ပြီး cell phone နဲ.မြေပုံစနစ်တွေမှာဆိုရင်ဗမာစာမတတ်ရင်သမီးသုံးရခက်ပြီ။
‘ ဘာဆိုင်လို.လဲ ဒယ်ဒီရာ ‘
ဆိုင်တာပေါ. သမီးရယ် On Touch Screen နဲ. Voice Command တွေသုံးထားတဲ. (ဆ.သ.ရ) အမျိုးအစား ဖုန်းတွေကို သမီးဘယ်လိုအသုံးချမလဲ။ မြေပုံစာတန်းတွေကလဲ မြန်မာလိုတွေလေ ‘။
‘ Sony နဲ. Nokia ကတော. အင်္ဂလိပ်လို သုံးပါသေးတယ် ဒယ်ဒီရာ ‘
‘ ဒယ်ဒီသိပြီ ငါ.သမီးက ဝိတ်ဇာတန်းတက်ပြီး ခောတ်နဲ.မျက်ခြေပြတ်နေတာကိုး။ သမီးပြောတဲ.တံဆိပ်တွေက နည်းပညာပိုင်းမှာ (ဆ.သ.ရ) ကိုမမှီတော.ဘူးကွ။
စစ်ကိုင်းမှာလုပ်သွားတဲ.ဆ.သ.ရ အရောင်မြှင့်တင်ရေးပွဲကို MRTV 23 က တိုက်ရိုက်လွှင့်လို. ဒယ်ဒီ ကြည်.လိုက်၇တယ်။ သိပ်ကိုကောင်းတဲ. လက်ကိုင်ဖုန်းတွေဘဲသမီး။ Nokia ဆိုတာကလေးကစားတာပါကွာ။ ကဲဒီတော. သမီးဗမာစာသင်တန်းတက်၊ ပြီးရင် နောက်လထဲ ဒယ်ဒီမြန်မာပြည်သွားရင်လိုက်ခဲ.တော. ဟုတ်ပြီလား။
‘ မြန်မာပြည်ဝင် ဗီဇာက ထင်သလောက်မလွယ်ဘူးနော်။ နောက်ပြီးဒယ်ဒီကဘာသွားလုပ်မှာလဲ’။
‘ ဒယ်ဒီက တောင်ငူမှာလုပ်မယ်.လေယာဉ်ပြပွဲကိုသွားမယ်။ မြန်မာပြည်လုပ် ‘မိုးယံဆင်’ ငါးထပ်လူစီးလေယာဉ်ကို ကြည်.ချင်လို.ပါ။ အဲဒီလေယာဉ်က ပြေးလမ်းမလိုဘူး။ ပြီးတော.မြကျွန်းသာပန်းခြံထဲက ရေအောက်ပြခန်းမှာလုပ်မယ်. စက်ရုပ်အလေးမ ပြိုင်ပွဲပါဝင်ကြည်.မယ်လေ။
‘ စိတ်ဝင်စားဖို.တော.ကောင်းသား၊ ဒါပေမယ်. အစားအသောက်ကရော အဆင်ပြေပါ.မလားဒယ်ဒီ’
‘ ဟားဟား ငါ.သမီးလဲအမေနဲ.တူလာပြီ ကြံဖန်ပူတတ်လာတယ်။ ဒီမယ်သမီး မြန်မာပြည်မှာ မရတာမရှိတော.ဘူး။. သမီးဘာစားချင်လဲ…
အဆူးမပါ အနံ.ကင်းတဲ. ၂၀၀၄ စတိုင် ဒူးရင်းသီးလား။ သယ်ရလွယ်ကူတဲ. လေးထောင့်ပုံကြက်ဆင်ဥလား။လေဆာနဲ. အရိုးတွေကိုချေပြိး တစ်ကောင်လုံးဝါးစားလို.ရအောင်လုပ်ထားတဲ.ငါးသားလောက်ပေါင်းလား။ ဥရောပတွေအတွက် သီးသန်.လုပ်ထားတဲ. အဖြူရောင်ပုန်းရည်ကြီးလား….ဒါမှမဟုတ်…
‘ တော်ပါပြီ ဒယ်ဒီရယ် ဗိုက်တောင်ဆာလာပြီ…သွားရေးလာရေးနဲ.ဆက်သွယ်ရေးက…..’
သမီးမေးခွန်းတွေက နဲနဲ ဘေးရေက်နေုပြီ ၊ မြန်မာပြည် သွားမယ်ဆိုရင် ဒါတွေထည်.စဉ်းစားဖို.မလိုတော.ဘူးလေ။ လေယာဉ်ပေါ်ကဆင်းတာနဲ. အောက်ဆီဂျင် စစ်စစ်ပေးထားတဲ. လေရှူဘူးတွေကို ထုတ်ပေးမယ်။ နေရောင်ခြည် ကာတဲ.ဦးထုပ်နဲ.မျက်မှန်လဲပေးမယ် ရာသီဥတုကြောင့် သမီးမပူရတော.ဘူး။
သမီးသွားမယ်. ဟိုတယ်တိုင်းမှာ သမီးစီးမယ်. ကားတံခါးကိုလာကပ်မယ်. Tube တွေရှိတယ်၊ အဲဒီပေါ်ခြေထောက်ချရုံနဲ.အလိုလျှောက်ရွှေ.လျားပြီးသမီးကို Reception ကိုပို.ပေးလိမ်.မယ်၊ အဲဒီမှာ ဘာသာစကားအနည်းဆုံး ၅၉၀ လောက်ပြောတတ်တဲ.ဟိုတယ်ဝန်ထမ်းတွေစောင့်နေလိမ်.မယ်။
နောက်ဘာတဲ.ဆက်သွယ်ရေး ဟုတ်လား ဗမာနယ်စပ်ကိုလေယာဉ်ဖြတ်တာနဲ. internet connection ရပြီ GSM တွေသယ်လာရင်ပြောလို.ရပြီ။
အဲ. …. ကိုယ်.ဖုန်းယူလာဖို.မေ.နေရင်လဲ မပူနဲ.၊ လေဆိပ်မှာ လက်ကမးစာစောင်ဝေသလို GSM တွေဝေနေတဲ.ချာတိတ်တွေရှိတယ် ကြိုက်တဲ. Sim Card ရွေးယူ Hand set ကတော. ထုတ်ထားတာ ၂ပတ်ကြာတဲ. မော်ဒယ်ဆိုရင် အလကားယူလို.ရတယ်လေ။
” သြော်ကောင်းလိုက်တာနော် အစိုးရနဲ. နိုင်ငံရေးကကော”
‘ အစိုးရ…..အစိုးရ…ဒီအစိုးရကတော.ကွာ…..ဒီလိုရှိတယ်…ဒယ်ဒီပြောမယ်…….’
ထိုစဉ်….. ‘ဆိုက္ကားအားလား’ ဟူသောခရီးသည်အသံကြောင့် ကျွန်တော်လဲ လန်.နိုးသွားကာ ခရီးသည်ကိုလိုရာသို. တင်ဆောင်လိုက်ပို.လေသတည်း။ ။

About နွယ်ပင်

နွယ် ပင် has written 243 post in this Website..