ကမ္ဘာသမိုင်းတစ်လျောက်လုံးအခမ်းအနားဆုံး ဈာပန

မဟာအလက်ဇန်းဒါဘုရင်(၃၅၆ ဘီစီ-၃၂၃ ဘီစီ) ကွယ်လွန်သွားသည့်အခါ ၄င်း၏ ရုပ်အလောင်းကို တင်ဆောင်သည့်မြင်းရထားကို ကျောက်မျက်ရတနာမျိုးစုံဖြင့် စီခြယ်ထားပြီး မြင်း(၆၄)ကောင်ဖြင့် ဆွဲခဲ့သည်။၎င်းရထားကို ဘေဘီလုံမြို့  မှနေ၍ အကွာအဝေး မိုင်ပေါင်း(၁၁၀၀)တွင်ရှိသည့် အလက် ဇန်းဒြီးယားမြို့   သို့ သယ်ဆောင်ခဲ့သည်။ (ဈပန အခမ်းအနားအတွက် စုစုပေါင်းကုန်ကျငွေမှာ(ထိုခေတ်က)ဒေါ်လာ (၆၀၀,၀၀၀,000) ဖြစ်သည်။

သမိုင်းတစ်လျောက် အထူးခြားဆုံး စာကြည့်တိုက်

ပါရှားနိုင်ငံ၏ နန်းရင်းဝန်ဖြစ်သည့် အပြင် စာပေကျမ်းဂန် လေ့လာ လိုက်စားသည့် အဘူလ်ကက်စ်ရှမ် အစ်စ်မေလ် (၉၃၈ -၉၅၅) သည် စာအလွန်ဖတ်သူဖြစ်ပြီး ၊သူတွင်စာအုပ် ပေါင်း (၁၁၇ ၀၀၀)အုပ်ရှိသည်။ သူသည်ခရီးထွက်တိုင်း ယုတ်စွအဆုံး စစ်တိုက်ထွက်ရာ ပင်သူ၏ စာအုပ်များကို သယ်ဆောင်သွားလေ့ရှိသည်။ သူ၏စာအုပ်များကိုသယ်ဆောင်ရသည့် ကုလား အုပ်ပေါင်းမှာ (၄၀၀) ဖြစ်သည်။

ခရီးထွက်နေစဉ်အတွင်း သူဖတ်ချင်သည့် စာအုပ်များကို အချိန်အနည်းငယ်အတွင်း ရှာဖွေတွေ့ ရှိနိုင်ရန်အတွက် စာအုပ်များသယ်ဆောင်သည့် ကုလားအုပ်များကို အက္ခရာအစဉ်အတိုင်း ရှေ့ နောက်အစီအစဉ် အလိုက်ထားရှိ့သည့်အပြင် ကုလားအုပ်အသီးသီးကို မောင်နှင်သူများမှာလည်း စာကြည့်တိုက်မှူးများဖြစ်သည်။

About အာဂ

အာ ဂ has written 177 post in this Website..

ဘ၀ ကို အခုမှ စပြီး ချရေးနေတာ ။ ဗလာစာရွက်ဆိုတော့ နည်းနည်းတော့ကြမ်းတယ်။ CJ # 8112011