ပရိုအဆင့်မှာ သူများလူနဲ့ နိုင်ငံတကာပွဲ ၀င်ပြိုင်ရတယ် ဆိုတာ မဖြစ်သင့် ပါဘူး ~ ဦးခင်မောင်ကြိုင်

ကမ္ဘောဇ အသင်း၏ စီအီးအို ဖြစ်သူ ဦးခင်မောင်ကြိုင်က ပြည်တွင်း ကလပ်များ နိုင်ငံတကာ ပြိုင်ပွဲ ၀င်ရာတွင် ကစားသမား လိုက်လံ ငှားရမ်း၍ ၀င်ရောက် ယှဉ်ပြိုင်ခြင်းကို ပြစ်တင် ရှုံ့ချ သွားခဲ့သည်။

“အခုလို ပရိုအဆင့် ရောက်နေတဲ့ အချိန်မှာ ပြည်တွင်းကလပ် အသင်း တစ်သင်း အနေနဲ့ နိုင်ငံတကာ ပြိုင်ပွဲကို ကိုယ့်လူ နဲ့ကိုယ် ၀င်ပြိုင်တာပဲ ဖြစ်သင့်ပါတယ်။ ဥပမာ မန်ယူက ချန်ပီယံလိဂ် ၀င်လို့ ချယ်လ်ဆီး ကစားသမား ငှားပြီး ပြိုင်တယ် ဆိုတာ မရှိပါဘူး။ ကျွန်တော် ဘဏ္ဍာအခွန်ကို ကိုင်ခဲ့တုန်း ကတောင် နိုင်ငံတကာ ပွဲတွေ သွားပြိုင်ရင် တခြား အသင်းက လူတွေ လုံးဝ မခေါ်ဘဲ သွားပြိုင် ခဲ့တာပါ။ ၁၀ ဂိုး ရှုံးရင်လည်း ရှုံးပစေပေါ့။ အနည်းဆုံးတော့ စိတ်သန့်သန့်နဲ့ ရှုံးရတာ ဖြစ်ပါတယ်။ အခုဟာက AFC ကို ကျွန်တော်တို့က ၀ိုင်းပြီး လိမ်နေသလို ဖြစ်နေတယ်။ ကိုယ့်အသင်းနဲ့ ကိုယ် ပြိုင်တတ်တဲ့ အလေ့အကျင့်မျိုး ဖြစ်လာအောင် အခုကတည်းက လုပ်ပေးသင့်တယ်”ဟု ဦးခင်မောင်ကြိုင်က Soccer Myanmar သို့ ပြောကြားခဲ့သည်။

ဦးခင်မောင်ကြိုင်က AFC President’s Cup ပြိုင်ပွဲဝင်မည့် ရတနာပုံ အသင်း ပြည်တွင်း ကစားသမားများ ငှားရမ်း ခေါ်ယူရန် စီစဉ် နေခြင်းကို ရည်ရွယ်၍ ပြောကြားခဲ့ခြင်း ဖြစ်သည်။ မြန်မာ နိုင်ငံမှ အိမ်ရှင်အဖြစ် ပြုလုပ်ရသော အဆိုပါ ပြိုင်ပွဲတွင် အောင်မြင်မှု ရရှိစေရန် အတွက် ရတနာပုံ အသင်းသည် ပြည်တွင်း ကလပ် အသင်း များမှ ကစားသမား များကို ယာယီ ငှာရမ်းကာ ၀င်ရောက် ယှဉ်ပြိုင်ရန် စီစဉ်နေခြင်း ဖြစ်သည်။ အဆိုပါ ငှားရမ်းဖွယ် ရှိသည့် ကစားသမား များထဲတွင် ကမ္ဘောဇမှ စိုးမင်းဦး၊ ခင်မောင်လွင်၊ မိုးဝင်း စသည့် ကစားသမား များလည်း ပါဝင်နေသည်။

“လတ်တလောတော့ ကျွန်တော်တို့ အသင်းကို ဘာမှ တရားဝင် လာရောက် ချိတ်ဆက်တာ မရှိသေး ပါဘူး။ ဒါပေမယ့် အသင်းပိုင်ရှင် အချင်းချင်း ညှိနှိုင်းပြီး ပေးလိုက်ပါလို့ ပြောလာရင်တော့ ကျွန်တော်တို့လည်း ဘာမှ မတတ်နိုင် ပါဘူး။ ပေးရမှာ ပါပဲ။ တကယ်တမ်းမှာ ကိုယ့်လူနဲ့ကိုယ် ပြိုင်တာက ပိုပြီး ဖြစ်သင့်တဲ့ ကိစ္စပါ”ဟု ဦးခင်မောင်ကြိုင်က ဆက်လက် ပြောကြား ခဲ့သည်။

