4
နိုဝင်ဘာ၇ရက်နေ့ နအဖရဲ့ ရွေးကောက်ပွဲ နီးလာတာနဲ့အမျှ မဲပေးဖို့၊ မပေးဖို့၊ ဘယ်သူ့ကို ပေးပါ စတာတွေနဲ့ အမြင်တွေ အမျိုးမျိုးထွက်လို့ နေပါတယ်။ ကျနော်ကတော့ ရွေးကောက်ပွဲကို ဆန့်ကျင်ပါတယ်၊ ဘာလို့လည်းဆိုတော့ အခုပွဲဟာ နိုင်ငံရေးစနစ် ပြောင်းလဲမှုဖြစ်စဉ်တခု မဟုတ်ဘဲ စစ်အစိုးရ အရေခွံလဲတာကို အတည်ပြုမဲ့ ပွဲဖြစ်နေလို့ပါ။ တချို့က ငါတို့မဲမထည့်ရင် ဒီပွဲမှာ သူတို့ နိုင်သွားမှာပေါ့လို့ ပြောကြပါတယ်။ မပူပါနဲ့ သူတို့က နိုင်ပြီးသားပါ။ မဲထည့်ထည့် မထည့်ထည့် သူတို့ ပဲနိုင်မှာပါ။ ပယ်မဲထည့်လည်း သူတို့မဲပဲဖြစ်မှာပါ။ သူတို့သက်တမ်း အနှစ်၂၀လုံး ဗျောင်လိမ်လာတာ အဆန်းမဟုတ်တော့။ အလိမ်ခံရသူများကလည်း အခုမှပိုထူးပြီး နာမယ်မထင်၊ အားလုံးက အသား ကျနေကြပါပြီ။ အခုရွေးကောက်ပွဲရဲ့ ရည်ရွယ်ချက်က ငါတို့လုပ်တဲ့ပွဲကို လူထုက တက်တက်ကြွကြွ ပါဝင်တယ်၊ လက်ခံတယ် ဆိုတာကို ပြချင်တာပါ။ ဒီမိုကရေစီဝါဒအရ မဲထည့်တယ် ဆိုကတည်းက ရွေးကောက်ပွဲလုပ်သူကို အသိအမှတ်ပြုမှု မပါဘဲနဲ့ လုပ်လို့မရ။ ဆိုင်တဆိုင်ကို မယုံရင် သွားမစား နဲ့လေ၊ စားပြီးမှတော့ ဂျီးမများနဲ့ပေါ့။
အိမ်တလုံး အပေါ်ကို အတင်းတက်နေပေမဲ့ စည်ပင်ရုံးမှာ မှတ်တမ်းမရှိ မီတာခွန်၊ ရေခွန်မီးခွန် အမည်မပေါက်ရင် အိမ်ပိုင်ရှင်လို့ ခေါ်လို့မရ။ လူမိုက် မိုလို့သာ အရပ်က ငြိမ်နေရတဲ့ သဘောပါပဲ။ ဒါကို နအဖက သိလို့လည်းနည်းမျိုးစုံနဲ့ နာမည်ပျက်ခံ လုပ်ပါတယ်။ နိုင်ငံအနှုံ့ထောက်ခံပွဲတွေမှာ လူထုကို အတင်းတက်ခိုင်း၊ ၂၀၀၈ အခြေခံဥပဒေကို ၉၂%ကျော်က ထောက်ခံတယ်လို့ ဗျောင်လိမ်၊ ကြက်ဖွတ် ပါတီဝင် ဘယ်နှစ်သန်းရှိတယ်လို့ ဆိုတာတွေဟာ သူတို့ကို တရားဝင်မှုလက်မှတ်ပေးမဲ့ တရုတ်၊ ကုလား စတဲ့ ပုလင်းတူ ဗူးဆို့ဖက် ကိုယ်ကျိုးကြည့် အစိုးရများ လက်မှတ်ထိုးဖို့ လိုအပ်နေတဲ့ အထောက်အထားတွေကို ရှာနေတာပါ။ ဟိုကောင်တွေကလည်း ဘယ်နည်းနဲ့ရရ၊ ဖြစ်ဖို့ပဲလိုတယ်၊ ကျန်တာကိုတော့ သူများနိုင်ငံပြည်တွင်းရေးတို့၊ သူ့အစိုးရနဲ့သူ့ပြည်သူဖြစ်တာ ဝင်စွက်စရာမလိုတို့ ဆိုတာတွေနဲ့ ရှင်းကြမှာပါ။
