အပန်းဖြေခြင်း…

lu ta loneApril 2, 20101min1242

တနေ့တွင် မုဆိုးတဦးသည် အီစွတ် (Aesop) ထံ အလည်လာသောအခါ အင်မတန်ကျော်ကြားသောလူက သူဧ။် အိမ်မွေးစာကလေး (Pet Sparrow) ဖြင့် ဆော့ကစားနေသည်ကို တွေ့သဖြင့် အလွန်အံ့ဩသွားသည်..

သို့နှင့် အီစွတ်အား “ကစားခြင်းဖြင့် ဘာကြောင့် အချိန်ဖြုန်းတီးနေသလဲ..? စာကလေးလို အသုံးမဝင်လှတဲ့အရာကို ဘာကြောင့် အချိန်ပေးရသလဲ..? “ ဟုမေးလိုက်သည်.. အီစွတ်သည် သူ့အား အံ့ဩစွာကြည့်ပြီး “ ခင်ဗျားရဲ့ လေးပေါ်က ကြိုးက ဘာကြောင့်တင်းမနေတာလဲ..? “ ဟု ပြန်မေးလိုက်သည်…

“ တချိန်လုံး တင်ထားလို့ မရဘူးဗျ “ မုဆိုးက ရှင်းပြသည်.. “ သို့မဟုတ်က ၎င်းဟာ တင်းအားလျော့သွားပြီး မြားပစ်ရာမှာ အသုံးမဝင် ဖြစ်သွားမှာပေါ့ “ ဟုပြောလိုက်သည်…

“ သူငယ်ချင်း ခင်ဗျားရဲ့လေးပေါ်က တင်းအားကို အမြဲလျှော့ထားရသလို၊ ခင်ဗျားရဲ့ အတွင်းက တင်းအားကိုလည်း ဖြေလျှော့ပြီး အပန်းဖြေရတယ်.. ကျွန်ုပ် အပန်းမဖြေ၊ ဆော့မကစားဘူးဆိုရင် တကယ့်ကို တာဝန်ကြီး ထမ်းဆောင်ရမယ့်အခါကျရင် ကျွန်ုပ်မှာ ခွန်အားရှိမှာ မဟုတ်တော့ဘူးပေါ့ “ ဟု အီစွတ်က ပြန်ပြောလိုက်သည်….

ကျွန်တော်ကတော့ သဘောကျတယ်ဗျာ.. ဘာလို့လဲဆိုတော့ တခါတလေစိ်တ်ကို ထွက်ပေါက်ပေးသင့်တယ်လေ..(ကိုယ်လုပ်ချင်တာ လျှောက်လုပ်ပြီးတော့ပေါ့..ဘောင်ကတော့ မကျော်စေနဲ့ပေါ့..)  နည်းနည်း ကြီးကျယ်ပြီးပြောရရင် Outlet လိုအပ်တယ်ပေါ့ဗျာ..

ဘယ်လိုလဲ…?  ထင်ကြေးလေးပြောကြပါဦး…..

2 comments

  • susunosuki

    April 17, 2010 at 3:05 pm

    ဟုတ်ပါတယ်
    ကျွန်တော်က အီစွပ်ကို ထောက်ခံသူပါ
    လူဆိုတာ တသမတ်ထဲ ဘယ်သူမှ မရပ်တည်နိုင်ဘူး
    အပြောင်းအလဲ လိုတယ်
    အများကိုမထိခိုက်ရင်ပြီးတာပဲ

  • nyimalay

    September 13, 2010 at 8:56 am

    all right. လူဆိုတာ တသမတ်ထဲ ဘယ်သူမှ မရပ်တည်နိုင်ဘူး အပြောင်းအလဲ လိုတယ် အများကိုမထိခိုက်ရင်ပြီးတာပဲ

Leave a Reply