နိုင်ငံရေး့ပါတီသတင်းများနှင့်ယှဉ်ပြိုင်မှုပိုမိုပြင်းထန်လာသော…ပြည်တွင်းထုတ်ဂျာနယ်များ

zaw mgOctober 19, 20101min510

မကြာမီကျင်းပတော့မည့်ပါတီစုံအထွေထွေရွေးကောက်ပွဲကြီးနီးလာသည်နှင့်မျှ နိုင်ငံရေးပါတီသတင်းများရေးသားဖေါ်ပြမှုဖြင့်ပြည်တွင်းထုတ်သတင်းဂျာနယ်များ

ယှဉ်ပြိုင်မှုပိုမိုပြင်းထန်လာကြောင်းရန်ကုန်စာပေအသိုင်းအဝိုင်းမှသိရသည်။

ပြီးခဲ့တဲ့အပတ်က………မြန်မာပိုစ့်ဂျာနယ်ပါ နိုင်ငံရေးသတင်းနဲ့ပတ်သတ်ပြီး

Biweekly Eleven က The Myanmar Post ဂျာနယ်တွင်နိုင်ငံရေးသတင်းများမှာယွင်းစွာဖေါ်ပြဆိုပြီးရေးသားဖေါ်ပြလိုက်တာကို   ဒီအပတ်မှာ မြန်မာပိုစ့်ဂျာနယ်  ( အတွဲ၂ ၊ အမှတ်-၄ဝ ) အချပ်ပိုမှာ  Biweekly Eleven ကိုပြန်လည်ချေပရေးသားထားတာတွေ့ရတယ်……ဒါက   ဂျာနယ်တွေ…..ရွေးကောက်ပွဲနီးလာတာနဲ့အမျှယှဉ်ပြိုင်တင်ဆက်ရေးသာလာတာကိုမြင်တွေ့လာရတာပါဘဲ

ဟုဂျာနယ်ဖတ်သူတစ်ဦးမှ၎င်း၏ထင်မြင်ချက်ကိုပြောကြားခဲ့သည်။

မြန်မာပိုစ့်ဂျာနယ် ( အတွဲ၂ ၊ အမှတ်-၃၈ ) ပါ ဦးလှမောင်ရွေ နှင့်တွေ့ဆုံမေးမြန်းရေးသားချက်ပါအကြောင်းအရာများနှင့်ပတ်သတ်၍ Biweekly Eleven မှ မြန်မာပိုစ့်ဂျာနယ်၏နိုင်ငံရေးသတင်းဖေါ်ပြမှုများမှားယွင်းနေကြောင်းဝေဖန်ရေးသားခဲ့ရာမှ

ဂျာနယ်ကြီးနှစ်စောင်၏ယှဉ်ပြိုင်မှုပိုမိုပြင်းထန်လာခြင်းဖြစ်ကြောင်း ပြည်တွင်းဂျာနယ်သတင်းထောက်တစ်ဦးမှပြောကြားခဲ့သည်။

လက်ရှိမြန်မာနိုင်ငံတွင်ထုတ်ဝေခွင့်ရရှိသောဂျာနယ်ပေါင်းတစ်ရာကျော်ရှိပြီးသတင်းဂျာနယ်

ပေါင်း၃ဝကျော်ရှိောကာင်းသိရသည်။