အလှည့်ကျခွဲတမ်းစနစ်ဖြင့်သာ လျှပ်စစ်ဓာတ်အားရရှိနေသော ရန်ကုန်မြို့တော်တွင် မတ်လ နှောင်းပိုင်းမှစတင်၍ အချိန်ကြာမြင့်စွာ လျှပ်စစ် မီး ပြတ်တောက် နေခြင်းမှာ မကြခဏချွတ်ယွင်းနေသောဓာတ်ငွေ့ပိုက်လိုင်းများ အစားထိုးလဲလှယ်နေခြင်းကြောင့်ဖြစ်ပြီး အဆိုပါ ပိုက်လိုင်းများ လဲလှယ် ပြီးပါက လျှပ်စစ်ဓာတ်အားတိုးမြှင့်ရရှိမည်ဟု ရန်ကုန်မြို့တော်လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့ တာဝန်ရှိပုဂ္ဂိုလ်တစ်ဦးက ပြောကြားသည်။ “MOGE ကပိုင်လိုင်းတွေအစားထိုးလဲလှယ်မယ်ဆိုတာ အကြောင်းကြားထားပါတယ်။ ဧပြီဆန်းပိုင်းမှာ အပြီးလုပ်မယ်လို့ စာထဲမှာပါတယ်” ဟု ၄င်း ကဆိုသည်။

မြန်မာနိုင်ငံတွင် အကြီးဆုံးရေအားလျှပ်စစ်စီမံကိန်းဖြစ်သည့် ရဲရွာရေအားလျှပ်စစ်စီမံကိန်း၏ တာဘိုင်နှင့် ဂျင်နရေတာ လေးလုံး အ နက် တစ်လုံးသည် ဖေဖော်ဝါရီနှောင်းပိုင်းတွင် စတင်လည်ပတ်ခဲ့ရာ ၉၇ မဂ္ဂါဝပ်ထုတ်လုပ်နိုင်ကြောင်း နိုင်ငံပိုင်သတင်းမီဒီယာများတွင် ဖော်ပြပြီး နောက် ရန်ကုန်မြို့တော်တွင် လျှပ်စစ်ဓာတ်အားတိုးမြှင့်ရရှိခဲ့သော်လည်း ရက်သတ္တနှစ်ပတ်ခန့်အကြာတွင် အချိန်ကြာမြင့်စွာ လျှပ်စစ်မီး ပြတ် တောက်မှုများ ဖြစ်ပေးခဲ့ကြောင်း ရန်ကုန်မြို့ခံများက တညီတညွတ်တည်းပြောကြားသည်။ ရန်ကုန်မြို့တော်၏ လျှပ်စစ်ဓာတ်အားပေးဝေမှု အခြေ အနေမှာ သဘာဝဓာတ်ငွေ့ရရှိမှုအခြေအနေနှင့် ဓာတ်အားဝင်ရောက်မှုအခြေအနေပေါ်တွင်သာ မူတည်ကြောင်း ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ် အားပေးရေးအဖွဲ့မှ အကြီးတန်းအင်ဂျင်နီယာတစ်ဦးက အတည်ပြုပြောကြားသည်။ မြန်မာတစ်နိုင်ငံလုံး၏ လျှပ်စစ်ဓာတ်အားသုံးစွဲမှု ထက်ဝင် ကျော် ရှိသော ရန်ကုန်မြို့တော်အား လျှပ်စစ်ဓာတ်အားလုံလောက်စွာ ဖြန့်ဝေနိုင်ရေးအတွက် မုတ္တမကမ်းလွန်မှထွက်ရှိသောသဘာဝဓာတ်ငွေ့ များကို ဖျာပုံမြို့နယ် ဒေါ်ငြိမ်းကျေးရွာမှတစ်ဆင့် ၂၄ လက်မ သဘာဝဓာတ်ငွေ့ပိုက်လိုင်းဖြင့် သွယ်တန်းနေရာ မိုင် ၈၀ ကျော် ပြီစီးနေပြီး မိုးမကျမီ အပြီးသွယ်တန်းမည်ဖြစ်ကြောင်း ၂၀၁၀ ခုနှစ် ဧပြီလ ၅ ရက်နေ့ထုတ် The Voice ဂျာနယ်တွင်ဖော်ပြထားပါသည်။

About Bayote

Bayote has written 395 post in this Website..