ကမ္ဘောဇ အသင်းသည်လည်း အဆိုပါ AFC President’s Cup ပြိုင်ပွဲတွင် ၂ ကြိမ် ပါဝင် ယှဉ်ပြိုင်ခဲ့ဖူးသည့် အသင်း ဖြစ်သည်။ ၎င်းတို့ အသင်းသည်လည်း ပထမဆုံး ယှဉ်ပြိုင်သည့် ၂၀၀၈ ခုနှစ် ပြိုင်ပွဲတွင် ယခုလို အခြား အသင်းများမှ ကစား သမားများကို ငှားရမ်း ခေါ်ယူ၍ သွားရောက် ယှဉ်ပြိုင် ခဲ့ဖူးသည်။ ပရိုစနစ်သို့ ပြောင်းလဲလိုက် ပြီးသည့် ၂၀၀၉ ခုနှစ် ပြိုင်ပွဲ တွင်မူ ၎င်းတို့ အသင်းသည် ကိုယ့်လူနှင့် ကိုယ်သာ သွားရောက် ယှဉ်ပြိုင်ခဲ့သည်ကို တွေ့ရသည်။ ၎င်းတို့ အသင်းသည် ၂ ကြိမ် စလုံးတွင် အုပ်စုအဆင့် ဖြင့်သာ ကျေနပ်ခဲ့ရသည့် အသင်း ဖြစ်သည်။

