Myinttar ရပ်ခံချက်တွေကို ငြင်းဖို့ အကြောင်းပြချက်ကောင်းတွေ ရှိပါတယ်.. ဥပမာ တခုခုကို ဘာလုပ်ရမှန်းမသိဘူး.. အလုပ်တွေ အရမ်းများနေလို့၊ ဒါ ကျွန်တော့်အလုပ်နဲ့ မဆိုင်ပါဘူး.. ဒါမှမဟုတ် အခြားတယောက်လုပ်ရင် ပိုပြီးတော့ အဆင်ပြေပါလိမ့်မယ် ဆိုတာမျိုးတွေ ပြောနိုင်ပါတယ်…

လူအတော်များများက ငြင်းရခက်နေကြတယ်.. သူတို့စိတ်ထဲမှာ အဲသည်လိုငြင်းရတာကို သဘောထားသေးသိမ်တယ်.. ကူညီချင်စိတ်မရှိဘူး.. မိတ်ဆွေတွေက ကြိုက်မှာ မဟုတ်ဘူးလို့ ခံစားတတ်ကြတယ်.. ဒါပေမဲ့ ထိုက်သင့်တဲ့ အကြောင်းတရားကြောင့် နည်းလမ်းတကျငြင်းလိုက်တဲ့အတွက် သင်အချိန်ကုန် သက်သာလိမ့်မယ်.. တခြားလူတွေ ကျေနပ်စေဖို့ အရေးမပါတဲ့ အလုပ်တွေ လုပ်နေရတာမျိုး ရှိမှာ မဟုတ်တော့ဘူး.. ကိုယ့်အလုပ်ကိုယ် အာရုံစိုက်ပြီး ပီပီပြင်ပြင် လုပ်နိုင်လိမ့်မယ်.. မိတ်ဆွေတယောက်ရဲ့ အလုပ်ကို အခုမလုပ်နိုင်ဘူးဟု ပြောလိုက်တာက အခုလုပ်မယ်လို့ ပြောပြီးတော့မှ မလုပ်နိုင်တာနဲ့ စာရင် ပိုကောင်းပါသေးတယ်…

ဘယ်အချိန်မှာ ဘယ်လိုငြင်းရမယ်လို့ ရွေးချယ်ဆုံးဖြတ်တတ်တာဟာ အောင်မြင်တဲ့လူတွေရဲ့ ကျွမ်းကျင် လိမ်မာမှု တရပ်ပါပဲ…

ဘယ်အချိန်မှာ ငြင်းဖို့သင့်သလဲ…?

* အခြားတာဝန်ယူထားတဲ့ လုပ်စရာတွေရှိနေရင်..

* Myinttar ရပ်ခံချက်ဟာ သင့်ရဲ့တာဝန်ရှိမှုနဲ့ မပတ်သက်ရင်..

* လုပ်ပေးပါ့မယ်လို့ပြောလိုက်ရင် တခြားအလုပ်တွေ အောင်အောင်မြင်မြင်လုပ်နိုင်ဖို့ အခက်ကြုံလာနိုင်ရင်…

သူငယ်ချင်းတွေအားလုံး အဆင်ပြေပြေနဲ့ ငြင်းနိုင်ကြမယ်လို့ မျှော်လင့်မိပါတယ်…

About lu ta lone

lu ta lone has written 261 post in this Website..