အခုရွေးကောက်ပွဲလဲ စီစဉ်ထားတဲ့အတိုင်း သူတို့ပဲနိုင်၊ ဆက်အုပ်ချုပ်မှာ ဗေဒင်မေးစရာမလို။ ဘာမှမပြောင်းမှတော့ သူတို့ပြောနေတဲ့ ရင်းနှီးမြှုပ်နှံမှု အသစ်တွေကရော ဝင်လာပါ့မလား။ အစထဲကမှ မဟုတ်လို့ အမေရိကန်နဲ့ အနောက်ကမ္ဘာက စီးပွားကုန်သွယ်ရေး ပိတ်ဆို့မှုတွေ လုပ်ထားတာလေ။ ပိုနေမြဲကျားနေမြဲနဲ့ စစ်တပ်ရဲ့ နိုင်ငံရေးအာဏာ အခန်းကဏ္ဍ တရားဝင်ပြီး နအဖသာ အမြတ်ထွက် ပါလိမ့်မယ်။ မဲပေးသူတွေလည်း ငါတို့မဲတွေ ဘယ်ရောက်သွားလည်းလို့ ပွစိပွစိပြောရုံက လွဲလို့ ဘာမှ တတ်နိုင်မှာမဟုတ်။ ပြောလည်း မင်းသဘောတူလို့ မဲပေးပြီး ရှုံးမှ လာမညစ်နဲ့လို့ သူခိုးကလူပြန် ဟစ်တာကို ခံရပါလိမ့်မယ်။ ရေရှည်မှာပြောင်းဖို့ နည်းလမ်းတကျ ဆောင်ရွက်တာဆိုရင်လည်း ၁၉၉၀ ရွေးကောက်ပွဲ ရလဒ်ကို အသိအမှတ်မပြုဘဲ ဗိုလ်သန်းရွှေအမိန့် ပယ်ဖျက်လိုက်သည်ဆိုတာနဲ့ ပြီးလို့ ရရိုးလား။ အဲကလိုသာဆိုရင် နောင်တချိန် အတိုက်အခံတွေ အားသာတဲ့အခါ ၂၀၀၈ အခြေခံဥပဒေနဲ့ သူတို့အကျိုးစီးပွားတွေကို ကာကွယ်ထားတဲ့ ဥပဒေတွေကို အလွယ် ပြန်ဖျက်မယ်လေ။ တောတွင်း စရိုက် အားကြီးသူက နိုင်စတမ်းဆိုတဲ့ မြန်မာ့နိုင်ငံရေး အစဉ်အလာကို ပြုပြင်ဖို့ နည်းလမ်းတကျ ဆောင်ရွက်တာပါလို့ မလှည့်တပတ်ပြောသူများ အဖြေပေးကြပါ။
တချို့ကြပြန်တော့ မဲမှမပေးရင် စစ်တပ်က တသက်လုံး အုပ်ချုပ်သွားတာ ခံရလိမ့်မယ်လို့ စောဒကတက်ကြပါတယ်။ သူတို့ပဲနိုင်မှတော့ ဘယ်လိုလုပ်ထူးမယ်လို့ ထင်ရတာလည်း။ ကမ္ဘာပေါ်မှာ ရွေးကောက်ပွဲလုပ်ပြီး နှစ်ပေါင်းလေးငါးဆယ် အုပ်ချုပ်နေတဲ့ နိုင်ငံတွေအများကြီး။ ရွေးကောက်ပွဲသာ နာမည်ပျက်တာ အဖတ်တင်ပါတယ်။ တရုတ်ကိုပဲကြည့်၊ သူ့ကိုယ်သူ ပါတီတွင်း ရွေးကောက်ပွဲတွေနဲ့ ဒီမိုကရေစီမှ ရိုးရိုးတောင်မဟုတ် ကူမြူနစ်တို့ ထုံးစံအတိုင်း ပြည်သူ့ဒီမိုကရေစီပါတဲ့။ တရုတ်ကြီး ဆိုးတာ အရင်က ဆင်းရဲလို့ ချမ်းသာလာရင် နိုင်ငံရေးလွတ်လပ်ခွင့် ပေးမှာဆိုတဲ့ မသူတော်များ တရုတ်ကြီး နိုင်ငံရေး လွတ်လပ်ခွင့် အတွက် ပြောင်းတာများ တွေ့ရင် ပြောကြပါ။ ချမ်းသာလာလို့ သတင်း လွတ်လပ်ခွင့်တွေကို နည်းပညာအသစ်တွေနဲ့ ပိုပြီးတင်းကျပ်ချုပ်ကိုင်၊ ပြည်တွင်းပြည်ပက အတိုက်အခံတွေကို ပိုဖိနှိပ်လာတာပဲ တွေ့ပါတယ်။
အလားတူ မြန်မာပြည်မှာ ၁၉၈၈ အာဏာသိမ်းကာစ စစ်တပ်မှာ နိုင်ငံခြားငွေပြတ်လို့ ပြည်ပ သံရုံးအမှုထမ်းတွေကို လခပေးစရာမရှိ၊ ဂျပန်သံရုံးကိုတောင် တခြမ်းဖဲ့ရောင်းစား ခဲ့ရလောက်အောင် မွဲခဲ့ပါတယ်။ စစ်အစိုးရက သဘာဝဓာတ်ငွေ့မထွက်ခင် အစောပိုင်းနှစ်တွေမှာ မျက်နှာအောက်ချပြီး ပြောင်းမှာပါလို့ အာဆီယံကိုလိမ်၊ ကမ္ဘာလှည့်ငွေချေး၊ သယံဇာတတွေကို ပေါပေါ ထုတ်ပြီးရောင်းစား၊ ကြားချောင်နှိုက်သူ ထိုင်း ၊စင်ကာပူ၊ တရုတ်အစိုးရတွေက မြန်မာပြည် ချမ်းသာလာရင် ပြောင်းမှာဆိုပြီး သိသိနဲ့ ပေါင်းရိုက်ခဲ့ကြပါတယ်။ အခုတော့ စစ်တပ်က ဓာတ်ငွေ့ကရောင်းရတဲ့ ငွေမာဒေါ်လာတွေ ရလို ပြောင်းဖို့မပြောနဲ့ ညူကလီးယားဗုံးနဲ့ တာဝေးပစ်ဒုံးပျံတောင် ထွင်ပါတော့မယ်။ ဒီနေရာမှာ ရွေးကောက်ပွဲသည်သာလျှင် ထွက်ပေါက်လို့ အားပေးအားမြောက်ပြုနေသူများ ရှိပါတယ်။ သူတို့က ပညာတတ်လူတော်တွေပါ။ ဒါပေမဲ့ သူတို့ အောင်မြင်ကြီးပွားလာတာက အာဏာပိုင်တွေနဲ့ ပင်းပြီး ဖြစ်လာကြလို့ အစမ်းသပ်ခံနိုင်ရမဲ့ ပွင့်လင်းလွတ်လပ်တဲ့ ဒီမိုကရေစီစနစ်အောက်မှာ သူတို့အတွက် နေရာမရှိ။ စစ်ကျွန်စနစ်အောက်မှာသာ ရှားရှားပါးပါး ပညာတတ် အရပ်သားတွေအဖြစ်နဲ့ လူရာဝင်ကြ မှာမိုလို့ မဲပေးဖို့တွန်းအားပေးတာ မနားမလည်နိုင်စရာမရှိ။