သက်ဆိုင်သောသူများသို့ ပေးစာများ

ဆရာဦးခင်မောင်ကြိုင်ခင်ဗျား….မပြောမဖြစ်လို့ပြောရပါတော့မယ်။ပထမတော့မပြောပဲထားလိုက်တော့မလို့ပါ။ဒါကလဲ ကျနော်က ဆရာရဲ့ဂုဏ်၊ရပ်တည်ချက် နဲ့ စိတ်ဓါတ်တွေကို လေးစားနေသူတစ်ယောက်အနေနဲ့မို့ပါ။ဒါပေမယ့် ဆရာရေ soccermyanmar.com မှာဆရာပြောခဲ့တဲ့ စကားကတော့ ကျနော်တိုပ ရတနာပုံ ရဲ့ ဂုဏ်သိက္ခာ၊ပရိတ်သတ်တွေရဲ့ စိတ်ဓါတ်ကို တိုက်ရိုက်ထိုးနှက်နေတာကြောင့်ခုလိုပြန်ရှင်းပြဖို့ အကြောင်းဖန်လာရတာပါဗျာ။ယုံကြည်ချက်အတွက် ဘောလုံးအဖွဲ့ချုပ် ဒုဥက္ကဌ အဖြစ်က အနားယူခဲ့သူ၊ယုံကြည်ချက်အတွက် ကလပ်အသင်းပြောင်းခဲ့သူ ဆရာဖုန်း(ဒီလိုပဲခေါ်ပါရစေဗျာ) အနေနဲ့ ခုတစ်ခါလဲ ယုံကြည်ချက်ကြောင့်သာ ဘယ်တုန်းကမှ မလုပ်ဖူးတဲ့ သူတပါးကို ထိုးနှက်တိုက်ခိုက်တဲ့အလုပ်လုပ် ဖြစ်တယ်လို့ကျနော်ယူဆထားပါတယ်။
ဲ ဆရာရေ ..တကယ်တော့ယုံကြည်ချက်ဆိုတိုင်းလဲ အမှန်တရားမဟုတ်တက်ဘူးဆိုတာ ဆရာလဲသိပြီးသာဖြစ်မှာပါ။အမြဲတမ်းမှန်ကန်တဲ့ ယုံကြည်ချက်တွေ ၇ှိခဲ့တဲ့ ဆရာဖုန်း ခုတခါတော့ အယူအဆ လွဲသွားပြီလို့ တည့်တည့်သာပြောပါရစေတော့ဗျာ။တကယ်တော့soccermyanmar.com မှာ ဆရာဖုန်းပြောခဲ့တာ ပရော်ဖက်ရှင်နယ်မစစ်နိုင်သေးတဲ့ မြန်မာနေ၇ှင်နယ်လိဂ်ကို အားမလိုအားမရဖြစ်ဟန်တူလို့ထင်ပါတယ်။
ဆရာအခုဖြစ်သလို ခံစားချက်နဲ့ခပ်ဆင်ဆင်တူတဲ့ ခံစားချက်မျိုး တစ်ခါက ကျနော်လဲကြုံဖူးပါတယ်။ကျနော်တို့ဆီမှာနောက်ဆုံးလုပ်ခဲ့တဲ့ ဂရမ်းရွိုင်ရယ် ဖိတ်ခေါ်ဖလားတုန်းကပေါ့။ဖလားတစ်လုံးရဖို့ ပရိတ်သတ်ကအစ ၊အဖွဲ့ချုပ်နဲ့ ဒိုင်တွေကတသွယ် နည်းပေါင်းစုံနဲ့ ကြိုးပမ်း(သက်သက်ညှာညှာ ကြိုးပမ်းဟုသာ
သုံးလိုက်ပါသည်။)ခဲ့ကြလို့ ရခဲ့တဲ့ အဲ့ဒီဖလားအတွက် ဂုဏ်ယူမိတဲ့အထဲမှာ ကျနော်မပါခဲ့ပါဘူး။ဆရာ့ရဲ့ ခုခံစားချက်က ကျနော်အဲ့တုန်းကခံစားချက်နဲ့ထူးပြီးကွာလှမယ်လို့တော့မထင်ပါဘူး။ဒါပေမယ့်ဆရာဖုန်းရေ ခံစားချက်ချင်းတူပေမယ့် ဒီနှစ်ခုမှာ အမှန်တရားချင်းတော ကွားခြားနေပါတယ်ဗျာ။
တစ်ချိန်က သုဝဏမှာ လုပ်ခဲ့တဲ့ ဂရမ်းရွိုင်ရယ်ဖိတ်ခေါ်ဖလားက နိုင်ငံပွဲဖြစ်သလို ကြီးမှူးကျင်းပတာကလဲ MFF ကဖြစ်လေတော့ ကျနော်တို့ လုပ်ကိုင်ဖို့ အခွင့်အရေးရခဲ့ကြပါတယ်။ခုရတနာပုံဝင်ပြိုင်မယ့် AFC Preasident’s Cup ကတော့ AFC ကကြီးမှူးလုပ်တာပါဆရာ။ဒီပြိုင်ပွဲအတွက် ပြည်တွင်းကစားသမားသစ်ခေါ်မယ့် ရတနာပုံ၊ ဒါကိုလက်ခံပေးမယ့် MFF နောက် ကစားသမားသစ်ငှားပေးမယ့်အသင်းတွေက AFC ကို ၀ိုင်းပြီးလိမ်ရာရောက်နေတယ်တဲ့လားဆရာဖုန်းရေ။ဘယ် ပြိုင်ပွဲစည်းမျဉ်းဥပဒေသ (Rull & Regulation)ကိုထောက်ပြီးပြောလိုက်တာပါလဲဆရာ။MFF ကသတ်မှတ်ပေးထားတဲ့ ကစားသမား အပြောင်းအေ၇ွှ့ရာသီမဟုတ်ပဲ ခေါ်မှာမို့လို့လား၊ဒါမှမဟုတ် သူများအသင်းက ကစားသမားနဲ့ပြိုင်ပွဲဝင်မှာမို့လို့လား ဘာ့ကြောင့်ပြောလိုက်တာပါလဲ ခင်ဗျာ။
