1. ဟိုဘက်ရက်များက ကိုပေါက်ရဲ့

မန္တလေးမီးအကြောင်းတွေဖတ်လိုက်ရပါတယ်

ပထမ မန္တလေးမီးကဆိုင်းတန်းဝင်းကစလောင်ပါတယ်

လောင်တာက ဓာတ်ဆီကိုမီနဲ့ကြည့်ရာကလောင်ပါတယ်

ဒုတိယမီးက ဦးကျားကြီးဝင်းကလောင်ပါတယ်

နောက်ဓာတ်ဆီပုံးတွေ ဓာတ်ဆီပ္ပေါတွေပေါက်ကွဲပြီး

မီးမထိန်းနိုင်ဖြစ်ပြီးလောင်ပါတယ်

မန္တလေးမီးကြီးလောင်ရင်ဓာတ်ဆီက

အဓိကကျနေတာတွေ့ရမှာပါ

အန်ကယ်ကြီးတွေးကြည့်မိတာပါ

အဲဒီအချိန်တွေတုန်းကဓာတ်ဆီကမှောင်ခိုလေ

အစိုးရဓာတ်ဆီတိုင်တွေကခွဲတန်းပေးတဲ့ဆီတွေကိုအိမ်သုံး

ကားလေးတွေနဲ့ထုတ်ပြီးအပြင်မှာပြန်ရောင်းကြတာ

သိပ်ခေတ်စားနေတဲ့အချိန်ပါထုတ်ရောင်းကြတဲ့ကားတွေ

လဲအိမ်စရိတ်စိုပြေနေကြတဲ့အချိန်အခါပါ ဈေးနဲကားလေး

တွေဝယ်ကြဓာတ်ဆီထုတ်ပြီးပြန်ရောင်းကြနဲ့သိပ်ပြီးအဆင်

ပြေကြတာပေါ့

သို့သော် အဲဒီအချိန်အခါက ကားကအခုလက်ရှိကားအရေအတွက်ထက် အများကြီး

လျော့နဲပါတယ် ရောင်းတာကလဲခွဲတန်းနဲ့ ဆိုတော့အပြင်ကို

ရောက်လာတဲ့ဆီကလဲနဲပါသေးတယ်

ဒါတောင်ဖြစ်လိုက်ပြီဆိုထိန်းမနိုင်အောင်ဖြစ်တာလေ

အခုက…..

လောင်စာဆီကိုနိုင်ငံတော်ကပုဂ္ဂလိကကိုလွှဲပေးလိုက်ပါပြီ

ဓာတ်ဆီကိုနိုင်ငံတော်ကသတ်မှတ်ဈေးနဲ့ရောင်းပေးပြီး

ိ ပုဂ္ဂလိကကိုပြန်ရောင်စေပါတယ်

အရင်ကလိုဘဲကားတန်းကြီးပြန်ဖြစ်လာပါတယ်

အရင်ထက်ပိုထူးတာက ဈေးကွက်စီးပွားရေးအရ
်ထုတ်ပြီးရင်ထပ်ထုတ်လို့ရပါတယ်
ဒီကြားထဲ အရင်ထက်ပိုထူးလာတာက ဆိုင်ကယ်တွေပါ
တနေ့တနေ့တန်းစီနေတဲ့ဆိုင်ကယ်တွေဆိုတာမိုးမလင်းသေး
ဘူး ၂ ပြလောက်ဖြစ်နေပြီ

