MAI လေယာဉ်သစ်တင်သွင်း

etoneNovember 3, 20101min380

မြန်မာနိုင်ငံသားပိုင်လေကြောင်းလိုင်းဖြစ်သည့် MAI မှာ ပြည်ပ ခရီးစဉ်တိုးချဲ့ပြေးဆွဲရန်အတွက် အောက်တိုဘာလ ၂၉ရက်နေ့က လေယာဉ်သစ်တစ်စီးတင်သွင်းခဲ့ပါသည် ။ အဆိုပါလေယာဉ်သည် MAI လေကြောင်းလိုင်းဧ။် တတိယမြောက်တင်သွင်းသော လေယာဉ်ဖြစ်ပြီး Airbus 321 အမျိုးစားဖြစ်ကာ ခရီးသည် ၂၂ဝခန့်လိုက်ပါနိုင်ကြောင်းသိရသည်။ခရီးစဉ်အသစ်အနေဖြင့် ရန်ကုန်-ဘန်ကောက်-စကာင်္ပူတွေကို အသွားအပြန် ပြေးဆွဲမည်ဟုလည်း သတင်းရရှိသည် ။ နိုဝင်လာလ ကုန်ပိုင်းလောက်တွင်လည်း တရုတ်နိုင်ငံ ကွမ်ကျို ခရီးစဉ်ကို စီစဉ်ရန်ရှိကြောင်းလည်း သိရသည် ။