အတ္တနဲ့နွေ

naywoon niNovember 2, 20101min790

ဘာပဲညာပဲ
အက်ကွေဲကြွေကျလာတဲ့
အင်္ဂတေစကားသံတွေကြားမှာ
ငါ……….
မွန်းကြပ်ကာ
မေ့မျောမတတ်ပါပဲ……။။
ဘာလဲညာလဲ
ထိုးဖောက်ထွက်လာတဲ့
သံမဏိမေးခွန်းတွေအောက်မှာ
ငါ
ကြပ်တည်းစွာနဲ့
ဝိဉာဉ်ချုပ်ငြိမ်းမတတ်ပါပဲ….။
ကဲ…………..
လွန်ဆွဲနေတဲ့
မိုးခေါင်ရေရှားအရပ်တွေမှာ
နွေဟာ
ချုပ်ငြိမ်းဖို့ကောင်းပါပြီ…….။။

♥♦နေဝန်းနီ