မိတ်ဆွေများခင်ဗျာ..
ကျနော်တို့ မြန်မာနိုင်ငံသားတွေ အနေနဲ့ ဒေါ်စု လွတ်မြောက်တဲ့ အပေါ် ကြိုဆိုတာနဲ့ အတူ ဒေါ်အောင်ဆန်းစုကြည်ရဲ့နောက်မှာ ကျနော်တို့ တိုင်းရင်းသားပြည်သူအားလုံး အတူတကွရှိနေတယ် ဆိုတာ ပြသရန်အတွက် ပို့စကဒ်တွေ ပေးပို့တဲ့ လှုပ်ရှားမှုလေးတခုလုပ်ရန် တိုက်တွန်းလိုက်ပါတယ်။ ကိုယ်နှစ်သက်ရာ ပို့စကဒ်ပေါ်မှာ တဦးချင်းစီရဲ့ ခံစားမှုပဲဖြစ်ဖြစ် အကြံပေးမှုပဲ ဖြစ်ဖြစ် အတိုချုပ်ရေးသားပြီးတော့ …

ဒေါ်အောင်ဆန်းစုကြည်
၅၄၊ တက္ကသိုလ်ရိပ်သာလမ်း
ရန်ကုန်မြို့ ၊ မြန်မာပြည်

သို့ ပို့ပေးကြပါမည်။
အမေရိကန်မှာရှိသူများကတော့ ဒေါ်အောင်ဆန်းစုကြည် မြန်မာပြည်လိပ်စာအပြင် အမေရိကန်သံရုံးကို local postage ဖြင့် ဒီအောက်ပါလိပ်စာကိုပါ ပို့ကြပါမည်။

ဒေါ်အောင်ဆန်းစုကြည်
c/oBox B, APO AP 96546

သို့ဖြစ်ပါသဖြင့် မိမိတို့ရဲ့ Blog, Facebook, Twitter Account များမှတဆင့် တကမ္ဘာလုံးသို့ တပြိုင်နက် သတင်းပါးပေးပါရန် လေးစားစွာဖြင့်တိုက်တွန်းအပ်ပါသည်။

ကျနော်တို့အားလုံးရဲ့ အမျိုးသားခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပေါ် ချစ်ခင်မြတ်နိုးမှုကို ပြသကြရအောင်လားခင်ဗျာ။

About Zaw Wonna

Zaw Wonna has written 107 post in this Website..

မော်လမြိုင်သား ပါခင်ဗျာ။ စာဖတ်တာကို ဝါသနာပါပြီး စာရေးဖို့ ကြိုးစားနေတာပါ။ လိုအပ်ချက်တွေကို ဝေဖန်ထောက်ပြ ပေးမယ်ဆိုရင် ကျေးဇူးတင်စွာနဲ့ လက်ခံလိုပါတယ်။