စည်ပင် ၀န်ထမ်းများ တာဝန် ထမ်းဆောင်စဉ် အောက်စီဂျင်ပြတ် သေဆုံးခဲမှု အား “မြန်မြန်တာ သင်္ဂြလ်လိုက် ကွာ” ဟု ပြောသည့် မြို့ တော်ဝန် အား စည်ပင်ဝန်ထမ်းများ မကျေမနပ်ဖြစ်ကြသည် ဟု သိရသည်။

ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ ရေ နှင့် သန့်ရှင်းရေးဌာန (ကုက္ကိုင်း ရေပေးဝေရေးဌာနခွဲ )မှ ၀န်ထမ်းများ ဖြစ်ကြသော ဦးကျော်လင်း ( ၄၄ )နှစ်၊ ဦးစောနိုင် (၃၆)နှစ်၊ ဦးဆန်းလင်း (၃၅)နှစ်၊ ဦးအောင်ရွှေ (၃၂)နှစ် တို့သည် နိုဝင်ဘာ( ၉) ရက်နေ့က လုပ်ငန်းတာဝန်များ ဆောင်ရွက်နေစဉ် မြေအောက်(၈)ပေ အနက် တွင်ရှိသော ရေဖွင့်ခလုပ်ကို ဆင်းဖွင့်စဉ် တစ်ဦးတက်မလာသဖြင့် နောက်ထပ် တစ်ဦးစီ လိုက်ဆင်းကြရင်း ၄ ဦးစလုံး တပြိုင်နက် သေဆုံးသွားကြပါတယ်။ အဆိပ်ငွေ့မိခြင်း(သို့)အောက်စီဂျင် ပြတ်လပ်ပြီး သေဆုံးကြခြင်းဖြစ်သော်လည်း သက်ဆိုင်ရာဌာနမှ မည်သည့်သတင်းမှ မထုတ်ပြန်ခဲ့ပါဘူး ။
သရဏဂုဏ် တင်သည့်ခန်းမတွင် တစ်ခန်းလျှင် တစ်ဦးစီ စီ ထားရမည် ဖြစ်သော်လည်း ခန်းမတစ်ခုထဲတွင် ၄ဦးလုံးကို စုပြုံထားပြီး သဂြိုလ်ခဲ့သည့် အတွက် ကျန်ရစ်သူမိသားစုဝင်များ မကြေမနပ် ဖြစ်ခဲ့ကြရပါသည်။

သေဆုံးသူဝန်ထမ်း (၄)ဦးကို နိုဝင်ဘာ ၁၁ ရက်နေ့မှာ ရေဝေးသုသာန် မှာ မီးသင်္ဂြိုလ် ခဲ့ပါတယ် ။

ဒါ့အပြင် ဌာနဆိုင်ရာ အသက်ဆုံးရှုံးမှု လျှော်ကြေးကိုလည်း ပေးလျှော် ခြင်းမရှိသေးသည့် အတွက် တာဝန်ရှိသူ မြို့တော်ဝန် ဦးအောင်သိန်းလင်းအား ကျန်ရစ်သူမိသားစုများအပြင် ဘ၀တူ ၀န်ထမ်းများ ကပါ မကေsမနပ် ဖြစ်နေကြပါတယ်လို့ သိရပါတယ်ခ

မှတ်ချက် ။ ။သတင်း…ဒီမိုဝေယံ..။

About နွယ်ပင်

နွယ် ပင် has written 243 post in this Website..