အီရန်နကိုကြည့်ပါအုံး၊ သူ့ကိုယ်သူ အာရပ်ကမ္ဘာရဲ့ တခုတည်းသော စစ်မှန်တဲ့ အစလ္လာမ်မစ် ဒီမိုကရေစီနိုင်ငံ ဆိုပြိး ရွေးကောက်ပွဲတွေ လုပ်ပါတယ်။ တကယ်လည်း ထိပ်ဆုံးမှာထိုင်ပြီး အရာရာကို ချုပ်ကိုင်ထားတဲ့ ဘာသာရေး ခေါင်းဆောင်မူလာတွေရဲ့ ကုလာထိုင်လည်းလှုပ်ရော အတိုက်အခံများ အားလုံး အမေရိကန်စီအိုင်အေ ဒလျှိုတွေဖြစ်ကုန်ပါတယ်။ သူတို့တင်မက ရွေးကောက်ပွဲများလုပ်ပြီး သားစဉ်မြေးဆက် အုပ်ချုပ်တဲ့နိုင်ငံတွေ အများကြီးပါ။ နောက်ဆုံးကတော့ အားလုံးသိမယ်ထင်ပါတယ်၊ မြောက်ကိုရီးယားနိုင်ငံပါ။ သူလည်းတိုင်းပြည်ခေါင်းဆောင်ကို ပါတီကွန်ဂရက်ညီလာခံ ရွေးကောက်ပွဲနဲ့ ရွေးချယ်ပါတယ်။ အခုပြောခဲ့တဲ့နိုင်ငံတွေမှာ အနောက်နိုင်ငံတွေလိုမျိုး လွတ်လပ်တဲ့ နိုင်ငံရေးစနစ် ကိုမလိုပါတဲ့။ ဘာလို့လည်း ဆိုတော့ ပြည်သူအားလုံးလိုလိုက လက်ရှိကိုယ်ပိုင် ဒီမိုကရေစီစနစ်ကို အုပ်ချုပ်သူ အစိုးရတွေနဲ့အတူ တထပ်ထဲကျလို့ ဖြစ်ပါတယ်တဲ့။ ပြည်သူလူထုဆိုတာ ရွေးကောက်ပွဲ တွေမှာ မဲပေးခဲ့ကြတဲ့ မဲဆန္ဒရှင်တွေပါ။ မယုံရင် မဲပုံးတွေ မဲလက်မှတ်တွေကို သွားကြည့်နိုင်ပါတယ်၊ ရွေးကောက်ပွဲမှာ မဲပေးခဲ့တဲ့ မဲဆန္ဒရှင်အင်အား စာရင်းတွေကိုကြည့်ပါလို့ ဖြေရှင်းချက် ရပါလိမ့်မယ်။ မြန်မာပြည်မှာလည်း လူထုက ၉၀%ကျော် တခဲနက်ရွေးချယ်လိုက်တဲ့ အမတ်မင်းများထောက်ခံတဲ့ အစိုရသစ်က ဖိနှိပ်မှုတွေကို အရင်အတိုင်း ဆက်လုပ်ပါလိမ့်မယ်။ အရင်ကတော့ အခြေခံဥပဒေ မရှိလို့ပါ။ အခုတော့ ပြည်သူလူထုက တရားဝင် ထောက်ခံမှုနဲ့လုပ်တာလေ၊ ဘာပြောချင်သေးလဲ။