ဆီဆိုင်ကကားတန်း

ဆီဆိုင်ကဆိုင်ကယ်တန်း

ကားတစီးဓာတ်ဆီ ၄ ဂါလံပေးပါတယ်

ထုတ်ပြီးတဲ့ကားကကားတန်းအနောက်ကနေထပ်ပြီးတန်းစီ

ထပ်ထုတ်လို့ရပါတယ် ကားတစီးကို ၆ ခေါက်လောက်ထုတ်လို့ရပါတယ်

ကားတစီးဟာ ၁ ရက် ၂ ရက်ဆို ဓာတ်ဆီဂါလံ ၅၀ လောက်ထုတ်ပြီးရောင်းလို့ရပါတယ် ၁ ဂါလံအမြတ် ၅၀၀
၆၀၀  ၇၀၀ ရပါတယ်
ဆိုင်ကယ် ၁စီး တခါထုတ် ၁ဂါလံပါ တနေ့ကို ၇ ဂါလံလောက်အနဲဆုံး
ထုတ်လို့ရပါတယ်
အမြတ်တွက်ရင် ကားတစီး တနေ့ ၁၅၀၀၀ အနဲဆုံးရပါတယ်
ဆိုင်ကယ်တစီးတနေ့ အနဲဆုံး ၅၀၀၀ လောက်ရပါတယ်
ဒါကြောင့်လဲတနေ့တနေ့ ဆီဆိုင်တွေမှာ တန်းနေကြတဲ့ ကားတန်းကြီး
တွေ ဆိုင်ကယ်တန်းကြီးတွေ များများလာပါတယ်
ကားတန်းကြီးတွေဆိုင်ကယ်တန်းကြီးတွေများလာသလောက်
အပြင်မှာဓာတ်ဆီတွေများများလာပါတယ်
ဒီဇယ်ဆီကပြသနာမရှိပါဘူးဆိုင်မှာလိုတဲ့အချိန်ထုတ်ယူရုံပါဘဲ
ဘယ်သူမှလဲအပိုမထုတ်ကြပါဘူး
ဖြစ်နေတာဓာတ်ဆီပါ တရားဝင်ရောင်းခွင့်ရတဲ့ဆိုင်တွေကနေ့စဉ်ရောင်းချ
ပေးနေတဲ့ဓာတ်ဆီတွေဟာတကယ်သုံးတဲ့လူတွေရဲ့လက်ထဲ
မရောက်ဘဲတဆင့်ခံဝယ်ရောင်းတွေရဲ့လက်ထဲရောက်သွားပါတယ်
တကယ်သုံးတဲ့လူတွေကတကယ်ရောင်းချတဲ့ဆိုင်တွေမှာအချိန်ကုန်ခံပြီး
မ၀ယ်နိုင်ဘဲပြင်ပကဘဲဝယ်သုံးနေကြပါတယ်
ဒီနေရာမှာစဉ်းစားစရာဖြစ်လာပါပြီ
ပိုက်ဆံရှိတဲ့လူကအပြင်က၀ယ်သုံးတာလဲကိစ္စမရှိပါဘူး
ဆိုင်တွေကနေ့စဉ်တန်းစီတိုးပြီးတဆင့်ခံပြန်ရောင်းပြီးအဆင်ပြေနေတဲ့လူ
တွေလဲအဆင်ပြေနေတာဘဲ ဘာမကောင်းတာရှိသလဲ
ရှိပါတယ် ကျွန်တော်ရှေ့မှာပြောခဲ့သလို မန္တလေးမှာမီးကြီးတွေလောင်ခဲ့
တာကြည့်ရင်ဓာတ်ဆီမီးကိုမထိန်းနိုင်ခဲ့လို့ပါ
ဟိုးအရင်ကပြင်ပမှာဓာတ်ဆီယခုလောက်မများတာကိုတကယ်ဖြစ်ပြီဆိုရင်
မီးကိုမထိန်းနိုင်ခဲ့တာ ဆိုင်းတန်းမီးနဲ့ဦးကျားကြီးမီးကသက်သေပါဘဲ
ယခုအပြင်မှာဟိုးအချိန်ကထက်ဓာတ်ဆီတွေအများကြီးမှအများကြီးပါ
နေရာတိုင်အိမ်တိုင်းဓာတ်ဆီတွေရှိနေပါတယ်
ဒီလိုအချိန်မန္တလေးမှာမီးလောင်လိုက်ရင်မထိန်းနိင်ခဲ့ရင်
ဟိုးအရင်မီးကြီးတွေထက်စံချိန်တင်သွားနိုင်ပါတယ်
ဓာတ်ဆီထုတ်ပြီးအဆင်ပြေနေတဲ့တဆင့်ခံတွေကိုဘာမှမပြောချင်ပါဘူး
ဒါပေမဲ့တကယ်အန္တရာယ်ကြီးတဲ့ဓာတ်ဆီလိုလောင်စာကို ရပ်ကွက်တွေ
ထဲလူတိုင်လောက်နီးနီး ထမင်းစားရေသောက်လုပ်ကိုင် စားသောက်
နေကြတာရေရှည်ဘယ်လိုမှမကောင်းနိုင်ပါဘူး

ဟိုဘက်ရက်များက ကိုပေါက်ရဲ့

မန္တလေးမီးအကြောင်းတွေဖတ်လိုက်ရပါတယ်

ပထမ မန္တလေးမီးကဆိုင်းတန်းဝင်းကစလောင်ပါတယ်

လောင်တာက ဓာတ်ဆီကိုမီနဲ့ကြည့်ရာကလောင်ပါတယ်

ဒုတိယမီးက ဦးကျားကြီးဝင်းကလောင်ပါတယ်

နောက်ဓာတ်ဆီပုံးတွေ ဓာတ်ဆီပ္ပေါတွေပေါက်ကွဲပြီး

မီးမထိန်းနိုင်ဖြစ်ပြီးလောင်ပါတယ်

မန္တလေးမီးကြီးလောင်ရင်ဓာတ်ဆီက

အဓိကကျနေတာတွေ့ရမှာပါ

အန်ကယ်ကြီးတွေးကြည့်မိတာပါ

About unclegyi1974

sun moon has written 27 post in this Website..

1974Ipass10st 1980IpassBSC(physc)