တကယ်က ဘယ်အချက်နဲ့ထောက်ပြောပြော တစ်ခုမှ ဘောင်မ၀င်ဘူးဖြစ်နေတယ်ဗျ။ပထမတစ်ချက်ကိုပြောရရင် AFC ကလုပ်ပေးတဲ့ ခုပြိုင်ပွဲက ပေ၇ာ်ဖက်ရှင်နယ်အသင်းတွေအတွက်မဟုတ်ပဲ အပျော်တမ်းအသင်းတွေအတွက်သာဖြစ်ပါတယ်ခင်ဗျာ။ဒီမှာကြိုပြောထားချင်တာက ကျနော်တို့ မြန်မာနေ၇ှင်နယ်လိဂ်ကြီးကို အားလုံးယူဆထားကြသလို ပရော်ဖက်ရှင်နယ်စစ်ကြီးဖြစ်နေပြီလို့ လက်မခံလိုက်ပါနဲ့ဦးဆရာဖုန်းရေ။ ဒီလိုပြောရတာတော့ မကောင်းဘူးပေါ့ဗျာ။ဒါပေမယ့် ကျနော်တို့အနေနဲ့ ကိုယ်ရောက်နေတဲ့နေရာကို သေသေချာချာသိထားမှလဲ နောက်ထပ်လျှောက်ရမယ့် လမ်းကို ပီပီပြင်ပြင်လျှောက်နိုင်ကြမှာမဟုတ်လားဗျာ။
ကျနော်တို့မြန်မာနေ၇ှင်နယ်လိဂ်ဟာ ပရိုလိဂ်ဖြစ်ပါတယ်၊စည်းမျဉ်းတွေကိုလဲ ပရိုစည်းမျဉ်းတွေအတိုင်းသွားနေပါတယ် ဆိုပေမယ့် လက်တွေ့မှာတော့ ပရိုစံနှုန်းမပြည့်မှီသေးတဲ့ ပရိုကူးပြောင်းကာစလိဂ်တစ်ခုအဖြစ်သာရှိနေသေးတာပါ။ဒီတော့ ပရိုမစစ်သေးတဲ့ နေ၇ှင်နယ်လိဂ်ရဲ့လက်၇ှိအမှတ်ပေးချန်ပီယံ ရတနာပုံကိုလဲ AFC အနေနဲ့တစ်ဆင့်တက်ပြီး ပရိုအသင်းတွေပြိုင်ပွဲဖြစ်တဲ့ AFC CUPတို့ AFC Champion league တွေမှာပြိုင်ခွင့်မပေးသေးပဲ အပျော်တမ်းအဆင့်ပြိုင်ပွဲဖြစ်တဲ့ အခု AFC Preasident’s Cup မှာသာပါဝင်ခွင့်ပြုထားတာဖြစ်ပါတယ်။ဒီတော့ဒီပြိုင်ပွဲအတွက် ပြိုင်ပွဲ Rull & Regulation ကလဲ အပျော်တမ်းပြိုင်ပွဲတွေရဲ့ Rull & Regulation အတိုင်းသာဖြစ်ပါတယ်။ဒီပြိုင်ပွဲကို လာပြိုင်မယ့် ကလပ်တိုင်းကလဲ အပျော်တမ်း Rull & Regulation အတိုင်းသာပြင်ဆင်လာကြမှာပါ။
ဒါကို ရတနာပုံအနနဲ့ ပရိုမပီသရကောင်းလားဆိုပြီးဒေါပွရင်လဲခံရမှာပဲပေါ့ဗျာ။ဒါကအများမိုးခါးရေသောက်လို့လိုက်သောက်တာမျိုးမဟုတ်ပဲ ဒီကွေ့မှာ ဒီတက်နဲ့လှော်ရမယ်ဆိုတဲ့ ပြိုင်ပွဲ စည်းမျဉ်းကြောင့်သာဖြစ်ပါတယ်။ဟုတ်တယ်ဆရာဖုန်းရေ အပျော်တမ်းပြိုင်ပွဲမှာတော့ကိုယ်ကကြီးထူးပြီး ပရိုစစ်စစ်လုပ်ပြနေလို့လဲ ဘယ်သူကလာချီးကျူးမှာလဲ။ပရိုပြိုင်ပွဲ ပရိုစည်းမျဉ်းအတိုင်းဆိုရင်တော့ ရတနာပုံအနေနဲ့လိုက်နာဖို့အသင့်ပါ။ဒီတော့ အပျော်တမ်းစည်းမျဉ်းအရ အခုရတနာပုံရဲ့ ကစားသမားသစ်ခေါ်မယ့်အစီအစဉ်ကတရားဝင်ခေါ်ယူမှုသာဖြစ်ပါတယ်။ဒါကို MFF ကပူးပေါင်းပြီး အကူးတက