ထုံရီဝေမူး သေအံ့လူးလူး အသိစိတ်တွေ

လျှပ်ပြာရစ်ချို၊ ညှို့ မှိုင်း ကောင်းကင်မှာ ၀ဲလို့ 

လွင့် ချင်ရာ လွင့်နေတဲ့ အတ္တ၊ ချည်တိုင်ကို လိုက်ရှာနေ လေရဲ့ 

နီထုံ အုံ့ ဆိုင်းနေ တဲ့ ၊ အနာဂတ် ကို လက်မခံနိုင်ခြင်း အပြည့် နဲ့ 

ငါ့အတိတ်တောင် ငါမေခဲ့

အရိုင်းအစိုင်းအရေကို ခြုံ လို့  နောင်တ သွေးစတွေစွန်းထင်နေတဲ့

မိစ္စာကောင်၊ တစ်စစ နဲ့  ငါ့အတွင်း သဏ္ဍန် ကို ၀ါးမြို လိုက်ပုံက

မှော်ဝင် နေ့ ရက်တွေ ပြိုးပြိုးပျက် ထိန်ဝါ သွားလေရဲ့ ။

အက်ကြွေ ၀ိဥာဉ်၊ တစ်ပိုင်းတစ် နဲ့ တောင် မြဲ မြံ နေ တဲ့ ငါ့မာနတွေ

အဲဒီ မာနတွေ ကြောင့် အခု နေ့ နဲ့ ညတွေမှားနေတယ်လေ။

ဘ၀ပေါင်းကူးတံတား၊ တစ်ဝက်တစ်ပျက်ကို ဖြတ်သန်းခဲ့ပြီးတဲ့အချိန်

ပြန်လှည့်ကြည့်ရင်၊ မှုန်းဝါးနေခြင်းက အကြီးမားဆုံးမှတ်တိုင်တစ်ခုပဲ။

ဒီအချိန်ထိတိုင်အောင် ငါ့ကျေနပ်မှုကို ငါစားသုံးရင်း အသက်ဆက်ခဲ့တယ်။

တန်ပြန်သက်ရောက်မှုတွေက သွေးဆာ ဒ လက်တွေ လို တရိပ်ရိပ်နဲ့ 

တမြှေ့ မြှေ့  ခုတ်ထစ်ပိုင်းခြား ရင့်သီးနေတုန်းပဲ။

ဒီမှာ

ငါ့ နှလုံးသွေးတွေ ထဲ က တစ်စက်ကျန်ရင်တောင် အဲဒီတစ်စက်မှာ

ငါ့ယုံကြည် မှုတွေ ပြည့် နေစေရမယ်။

အမေ

အမေ သိရဲ့ လား ရိုးသားအေးဆေးတဲ့ မိဘ နှစ်ပါးဆီ က

လူမိုက်တစ်ကောင်ကို မွေးဖွားခဲ့တာလေ။

ကို့ လှေကားတွေကို ကိုယ်တိုင်ရိုက်ချိုးနေတဲ့ လူမိုက်ပေါ့။

မှားပါပြီလို့  ငြီးတွား ချင်းမရှိတဲ့ ဘ၀မှာ ကိုယ်လုပ်ချင်ရာ ကိုယ်လုပ်နေလို့ 

သခင်လို့  ကို့ကိုယ်ကို သတ်မှတ်ပေမဲ့။

လှောင်ပြောင်မှုတွေ။ ရှုံး နိမ့်ခြင်းတွေ ၊ ပစ်ပယ်ခံရခြင်းတွေ၊ အထီးကျန်ခြင်းတွေ က

ငါ့နာမည်နောက် အရိပ်လို ပါနေခဲ့တယ်။

About snique

david snique has written 11 post in this Website..

just a man