သနားစရာ ကြောင်မလေး

သူက ကိုယ်ဝန်ကြီးနဲ့

အခုတလော ထူးခြားတာလေးတွေမြင်ရင် ပြန်လည်မျှဝေပေးချင်တဲ့ စေတနာအလျှောက် လမ်းဘေးမှ ကြောင်ကလေးတွေကို ဓါတ်ပုံရိုက်ပြီး ပြလိုက်ပါတယ်။ ကျွန်မက တရုတ်နိုင်ငံနေရာတော်တော်များများကို လျှောက်သွားဖူးတော့ ကြောင်လေကြောင်လွင့်တွေအကြောင်း သတိထားမိတာကြာလှပါပြီ။ အခုတော့ တိုက်ဆိုင်တာနဲ့ ဈေးအသွားလမ်းမမှာတွေ့တယ့် ကြောင်ကို ဓါတ်ပုံရိုက်ပြလိုက်တယ်။ တရုတ်ပြည်က လူနေရပ်ကွက်တွေမှာ သစ်ပင်တွေကို အ၀ိုင်းကြီးတွေညှပ်ထားတဲ့ အပင်အလှတွေ အများကြီးရှိတယ် .. အဲဒီလို အပင်တွေရဲ့အတွင်းပိုင်းတွေမှာ ကြောင်တွေက နေကြတယ် .. ကလေးလဲ အဲဒီမှာပဲမွေးတယ် … တရုတ်မတွေက တိုက်ပေါ်က အမှိုက်ဆင်းပစ်တဲ့အခါ စားကျွင်းစားကျန်တွေကို အဲဒီကြောင်တွေကို သေသေချာချာချကျွေးပါတယ် … ကြောင်ကလေးတွေက ၀၀ဖြိုးဖြိုးပါပဲ … ရာသီဥတုအေးတော့ အမွှေးတွေလဲ ထူထပ်နေတယ် … လူတွေကိုကြောက်တဲ့ ခပ်ရိုင်းရိုင်းကြောင်လေးတွေပါ …

ခွေးတွေကိုကျတော့ တယုတယနဲ့ သေသေချာချာမွေးကြတယ် … အဲဒီကြောင်ကလေးတွေကို မြင်မိတိုင်း သနားမိတယ် … တစ်ချို့စားသောက်ဆိုင်တွေမှာတော့ ကြောင်မွေးထားထာမြင်ဖူးတယ် .. ဒါပေမယ့် ကြောင်ကို လည်ပတ်နဲ့ တိုင်မှာအမြဲချည်ထားတာကလဲ အံ့သြစရာပါ ..

ကြောင်ဖြစ်တာတောင်မှ တရုတ်ပြည်မှာကြောင်ဖြစ်ရတာ မသက်သာပါကြောင်း ….

weiwei

About weiwei

weiwei has written 367 post in this Website..

မင်္ဂလာပါ ....