ရဲရွာ Spill Way မှ ရေလွှတ်မှု မှာ ဆည်ရေဖိအားကြောင့် တဖြည်းဖြည်း အိလိုက်လာပြီး ကျိုးပေါက်တော့မည့် အခြေအနေ ကို ဂရပ်ဖစ်ဖြင့် သရုပ်ဖော်ပြထားသည်.

အောက်တိုဘာလ ၂၀ ရက်နေ့  ည ၉ နာရီတွင် FNG မှ နောက်ဆုံးရရှိသည့် သတင်းများ အရ  မန္တလေးမြို့ အရှေ့ တောင်ဘက် ၃၁ မိုင်အကွာ ရဲ-ယမန်း ရွာအနီး မြစ်ငယ်မြစ်ပေါ်၌ တည်ဆောက် ထားသည့် ရဲရွာ ရေအား လျှပ်စစ် စီမံကိန်း ၏ ရေလွှတ်  ပင်မဆည် မြောင်းမှာ တောင်ပေါ်မှ ကျလာသည့် ပြင်း ထန်သော ရေဖိ အားများကြောင့် ကျိုးပေါက်တော့ မည် အခြေအနေ ရှိသည် ဟု မန္တလေး မြို့ ဆည် မြောင်းဝန် ကြီးဌာန မှ အင်ဂျင်နီယာ တစ်ဦး က Freedom News Group သို့ ည ၁၀ နာရီ တွင် အတည်ပြုပြောကြားပါသည်။

ထပ်မံတိုးတက်မှု ရှိသည့် သတင်းအခြေအနေ နှင့် အပြည့်အစုံ ကို FNG မှ ထပ်မံဖော်ပြပေးပါမည်

ရဲရွာ ဆည်က တဖြည်ဖြည်း အိလိုက်လာပြီ ၊ ၄၈ နာရီ လောက်ထိ ခံဖို့ ဆိုတာ နောက်ဝင်လာတဲ့
ရေပေါ်မှာ မူတည် တယ်။ Spill Way တွေ ၊Fill Bucket တွေ Bottom Outlet Chamber တွေ ကို
အကုန် လုံးတိုက်ပြီး ပွင့်သွား နိုင်တယ်။ အရေးကြီး ဆုံး အခြေအနေ မို့ 
မေးနဲ့ လှမ်းပို့ လိုက်တာပါ။

ဆည်မြောင်း ဌာန မှ FNG သို့ ပေးပို့ သည့် အီးမေး သတင်းပေးပို့ ချက် အချို့ ကို မချွင်းမချန်အကုန်ကူးထားပါကြောင်း ………။

About etone

etone has written 851 post in this Website..

Goooooooooooooooooood 4 nothing lady !!!