အာဂNovember 2, 20101min3247
ကမ္ဘာသမိုင်းတစ်လျောက်လုံးအခမ်းအနားဆုံး ဈာပန မဟာအလက်ဇန်းဒါဘုရင်(၃၅၆ ဘီစီ-၃၂၃ ဘီစီ) ကွယ်လွန်သွားသည့်အခါ ၎င်း၏ ရုပ်အလောင်းကို တင်ဆောင်သည့်မြင်းရထားကို ကျောက်မျက်ရတနာမျိုးစုံဖြင့် စီခြယ်ထားပြီး မြင်း(၆၄)ကောင်ဖြင့် ဆွဲခဲ့သည်။၎င်းရထားကို ဘေဘီလုံမြို့  မှနေ၍ အကွာအဝေး မိုင်ပေါင်း(၁၁၀၀)တွင်ရှိသည့် အလက် ဇန်းဒြီးယားမြို့   သို့ သယ်ဆောင်ခဲ့သည်။ (ဈပန အခမ်းအနားအတွက် စုစုပေါင်းကုန်ကျငွေမှာ(ထိုခေတ်က)ဒေါ်လာ (၆၀၀,၀၀၀,000) ဖြစ်သည်။ သမိုင်းတစ်လျောက် အထူးခြားဆုံး စာကြည့်တိုက် ပါရှားနိုင်ငံ၏ နန်းရင်းဝန်ဖြစ်သည့် အပြင် စာပေကျမ်းဂန် လေ့လာ လိုက်စားသည့် အဘူလ်ကက်စ်ရှမ် အစ်စ်မေလ် (၉၃၈ -၉၅၅) သည် စာအလွန်ဖတ်သူဖြစ်ပြီး ၊သူတွင်စာအုပ် ပေါင်း (၁၁ရ ဝ၀၀)အုပ်ရှိသည်။ သူသည်ခရီးထွက်တိုင်း ယုတ်စွအဆုံး စစ်တိုက်ထွက်ရာ ပင်သူ၏ စာအုပ်များကို သယ်ဆောင်သွားလေ့ရှိသည်။ သူ၏စာအုပ်များကိုသယ်ဆောင်ရသည့် ကုလား အုပ်ပေါင်းမှာ (၄၀၀) […]