လိမ်ပေးနေတာမဟုတ်သလို AFC ကလဲမသိလို့ လက်ခံပေးမှာမျိုးမဟုတ်ပါဘူး။အပျော်တမ်းပြိုင်ပွဲ အတွက်ပါဝင်မယ့်အသင်းကစားသမားတွေဟာ အဲ့ဒီပြိုင်ပွဲအတွက် စာရင်းသွင်း(Rgester)လုပ်တဲ့ ကစားသမားစာရင်းပေါ်သာ မူတည်နေတာမဟုတ်လားဆရာ။ဒါဆို ဘယ့်နယ့်လိမ်တာဖြစ်ပါ့တော့မလဲဗျာ။ဒီပြိုင်ပွဲအတွက် ပဏာမအဆင့် စာရင်းပေးရမယ့်ရက်က ဧပြီ ၆ ရက်နေ့မှပါ။ဒါဆို အပြောင်းအရွှေ့ရာသီင်္မဟုတ်ပဲ ကစားသမားသစ်ခေါ်ခွင့်ရတဲ့ အနေအထားကို သဘောပေါက်လောက်ပြီထင်ပါတယ်။
နောက်တစ်ချက်ရှိတာက သူများအသင်းကကစားသမားနဲ့ ၀င်ပြိုင်လို့ ဆရာအပြစ်ပြောချင်တယ်ထင်ပါရဲ့၊မေးပါရစေဆရာ၊ဘယ်လိုအသင်းကများ တစ်သင်းလုံး ကိုကိုယ့်အသင်းကလေ့ကျင့်ပေးထားတဲ့လူငယ်ကစားသမားတွေနဲ့ စုဖွဲ့ထားတာမျိုးရှိလို့လဲ။အရှင်းဆုံးထင်သာမြင်သာပြောရရင် ပထမပြိုင်ပွဲမှာ ကျော်ခိုင်ဝင်းကို ရတနာပုံကနေ ဒယ်လ်တာက အငှားနဲ့ခေါ်ကစားခဲ့တယ်။ဒီအတွက် ကျော်ခိုင်ဝင်းလစာကို ဒယ်လ်တာကပေးချေပေးထားတယ်။ဒီသဘောပါပဲ၊ခုလဲ ကမ္ဘောဇ နဲ့ ဒယ်လ်တာက ကစားသမားတွေကို ရတနာပုံက အငှားနဲ့ခေါ်မယ်။သူတို့ရတနာပုံမှာကစားနေတဲ့အချိန်မှာ သူတို့အတွက်လစာကို ရတနာပုံကပေးချေပေးထားမယ်။အတွက်ဒီကာလမှာ ပြိုင်ပွဲမရှိတဲ့အတွက် ငှားလိုက်ရတဲ့ နှစ်သင်းကလဲ ကစားသမားလစာကို စိုက်ထုတ်ပေးနေစရာမလိုလို့ ၀န်ပေါ့မယ်။
(တကယ်က အဲ့ဒီနှစ်သင်းကကစားသမားငှားပေးမယ်ဆိုရင် ဒီထက်ပိုတဲ့ စေတနာနဲ့စိတ်ဓါတ်ကြောင့်ဆိုတာသိမှတ်ထားပါတယ်။ဒီမှာတော့ ဒီလို၇ှင်းပြမှရမှာမို့ ငွေကြေးအကြောင်းကိုထညိ့ပြောရတာပါ။)
ဒီတော့အဖြေကရှင်းရှင်းလေးပါ။ကစားသမားတစ်ယောက်ကိုအသင်းတစ်သင်းကလိုအပ်နေတယ် ဒီအတွက် ငှားခွင့်ရှိတဲ့အချိန်မှာ ပိုင်ရှင်အသင်းကလဲ
ငှားမယ်ဆိုရင် ငှားတာက မှားတာမှမဟုတ်တာ။ဆရာငှားမသုံးရင်နေဆရာရေ။မန်ယူလဲဒီလိုငှားသုံးဖူးတယ်၊အေစီလဲငှားသုံးဖူးတယ်။လက်ရှိရတနာပုံအသင်းရဲ့ အဖြစ်နဲ့ထပ်တူနီးပါဆင်တာကတော့ မနှစ်က ကမ္ဘောဇအသင်းဟာ ဆောက်လုပ်ရေးက ကျော်ဇင်ထက်၊ စည်းပွါး/ကူးသန်း က မိုးဝငိး၊ လည်/ဆညိက ခင်မောင်လွင်တို့ကိုခေါ်ပြီး AFC Preasident’s Cup ပြိုင်ပွဲဝင်ခဲ့တဲ့အဖြစ်ပါ။ဒီတော့ဆရာရေ တစ်ချက်သတိပေးချင်တာကတော့ အခန့်မသင့်ရင် ဆရာစေတနာက ရတနာပုံကသာ သဘောထားမကြီးခဲ့ရင် ပုဒ်မ ၅၀၀ ဆိုတဲ့ အသရေဖျက်မှုနဲ့တောင်ညိနေတယ်ဆိုတာသတိပေးလိုက်ပါရစေတော့ ခင်ဗျာ။

www.yadanarbonfans.com မှ ဆောင်းပါးရှင် nay ၏ ဆောင်းပါးအား ကူးယူ ဖော်ပြပါသည်။

About parparazi

Min Nay Myo has written 45 post in this Website..