နိုင်ငံကျော် ရုပ်ရှင်မင်းသား အကယ်ဒမီ လွင်မိုးက ကြံ့ဖွတ်အမတ်လောင်း ယုဇန ကုမ္ပဏီပိုင်ရှင် ဦးဌေးမြင့်ကို မဲထည့်ခဲပါတယ်လို့ လျှပ်တပြက်ဂျာနယ်ကို ဖြေကြားလိုက်ပါတယ်။

ဦးဌေးမြင့်က တနင်္သာရီတိုင်း မြိတ်မြို့ ပြည်သူ့လွှတ်တော်မှာ ကြံ့ဖွတ်ပါတီ အမတ်လောင်းအဖြစ် ၀င်ပြိုင်ခဲ့သူပါ။ လွင်မိုးဟာ “ကြံ့ဖွတ်ပါတီဟာ အင်အားကြီးတာမို့ နိုင်မယ်ဆိုတာ သိပြီးသားပါ” တဲ့။ ဒါကြောင့် ရန်ကုန်ကနေ မြိတ်အထိ သွားပြီး မဲပေးခဲ့တယ်လို့ ဆိုသဗျ။

လွင်မိုးလိုပဲ မြိတ်မြို့ဇာတိတွေဖြစ်တဲ့ အကယ်ဒမီ မေသန်းနုနဲ့ ဇူးဇူးမောင်တို့ကလည်း သူတို့မြို့ကို ပြန်ပြီး မဲထည့်ခဲ့ကြတယ်တဲ့။ သူတို့ကတော့ ဘယ်သူ့ကို မဲထည့်သလဲ မပြောကြပါဘူး။

ဒါကတော့ ပေါ်ပြူလာဂျာနယ်နဲ့ အင်တာဗျူးပါ။

“ကျွန်တော် မြိတ်ကိုသွားပြီး မဲပေးဖြစ်ပါတယ်။ ဘယ်ပါတီကို ပေးဖြစ်လဲဆိုတာကတော့ မပြော တော့ပါဘူး။ ကျွန်တော် မဲသွားပေး ဖြစ်တဲ့အချိန်မှာ ဖြစ်နိုင်မယ့်သူ၊ လုပ် နိုင်မယ့်သူကို ရွေးချယ်ပြီး လွတ် လွတ်လပ်လပ်ပေးဖြစ်ခဲ့ပါတယ်။ အဲဒီလို လွတ်လွတ်လပ်လပ်နဲ့ ရွေး ချယ်ပေးရတဲ့ ခံစားချက်မျိုးကို အကြာကြီး မခံစားခဲ့ရပါဘူး။ အခု အချိန်မှာ နောက်ဖြစ်လာမယ့် ပါတီ တွေရဲ့ လုပ်ဆောင်မယ့်အရာတွေ ကို မြင်နေရပါပြီ။ နောက် ၅ နှစ် နေရင် နောက်ထပ်ရွေးကောက်တင် မြှောက်မယ့်ပွဲကြီးကိုလည်း ထပ်မံ ကျင်းပရင် ထပ်မံပြီးမဲပေးကြရပါ ဦးမယ်။ ဒီလိုမျိုး ဖြစ်တာကလည်း နိုင်ငံသားတို့ရဲ့ အခွင့်အရေးတစ်ခု ပါပဲ။ နောက်ဒီရွေးကောက်ပွဲကြီး ပြီးရင် မြန်မာနိုင်ငံကို စီးပွားရေး ပိတ် ဆို့ထားတဲ့နိုင်ငံတွေ၊ ပြည်ပက မြန်မာနိုင်ငံအပေါ် အမြင်လွဲတိုက် ခိုက်နေတဲ့မီဒီယာတွေ၊ နိုင်ငံခြားမှာ နေကြတဲ့ မြန်မာနိုင်ငံသားတွေရဲ့ ဆန့်ကျင်မှုတွေဟာအမြင်ပြောင်းလဲ လာမယ်ဆိုတာကို ခံစားသိမြင် နေရပါပြီ”

ရွေးကောက်ပွဲကြိုကာလကတည်းက လွင်မိုးဟာ တွံတေး၊ ကွမ်းခြံကုန်း၊ ကော့မှူးဘက်မှာဝင်ပြိင်မယ့် ဇေကမ္ဘာကုမ္ပဏီပိုင်ရှင် ဦးခင်ရွှေရဲ့ မဲဆွယ်ခရီးမှာလည်း လိုက်ပေးခဲ့သေးသဗျ။

သူက ဧရာဝတီမဂ္ဂဇင်းနဲ့ အင်တာဗျူးတခုမှာဆိုရင် “ဒါဟာ ပထမဦးဆုံး မြန်မာနိုင်ငံရဲ့ အခွင့်အရေးတခုပါ။ အစိုးရကနေ နိုင်ငံတော်ကို ပြုပြင်ပြောင်းလဲရေး လုပ်ပေးတဲ့သဘောပေါ့လေ”တဲ့ဗျ။

ကဲ ကိုလွင်မိုးမဲပေးခဲ့တဲ့ ကြံ့ဖွတ်ပါတီကြီးကတော့ တနိုင်ငံလုံးမှာ ၇၆ ရာခိုင်နှုန်းကျော်နဲ့ နိုင်သွားကြောင်း ကော်မရှင်က
ကြေညာခဲ့ပါပြီ။ သူမဲပေးရကျိုး နပ်သွားတယ်ထင်ပါ့။

Myanmar Celebrity ဆိုဒ်မှာတော့ ဒီသတင်းတင်ထားတာ။ ပရိသတ်တွေက ကွန်မန့်တွေနဲ့ ကောင်းချီးသြဘာ ပေးနေလေရဲ့။ မန္တလေးဂေဇက်က ကျနော့် မိတ်ဆွေများကရော ဘာများပြောချင်ကြပါလိမ့်…
အားလုံးကို လေးစားလျှက်

Good Idea

About Good Idea

Good Idea has written 144 post in this Website..

လူ့ဘ၀ဟာ ခဏလေးပါ။ အသုံးချတတ်ပါစေ။

   Send article as PDF