တချို့ကြတော့လည်း နောင်အစိုးရတက်မှ နိုင်ငံရေးအကျဉ်းသား လွတ်မလိုလို၊ ဒေါ်စုနဲ့ပဲ ဆွေးနွေးတော့မလိုလို ဝင်နှောက်ကြပြန်တယ်။ လုပ်မနေပါနဲ့၊ လွှတ်လည်း ကြိုက်တဲ့အချိန်ပြန်ဖမ်း လို့ရတယ်။ ကျနော်တို့တိုင်းပြည် တကယ်လိုအပ်နေတာ အစိုးရအပြောင်းအလဲထက် နိုင်ငံရေးစနစ် အပြောင်းအလဲသာ ဖြစ်ပါတယ်။ အပေါ်ယံ ရွှေမှုန့်ကြဲ အပြောင်းအလဲတွေကတော့ စနစ်မပြောင်းသ၍ ဘာမှမထူး၊ ရှေ့တလှမ်းတက်ပြီး နောက်နှစ်လမ်းဆုတ်တာသာ အဖတ်တင်ပါလိမ့်မယ်။ နောက်ဆုံးရတဲ့ သတင်းတွေအရ အန်အယ်ဒီက တိုင်းရင်းသားလူမျိုးအားလုံးပါတဲ့ ဒုတိယအကြိမ် ပင်လုံညီလာခံကို ဖေဖော်ဝါရီလထဲမှ ခေါ်ဖို့ကြေငြာလိုက်ပါပြီ။ ဒါကြောင့်မို့ စစ်အစိုးရ လှုပ်တိုင်းလိုက် လှုပ်နေမဲ့အစား တကယ်ဖြေရှင်းရမဲ့ ပြဿနာတွေကို လက်တွေ့ကျကျ ရေရှည်ကြည့်ပြီး တကယ်ဆောင်ရွက်ခွင့်ရှိသူ၊ ဆောင်ရွက်နေသူတွေနဲ့ ပူးပေါင်းဆောင်ရွက်ကြဖို့ပဲ ရှိပါတယ်လို့ တိုက်တွန်းလိုက်ရပါတယ်။
သပိတ်သပိတ် မှောက်မှောက် Boycott

မဲထဲ့ထဲ့ မထဲ့ထဲ့ ကြိုတင်ပြီးထဲ့ရတာလား၊ ဒါမှမဟုတ်အားလုံးမကျေနပ်လို့သပိတ်မှောက်ချင်လား ကြိုက်တာလုပ်လုပ် မလုပ်လုပ် အားလုံးသောမဲများသည် ညစ်ပတ်နံစော်တဲ့သန်းရွှေရဲ့မဲဖြစ်ပြီးသားဘဲ။ ဒါ့ကြောင့်လဲသန်းရွှေကခေါင်းအရှုပ်ခံပြီး ရွေးကောက်ပွဲလုပ်နေတာပေါ။ ဒီမိုကရေစီအမည်ခံသစ္စာဖောက် အအ အရူးများခင်မြာ ရူးသွပ်ပေါက်ချောင်နေလို့သန်းရွှေလုပ်သမျှအားမရတမ်းခံပြီးရင်းခံရံင်းမျောပြီးသေကြလိမ္မယ်။ ဗိုလ်င်္ချုပ်အောင်ဆန်းပြောသလိုတစ်တစ်ခွခွပြောမှနားလည်နိုင်မှာဖြစ်လို့ဒီလိုပြောရတာပါ။်ပြည်သူလူထုသိဘို့က ဘယ်သူ့စကားမှနားမယောင်ဘဲ မဲပေးမဲ့နေ့မှာ ၁. အိမ်ထဲက အိမ်ပြင်ကိုမထွက်ကြပါနဲ့။ ၂. မဲရုံထဲကိုအနားကို ယောင်လို့ ကုန်ကုန်ပြောမယ် စိတ်ကူးထဲမှာတောင်မသွားမိပါစေနဲ့။ မဲရုံထဲမှာအဲဒီနေ့ သရဲတစ္ဆေထက်ပိုပြီးကြောက်စရာကောင်းတဲ့အပုပ်ကောင်လူသတ်သမားသန်းရွှေ ရှိနေတယ်လို့အသေသာမှတ်ထားကြပါ။
