မိဘနှစ်ပါး သင်ပေးခဲ့တာ .. ဘဘုန်းကြီး မှာကြားခဲ့တာ .. ၀ဋ် ဆိုတာ ရှိတယ် ..
အဲဒီ ၀ဋ် ဆိုတာ သိပ်ကြီးရင် အခုဘ၀မှာလဲ ပြန် ခံစားရတတ်တယ် .. အရင်ဘ၀ ဘ၀တွေက ဆည်းပူးခဲ့တဲ့ ကုသိုလ်တရားတွေ များခဲ့လို့ ယခုဘ၀မှာ ၀ဋ် မလိုက်ဖြစ်တာတောင်မှ နောင် ဘ၀ဘ၀ဆက်တိုင်း ဒီဝဋ်က လွတ်မှာ မဟုတ်ဘူး .. ဘုရားရဟန္တာသော်မှ ၀ဋ် ဆိုတာကို ပေးဆပ်ခဲ့ရတာ ..
ဒါကြောင့် ငါးပါးသီလကို ပါးစပ်က ရွတ်ဆိုရုံနဲ့တော့ ပြန် ပေးဆပ်လို့ မရဘူး .. ကိုးပါးသီလ စောင့်ပါတယ်ဆိုပြီး ခါးကြားက သေနတ် မချ .. ခေါင်းက ပန်း မဖြုတ် .. မျက်နှာမှာ သနပ်ခါး အဖွေးသား .. လည်ပင်းမှာ ဆွဲကြိုးကြီးနဲ့ ဆိုရင်လဲ ရလာမယ့် ကုသိုလ်က အနည်းသား ..
ဒါကြောင့် နောက်ကြောင်းအေးချင်ရင်တော့ .. အနည်းဆုံး ငါးပါးသီလ (သူ့အသက် မသတ်၊ သူ့မဲ မခိုး၊ သူများအိမ်ရာ မကျူးလွန်၊ လိမ်မပြော၊ အရက်သေရည် ရှောင်) ဆိုတာလောက်ကို .. လူကြီးလူငယ် မရွေး ရှောင်ကြဉ်ကြဖို့ ..

About moethidasoe

moe thidasoe has written 34 post in this Website..