၃.ရပ်ကွက်ထဲကလူကြီးလူကောင်းအမည်ခံ ဂျဘိုးသခိုးတွေလာခေါာရဲယင်အိမ်ကနေမောင်းသာချ။ ဒီတနေ့ဘဲဒီခွေးတွေနဲ့ဆက်ဆံရမှာ။ ဆွဲလားရမ်းလားလုပ်ရင်ကမ္ဘာ့အလယ်မှာ မဲမထဲ့မှုနဲ့ဖမ်းတဲ့ပြဿနာတွေ တတိုင်းပြည်လုံးပြန့်နှံ့ပြီး ရွေးကောက်ပွဲအပျက် သန်းရွှေလဲအပြုတ်ဘဲ။ သန်းရွှေ နဲ့ နဝတ အဲဒီနေ့မှာအမြီးကုပ်ခေါင်ငုံ့ပြီးလူတွေကိုလိုက်ဖါးပြီးလူလိမ္မာဟန်ဆောင်နေကြမယ်။
လူတွေကအဲဒီနေ့မှာထောင်ချင်တိုင်းထောင်လွှားနေကြရမယ်။ ဆင်းရဲလေ ပိုခေါင်းထောင်လေဘဲ။ ဆင်းရဲသားလက်လုပ်လက်စါးဦးရေက သန်းနဲ့ချီပြီးရှိတော့သူတို့မဲကိုရချင်လို့အာဏာရှင်တွေအပြတ်ဖါးတဲ့နေ့ဘဲ။ ဒါကြော်င့်သူတို့ကကျနော် တို့ကိုငယ်နိုင်စစ်ကျွန်တွေလိုသဘောထားပြီးမကြောက် ကြောက်အောင်ဖြဲပြီးအခုချောက်နေတော့တာဘဲ။ တကယ်တော့ရွေးကောက်ပွဲနေ့မှာဒီကောင်တွေအကုန်ခေါင်းငုံ့ဖင်အမြီးကုပ်ပြီးကြောက်လို့ဘာမှမလုပ်ရဲဘူး။ ကြောက်စိတ်ကိုဖြောက်ကြပါ။
ရဲရဲဝင့်ဝင့်နဲ့ရွေးကောက်ပွဲကိုတနိုင်ငံလုံးသပိတ်တှောက်ကြပါစို့.
ု
Was this answer helpful?
LikeDislikeဒီ Post လေးအရမ်းကောင်းပါတယ်။အရေးအသားက အစတော်တော်လေး လက်ယာမြောက်ပါတယ်။ဒါပေမဲ့ ပြည်သူတွေရဲ့ စိတ်ထဲ နှလုံးထဲကို သိဖို့လိုအပ်တယ်။မူဝါဒ နဲ့ ဥပဒေ တွေကိုသိဖို့လိုအပ်တယ်။
မြန်မာရဲ့ လွတ်လပ်ရေးကို ဆုံးရှုံးအောင် လှုပ်ဆော်ပေးနေတဲ့ လူတွေအများကြီးဖြစ်ပေါ်ခဲ့လို မြန်မာဟာ ယခုအချိန်ထိ လွတ်လပ်မှုကို ဆုံးရှုံးနေခဲ့ရတယ်။ပြည်သူတွေ ရဲ့ စိတ်နေသဘောထားနဲ့ ခံယူတဲ့ တောင်းသမှုကို နားလည်၊သဘောပေါက်နိုင်ပါစေ။
Was this answer helpful?
LikeDislikeဟုတ်တယ်ဗျို့  ဒီကောင်တွေ အကြောက်ဆုံးက အဲ့ဒါဘဲ
Was this answer helpful?
LikeDislikeငါမန်းတာက timothy ကိုပါဟ
Was this answer helpful?
LikeDislike